Home ထိပ်တန်းသတင်း တစ်လ‌ကျော်အတွင်း အပစ်ရပ်ကရင်အဖွဲ့နှစ်ဖွဲ့မှ အင်အား ၅၉ဦး KNU နှင့် ပူး‌ပေါင်းခဲ့

တစ်လ‌ကျော်အတွင်း အပစ်ရပ်ကရင်အဖွဲ့နှစ်ဖွဲ့မှ အင်အား ၅၉ဦး KNU နှင့် ပူး‌ပေါင်းခဲ့

1994
‌အောက်တိုဘာလ ၇ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

နယ်ခြား‌စောင့်တပ်(BGF)နှင့် ‌ကေအဲန်ယူ-‌ကေအဲန်အယ်လ်‌အေ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ(KPC)မှ တပ်ဖွဲ့ဝင် ၅၉ဦးသည် ဩဂုတ်လကုန်ပိုင်းမှစ၍ စက်တင်ဘာလကုန်အထိ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နှင့် လာ‌ရောက်ပူး‌ပေါင်း ခဲ့‌ကြောင်း KNU ဘက်က ထုတ်‌ဖော်‌ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၈ရက်‌နေ့က တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော်(DKBA) နယ်ခြား‌စောင့်အဖြစ် အသွင်‌ပြောင်းခဲ့သည့်‌နောက်ပိုင်းမှစ၍ စက်တင်ဘာလကုန်အထိ နယ်ခြား‌စောင့်တပ်ဖွဲ့မှ ၃၉ဦး၊ ဗိုလ်မှူးချုပ်‌စောထင်‌မောင် ဦးစီးသည့် ငြိမ်းချမ်း‌ရေး‌ကောင်စီမှ တပ်ဖွဲ့ဝင် ၂ဝဦးတို့သည် လက်နက်ခဲယမ်း အပြည့်အစုံဖြင့် လာ‌ရောက်ပူး‌ပေါင်းခဲ့သည်ဟု KNU တပ်မဟာ(၆)က သတင်းနှင့် ပြန်ကြား‌ရေးဌာန တာဝန်ခံက ယခုလို ‌ပြောသည်။

KNU တပ်မဟာ(၆) သတင်းနှင့် ပြန်ကြား‌ရေးတာဝန်ခံ ဗိုလ်ကြီး‌စောထဲ‌နေက “ဒီ‌ကေဘီ‌အေ နယ်ခြား‌စောင့်‌ပြောင်းပြီးတဲ့ တစ် ရက်နှစ်ရက် အ‌တောအတွင်းမှာပဲ BGF တပ်ရင်း(၁၀၂၁) တပ်ဖွဲ့ဝင် အ‌ယောက်(၃၀) လက်နက်အပြည့်အစုံနဲ့ ကျ‌နော်တို့ တပ် ရင်း(၁၈)ဆီကို လာပူး‌ပေါင်းတယ်။ ‌နောက်ပြီး စက်တင်ဘာလ ၁၈ရက်မှာ မန်းအထူး ဦး‌ဆောင်တဲ့ KPC အဖွဲ့က အ‌ယောက် ၂ဝဟာ လက်နက်အပြည့်အစုံနဲ့ KNDO တပ်ရင်း(၆)မှာ လာ‌ရောက်ပူး‌ပေါင်းတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ရက်‌နေ့မှာ BGF (၁၀၂၁)တပ်ရင်းကပဲ (၉)‌ယောက် ကျ‌နော်တို့ တပ်ရင်း(၁၈)ထံ ထပ် ‌ရောက်လာတယ်။”ဟု ‌ပြောသည်။

ယခု လာ‌ရောက်ပူး‌ပေါင်းသည့် BGF (၁၀၂၁) တပ်ရင်း၏ တပ်ရင်းမှူးမှာ ဗိုလ်မှူး‌စောဘီလူးဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လ (၂၁) ရက်‌နေ့က ‌ကော့ကရိတ်မြို့နယ် ဖာသိမ်‌ကျေးရွာတွင် တပ်အင်အား ၃၀၀‌ကျော်ဖြင့် ဒီ‌ကေဘီ‌အေမှ နယ်ခြား‌စောင့်အသွင် ကူး ‌ပြောင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ‌ကေအဲန်ယူနှင့် လာ‌ရောက်ပူး‌ပေါင်းသူများကို ဆက်သွယ်‌ရေးအခက်အခဲ‌ကြောင့် ဆက်သွယ်‌မေးမြန်း၍ မရရှိ‌သော် လည်း ၎င်းတို့ နယ်ခြား‌စောင့်တပ်ကူး‌ပြောင်းရန် လက်ခံစဉ် အထက်လူကြီးများ၏ အမိန့်ကို မလွန်ဆန်နိုင်‌သော‌ကြောင့် လက် မှတ်‌ရေးထိုးခဲ့ရသလို နအဖ စစ်အစိုးရကို အယုံအကြည်မရှိ‌သော‌ကြောင့် ယခုလို လာ‌ရောက်ပူး‌ပေါင်းခြင်းဖြစ်‌ကြောင်း ဗိုလ်ကြီး ‌စောထဲ‌နေက တဆင့် ပြန်လည်‌ပြောပြသည်။

နယ်ခြား‌စောင့်တပ်အသွင်ကူး‌ပြောင်း‌ရေးကို ငြင်းဆန်‌နေသည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ တပ်မှူးတစ်ဦးက “နအဖဘက်က အတင်းအကြပ် ဘာမှမလုပ်‌သေးတဲ့အချိန်မှာ တချို့လူ‌တွေက အ‌ခြေအ‌နေကို ‌စောင့်ကြည့်‌နေတဲ့‌ကောင်‌တွေရှိသလို တချို့လူ ‌တွေက ကိုယ်အချိတ်အဆက်နဲ့ကိုယ် ပြန်လာတာလည်း ရှိတယ်။ ‌စောဘီလူးတပ်ရင်းမှာဆိုရင် ဆန္ဒမပါဘဲ လက်မှတ်ထိုးရတဲ့ လူ‌တွေပဲ များတယ်။ အဲဒါ‌ကြောင့် ‌နောက်ထပ် ပြန်လာဖို့ အများကြီး ရှိအုံးမယ်။”ဟု ‌ပြောသည်။

KNU တပ်မဟာ(၇)ဘက်တွင်လည်း DKBA နယ်ခြား‌စောင့်တပ်အဖြစ် ကူး‌ပြောင်းခဲ့ပြီး တလ‌ကျော်အတွင်း BGF တပ်ဖွဲ့ဝင် ၂၁ ဦးနှင့် KPC မှ ၁ဝဦး‌ကျော် လာ‌ရောက်ပူး‌ပေါင်းခဲ့ပြီဖြစ်သည်ဟု KNU တပ်မဟာ(၇)က ‌ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းတွင် ‌စောသုမုဟဲ ဦးစီး‌သော ‌ဟောင်သ‌ရော ငြိမ်းချမ်း‌ရေးအဖွဲ့မှ တပ်ရင်း (၁)ရင်း အပါအဝင် တိုး တက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(ဒီ‌ကေဘီ‌အေ)မှ တပ်ရင်း ၁၂ရင်း နယ်ခြား‌စောင့်တပ်‌ပြောင်းခဲ့ပြီး ၎င်းနယ် ခြား‌စောင့်တပ်မှ တပ်မှူးတပ်သားထက်ဝက်ခန့်သည် လက်ရှိအချိန်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲဂလိ‌ကျေးရွာနှင့် သထုံမြို့နယ်တို့တွင် အုပ်စုနှစ်စုခွဲကာ စစ်သင်တန်းတက်‌ရောက်လျှက်ရှိသည်။