Home ထိပ်တန်းသတင်း နအဖ၏ နိုင်ငံ‌တော် အလံသစ် NCGUB အလံနှင့် တထပ်တည်း တူ‌နေ

နအဖ၏ နိုင်ငံ‌တော် အလံသစ် NCGUB အလံနှင့် တထပ်တည်း တူ‌နေ

1982
‌အောက်တိုဘာလ ၂၅ရက်။ ‌ကေအိုင်စီ

နအဖ စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေအရ ‌ရေးဆွဲသတ်မှတ်လိုက်သည့် မြန်မာနိုင်ငံ‌တော်အလံသစ်သည် ပြည်ပအ ‌ခြေစိုက် မြန်မာနိုင်ငံအမျိုးသားညွှန့်‌ပေါင်းအစိုးရ(NCGUB)၏ အလံနှင့် တထပ်တည်းတူ‌နေသည်ဟု သတင်းများ ထွက်‌ပေါ်လျှက် ရှိသည်။

နအဖ စစ်အစိုးရသည် ‌အောက်တိုဘာလ ၂၁ရက်၊ မွန်းလွဲ ၃း၃ဝနာရီအချိန်တွင် အဝါ‌ရောင်၊ အစိမ်း‌ရောင်၊ အနီ‌ရောင်ခြယ်ထားပြီး အလယ်ဗဟို၌ အဖြူ‌ရောင်ကြယ်ကြီးတစ်လုံးပါရှိသည့် မြန်မာနိုင်ငံ‌တော် အလံသစ်ကို ယတြာသ‌ဘောဖြင့် ဗုဒ္ဓဟူးသားသမီးများ အား တင်‌စေ၍ လက်ရှိအသုံးပြု‌နေ‌သော မြန်မာနိုင်ငံအလံကို အဂင်္ါ‌နေ့သားသမီးများအား ချ‌စေကာ မီးရှို့ဖျက်ဆီး‌စေခဲ့သည်။

တနိုင်ငံလုံး အခမ်းအနားဖြင့် လွှင့်တင်ပြီးစီးခဲ့သည့် အဆိုပါ မြန်မာနိုင်ငံ‌တော် အလံသစ်မှာ NCGUB ၏ အလံနှင့် ထပ်တူထပ်မျှဖြစ် ‌နေ‌ကြောင်း ယခုလို သတင်းထွက်‌ပေါ်လာခဲ့ခြင်း ဖြစ်သည်။

NCGUB နိုင်ငံခြား‌ရေးဝန်ကြီး ဦးဘိုလှတင့်က နအဖ စစ်အစိုးရ၏ မြန်မာနိုင်ငံအလံသစ်နှင့် NCGUB အလံတူညီ‌နေရသည့်အ ‌ကြောင်းနှင့် ပတ်သက်၍ အတိအကျ မ‌ပြောနိုင်‌သော်လည်း တိုက်ဆိုင်မှုဖြစ်‌စေ၊ ‌လေ့လာမှုအားနည်းသည်ဖြစ်‌စေ အကယ်၍ စစ် အစိုးရက သိလျှက်နှင့် လုပ်‌ဆောင်ခဲ့သည်ဆိုပါက မိမိတို့အလံအား ခိုးယူရာ‌ရောက်‌ကြောင်း ဘီဘီစီသတင်းဌာနကို ‌ပြောဆိုသည်။

၁၉၉ဝခုနှစ်၊ ဒီဇင်ဘာလ ၁၈ရက်‌နေ့တွင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ မာနယ်ပ‌လောဌာနချုပ်၌ NCGUB ကို စတင် ဖွဲ့စည်းခဲ့ပြီး‌နောက် ၁၉၉၂ခုနှစ်တွင် NCGUB က ဝါ၊ စိမ်း၊ နီအ‌ရောင်နှင့် ကြယ်ဖြူကြီးတလုံးပါရှိ‌သော အဆိုပါအလံကို အဖွဲ့ ၏အလံအဖြစ် ယခုအချိန်ထိ သတ်မှတ်အသုံးပြုလာခဲ့သည်။

NCGUB အလံ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အဝါ‌ရောင်သည် ကြီးမြတ်ခြင်း၊ ဂုဏ်‌ရောင်‌ပြောင်ခြင်းနှင့် ဘာသာ၊ သာသနာကို ရည် ညွှန်းပြီး အစိမ်း‌ရောင်သည် စပါးဆန်‌ရေ‌ပေါများခြင်း၊ သာယာဝ‌ပြောခြင်း၊ အနီ‌ရောင်သည် ရဲရင့်ခြင်း၊ တည်ကြည်ခြင်း၊ သူရသတ္တိ ‌ပြောင်‌မြောက်ခြင်း၊ အဖြူ‌ရောင်ကြယ်ဖြူကြီးသည် ဖြူစင်ခြင်း၊ နယ်ချဲ့‌တော်လှန်‌ရေးနှင့် စစ်အာဏာရှင်စနစ် ‌တော်လှန်‌ရေး၏ အ ထိမ်းအမှတ်ဖြစ်‌ကြောင်း NCGUB ဖွဲ့စည်းတည်‌ထောင်ခြင်း ၁ဝနှစ်‌မြောက်စာအုပ်တွင် ‌ဖော်ပြပါရှိသည်။

အလားတူ နအဖ၏ မြန်မာနိုင်ငံအလံသစ်၏ အဓိပ္ပါယ်အရ အဝါ‌ရောင်သည် ဘာသာ၊ သာသနာနှင့် ပညာတိုးတက်ခြင်း၊ အစိမ်း ‌ရောင်သည် စပါးဆန်‌ရေ၊ ကျွဲနွားနှင့် အ‌ထွေ‌ထွေ‌ပေါများခြင်း၊ အနီ‌ရောင်သည် ရဲရင့်‌သော စိတ်ဓာတ်ခွန်အား၊ အဖြူ‌ရောင်ကြယ် ကြီးသည် ပြည်‌ထောင်စုကို ကိုယ်စားပြု‌ကြောင်း ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ‌ရေးဆွဲခဲ့စဉ်က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်‌ရေးရရှိခဲ့သည်အချိန်မှ ယခုအချိန်ထိ လက်ရှိ နအဖ၏ နိုင်ငံ‌တော်အလံသစ် အပါအဝင် အလံသုံးခု အသုံးပြုခဲ့ပြီးဖြစ်သည်။ ၁၉၄၈ခုနှစ် လွတ်လပ်‌ရေးရပြီးကာလ အနီ‌ရောင်၊ အပြာ‌ရောင်၊ ကြယ်ဖြူငါးလုံးအလံ၊ ၁၉၇၄ ခုနှစ်မှ ၂၀၁ဝ ‌အောက်တိုဘာလအထိ အလံမှာ အနီ‌ရောင်၊ အပြာ‌ရောင်၊ အရွယ်တူကြယ်ဖြူ ၁၄လုံး၊ စပါးနှံနှင့် ‌ခွေးသွားစိပ်အ မှတ်အသားပါ အလံနှင့် ယခု နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံအလံတို့ ဖြစ်ကြသည်။

နအဖ စစ်အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ သတ်မှတ်ထား‌သော မြန်မာနိုင်ငံ‌တော်အလံသစ်ကို တနိုင်ငံလုံး အ တိုင်းအတာ လွှင့်ထူနိုင်ရန် ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂၂ရက်‌နေ့က အလံ ၂သိန်းခွဲ စီစဉ်ထုတ်‌ဝေခဲ့သည်။

မြန်မာနိုင်ငံအမျိုးသားညွှန့်‌ပေါင်းအစိုးရ (NCGUB) အလံနှင့် နအဖ စစ်အစိုးရအလံတို့ ယခုလို တူညီ‌နေသည့်အ‌ပေါ် ပြည်တွင်း ပြည်ပရှိ နိုင်ငံ‌ရေး‌လေ့လာသုံးသပ်သူများအကြား အမြင်သ‌ဘောထား အမျိုးမျိုးထွက်‌ပေါ်လျှက်ရှိသည်။