Home ထိပ်တန်းသတင်း ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီး မယ်လဒုက္ခသည်စခန်း လာ‌ရောက်

ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီး မယ်လဒုက္ခသည်စခန်း လာ‌ရောက်

1877
‌အောက်တိုဘာ ၂၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီး မစ္စတာ ကာဆစ်ပီရွန်းသည် ယ‌နေ့ မွန်းလွဲပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းသို့ လာ‌ရောက်ပြီး သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များနှင့် စခန်းတာဝန်ရှိသူအား လက်ခံ‌တွေ့ဆုံခဲ့သည်ဟု သိရသည်။

နိုင်ငံခြား‌ရေးဝန်ကြီး မစ္စတာ ကာဆစ်ပီရွန်းနှင့် ဒု-နိုင်ငံခြား‌ရေးဝန်ကြီး ဦး‌ဆောင်သည့်အဖွဲ့သည် ယ‌နေ့ မွန်းလွဲ ၂နာရီ‌ကျော်အ ချိန်တွင် မယ်လဒုက္ခသည်စခန်းသို့ ‌ရောက်ရှိလာပြီး တာ့ခ်ခရိုင်ဥက္ကဌ အပါအဝင် စခန်းအာဏာပိုင်များနှင့် စခန်းတာဝန်ရှိသူ များကို လက်ခံ‌တွေ့ဆုံခဲ့‌ကြောင်း မယ်လစခန်းဥက္ကဌ ‌စောထွန်းထွန်းက ‌ပြောသည်။

“သူတို့လာတာက ပထမအဆင့်အ‌နေနဲ့က‌တော့ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်‌တွေဖြစ်ကြတဲ့ ခရိုင်ဥက္ကဌနဲ့ စခန်းအာဏာပိုင် ‌တွေနဲ့ ‌တွေ့ဆုံပြီး‌တော့ ‌နောက်ဆုံး ကျ‌နော်တို့ စခန်းတာဝန်ရှိသူ (၁၄)‌ယောက်ကို MOI ရုံးမှာ လက်ခံ‌တွေ့ဆုံတယ်။ လာတဲ့ ခရီးစဉ်က‌တော့ ဒုက္ခသည်‌တွေအ‌နေနဲ့ စိုးရိမ်ပူပန်မှု‌တွေမရှိ‌အောင် ထိုင်းအစိုးရရဲ့ သ‌ဘောထားအမှန်ကို လာ‌ရောက်‌ပြောပြ သွားတာ ဖြစ်ပါတယ်။”ဟု ‌စောထွန်းထွန်းက ‌ပြောသည်။

ဝန်ကြီးနှင့်အဖွဲ့သည် ယ‌နေ့ည‌နေ (၄)နာရီအချိန်မှစ၍ စခန်းတာဝန်ရှိသူများနှင့် မိနစ် (၂၀)ကြာ လက်ခံ‌တွေ့ဆုံရာတွင် မြန်မာ ဒုက္ခသည်များကို ပြန်ပို့မည့် ကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီး၏‌ပြောကြားချက်ကို ‌စောထွန်းထွန်းက “ဝန်ကြီးက ‌ပြောတာ‌ပေါ့။ ဒုက္ခ သည်‌တွေကို ပြန်ပို့မယ့်ကိစ္စရပ်‌တွေက‌တော့ ‌လော‌လောဆယ် ထိုင်းအစိုးရမှာ သ‌ဘောထားမရှိပါဘူး‌ပေါ့။ ဒုက္ခသည်‌တွေရဲ့ လုံ ခြုံမှု၊ ဒုက္ခသည်‌တွေရဲ့ အဆင်သင့်ဖြစ်မှု မရှိဘဲနဲ့‌တော့ ထိုင်းအစိုးရအ‌နေနဲ့ အတင်းအကြပ်ပြန်ပို့မှာ မဟုတ်ပါဘူး‌ပေါ့။ ဒုက္ခ သည်‌တွေ လုံခြုံမှုရှိမှ၊ အဆင်သင့်ရှိမှ ပြန်ပို့မယ်။”ဟု ‌ပြောသည်။

ထို့အပြင် နအဖ စစ်အစိုးရ ကျင်းပမည့် ၂၀၁၀‌ရွေး‌ကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ‌ရွေး‌ကောက်ပွဲ မဟုတ် ‌ကြောင်း တကမ္ဘာလုံးက ရှုမြင်ကြ‌သော်လည်း ‌ရွေး‌ကောက်ပွဲက‌နေတဆင့် ဒီမိုက‌ရေစီအသွင်ကူး‌ပြောင်းရန်အတွက် ပထမ ‌ခြေ လှမ်းဖြစ်နိုင်သည်ဟု ဝန်ကြီးက ထိုင်းနိုင်ငံ‌ရေးအ‌ခြေအ‌နေနှင့် နှိုင်းယှဉ်‌ပြောဆိုသွားခဲ့‌ကြောင်း သိရသည်။

နိုင်ငံခြား‌ရေးဝန်ကြီးအ‌နေဖြင့် တာ့ခ်ခရိုင်ဥက္ကဌနှင့် စခန်းဆိုင်ရာ ထိုင်းအာဏာပိုင်များနှင့် ‌တွေ့ဆုံရာတွင် မည်သည့်အ‌ကြောင်း များ ‌ဆွေး‌နွေးသွားသည်ကို မသိရ‌သော်လည်း ယခုလို နိုင်ငံခြား‌ရေးဝန်ကြီးလာ‌ရောက်သည့်အ‌ပေါ် ဒုက္ခသည်များ၏ လိုအပ် ချက်များ သိရှိနားလည်သွားသည့်အပြင် ဒုက္ခသည်များကို ကူညီ‌ထောက်ပံ့‌ပေး‌နေသည့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း အကူအညီများ မဖြတ်‌တောက်သင့်သည်များကို ပို၍နားလည်လာလိမ့်မည်ဟု ‌မျှော်လင့်‌ကြောင်း စခန်းဥက္ကဌက ‌ပြောသည်။

အဖွဲ့ဝင် ၂၀‌ကျော်ပါရှိသည့် နိုင်ငံခြား‌ရေးဝန်ကြီး ဦး‌ဆောင်သည့်အဖွဲ့သည် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များနှင့် စခန်းတာ ဝန်ရှိသူများအား ‌တွေ့ဆုံခဲ့ပြီး‌နောက် ည‌နေ ၅း၃ဝအချိန်တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

လူဦး‌ရေ (၅)‌သောင်း‌ကျော်‌နေထိုင်လျှက်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် နိုင်ငံခြား‌ရေးဝန်ကြီး၏ ယခု ခရီးစဉ်သည် ဒုတိယ အကြိမ်‌မြောက်ဖြစ်ပြီး လွန်ခဲ့သည့် (၃)နှစ်က အတိုက်အခံ ‌ခေါင်း‌ဆောင်တဦးအဖြစ် လာ‌ရောက်ခဲ့ဖူးသည်ဟု သိရသည်။

မစ္စတာကာဆစ်သည် ယခုလ ၃ရက်‌နေ့က အ‌မေရိကန်နိုင်ငံ နယူး‌ယော့ခ်မြို့တွင် ပြုလုပ်သည့် Asia Society Forum တွင် မြန်မာဒုက္ခသည်များကို ပြန်လည် ပို့‌ဆောင်မည်ဟု ‌ပြောဆိုသွားခဲ့‌ကြောင်း သတင်းဌာနများက ‌ဖော်ပြခဲ့ကြသည်။