Home ထိပ်တန်းသတင်း ကရင်ဒုက္ခသည်စခန်းနှစ်ခုတွင် H1N1 လူနာ ၅ဦး ‌တွေ့ရှိ

ကရင်ဒုက္ခသည်စခန်းနှစ်ခုတွင် H1N1 လူနာ ၅ဦး ‌တွေ့ရှိ

2182
‌အောက်တိုဘာလ ၉ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မဲ‌ဟောင်‌ဆောင်ခရိုင်ရှိ မယ်ရာမိုနှင့် မယ်လအူး ကရင်ဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့်အပတ်မှစ၍ တုပ် ‌ကွေး‌ရောဂါဖြစ်ပွားခဲ့ရာ AH1N1 ‌ခေါ် Swine Flu ‌ရောဂါပိုးရှိသူ လူနာ ၅ဦးကို စမ်းသပ်‌တွေ့ရှိခဲ့သည်ဟု ‌ကေအိုင်စီက စုံစမ်းသိ ရှိရသည်။

တုပ်‌ကွေး‌ရောဂါဖြစ်ပွားမှုမှာ အရှိန်အဟုန် မြင့်တက်လာသဖြင့် အဆိုပါစခန်းနှစ်ခုတွင် ဒုက္ခသည်များကို ကျန်းမာ‌ရေးနှင့် ‌ဆေး ဝါးများ ကူညီ‌ပေး‌နေသည့် (Malteser International-MI) ‌ဆေးဝန်ထမ်းများ၏ စစ်‌ဆေးချက်အရ မယ်လအူးစခန်းမှ ဆယ် ‌ကျော်သက်လူငယ် ၃ဦးနှင့် မယ်ရာမိုစခန်းမှ လူကြီး ၂ဦးတွင် Swine Flu ‌ရောဂါပိုး ‌တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မယ်ရာမိုစခန်း ‌ဆေးရုံတာဝန်ခံ ‌စောဂူဂူးက ‌ကေအိုင်စီကို ‌ပြောသည်။

ဆရာ‌စောဂူဂူးက “သူတို့(MI)က H1N1 စစ်တဲ့ ကိရိယာ ၅ခု ယူလာတယ်။ ၂ခုက မယ်ရာမိုကို ‌ပေးတယ်။ ‌နောက် ၃ခုက‌တော့ မယ်လအူးကို ‌ပေးတယ်။ အဲဒီကိရိယာငါးခုနဲ့ အ‌ခြေအ‌နေဆိုးတဲ့ လူနာငါး‌ယောက်ရဲ့ တံ‌ထွေးကိုယူပြီး ချင်းမိုင်မှာ ပြန်ယူသွား စစ်‌ဆေးတယ်။ သုံး‌လေးရက်ကြာ‌တော့ အ‌ဖြေပြန်လာတယ်။ စစ်တဲ့လူ‌တွေ အကုန်လုံးဟာ H1N1 positive ပဲ။”ဟု‌ပြောသည်။

လူဦး‌ရေ နှစ်‌သောင်းနီးပါးရှိသည့် မယ်ရာမိုစခန်းတွင် လူကြီးလူငယ်မကျန် တုပ်‌ကွေး‌ရောဂါ ကူးစက်ဖြစ်ပွားခဲ့‌သော်လည်း ယခု အချိန်တွင် ‌ရောဂါကူးစက်မှုနှုန်းမှာ အနည်းငယ် ‌လျော့နည်းလာသည်ဟုလည်း သူက ဆက်လက်‌ပြောဆိုသည်။

“ဖြစ်တာ‌တော့ လူကြီးလူငယ်မ‌ရွေးပဲ။ စခန်းထဲမှာရှိတဲ့ လူဦး‌ရေ သုံးပုံနှစ်ပုံ‌လောက်ကို ဖြစ်တာ။ အခု‌တော့ မယ်ရာမိုစခန်းမှာ တုပ်‌ကွေးကူးစက်မှု‌တွေ နည်းလာပြီ။ ဒီရက်ထဲမှာ ‌ဆေးရုံကိုလာတဲ့ လူနာ ၁၃၀‌ကျော်ရှိတယ်။ ပြီးခဲ့တဲ့အပတ်ဆိုရင် တစ်‌ထောင် ‌ကျော်ရှိမယ်။ ‌ဆေးရုံမလာဘဲ ‌နေတဲ့သူ‌တွေလည်း အများကြီး။ ‌ဆေးရုံလာတဲ့သူ‌တွေက တုပ်‌ကွေးပဲဖြစ်တဲ့အတွက် ကျ‌နော်တို့ ပါရာနဲ့ ဆီမီး ‌ဆေးပဲ‌ပေးတယ်။ တချို့က ဘိ‌န္ဓော (တိုင်းရင်း‌ဆေး)နဲ့ပဲ ကုတယ်။”ဟု ‌ပြောသည်။

အလားတူ မယ်လအူးစခန်းမှ ‌ဆေးဝန်ထမ်း ‌စောမာနယ်က ၎င်းတို့စခန်းတွင် တုပ်‌ကွေး‌ရောဂါကူးစက်မှုနှုန်း နည်းလာ‌ကြောင်း နှင့် လက်ရှိအချိန်တွင် ‌ဆေးရုံ၌ တုပ်‌ကွေးလူနာဦး‌ရေ ဆယ်ဦး‌ကျော်သာ ရှိ‌တော့‌ကြောင်း ‌ကေအိုင်စီကို ‌ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ရက်‌နေ့က မယ်လအူးစခန်းတွင် တုပ်‌ကွေး‌ရောဂါ ဖြစ်ပွားသူဦး‌ရေ တိုးလာ‌သော‌ကြောင့် စခန်း တွင်းရှိ စာသင်‌ကျောင်းအားလုံးကို ပိတ်ထားခဲ့ရပြီး‌နောက် မယ်ရာမိုစခန်း၌လည်း စက်တင်ဘာလ (၂၉)ရက်‌နေ့မှစ၍ တုပ်‌ကွေး ‌ရောဂါ‌ကြောင့် စာသင်‌ကျောင်းများ ပိတ်ခဲ့ရသည်။

စာသင်‌ကျောင်းများ ပိတ်ထားရသည့်အ‌ပေါ် ကရင်ဒုက္ခသည်‌ကော်မတီ(‌ကေအာရ်စီ)နှင့် ဒုက္ခသည် စာသင်‌ကျောင်းများကို ‌ထောက်ပံ့မှု‌ပေး‌နေသည့် အစိုးရမဟုတ်‌သောအဖွဲ့(အဲန်ဂျီအို)များသို့လည်း တုပ်‌ကွေး‌ရောဂါ ကူးစက်ဖြစ်ပွားမှု‌ကြောင့် ‌ကျောင်း ပိတ်ထားရ‌ကြောင်းနှင့် အ‌ခြေအ‌နေ‌ပေါ် မူတည်ပြီး ‌ကျောင်းပြန်ဖွင့်သွားမည်ဖြစ်‌ကြောင်း တရားဝင် အသိ‌ပေးခဲ့ပြီးဖြစ်သည်။

တုပ်‌ကွေး‌ရောဂါ၏ လက္ခဏာမှာ လည်‌ချောင်းနာခြင်း၊ မျက်စိနာခြင်း၊ နှာရည်ယိုခြင်း၊ ‌ခေါင်းကိုက်ခြင်း၊ ကိုယ်ပူခြင်း၊ မူး‌ဝေခြင်း၊ ‌ခြေဆစ်လက်ဆစ်ကိုက်ခဲခြင်း၊ အရိုးကိုက်ခဲခြင်းနှင့် အသက်ရှူကြပ်ခြင်းတို့ဖြစ်ပြီး အဆိုပါစခန်းနှစ်ခုတွင် က‌လေး၊ လူကြီး အသက်အရွယ်မ‌ရွေး ကူးစက်ဖြစ်ပွား‌နေ‌သော်လည်း ‌သေဆုံးမှုများ မရှိ‌ကြောင်း သိရသည်။

အဆိုပါ‌ရောဂါ ကူးစက်မှု‌ကြောင့် မယ်ရာမိုနှင့် မယ်လအူးစခန်းနှစ်ခုကို သွားလာ‌နေသည့် မဲ့စရင်း‌ချောင်းထဲတွင် ခရီးသည်တင် စက်‌လှေ၊ မဲစရင်းမြို့မှ စခန်းအတွင်းသို့ ‌ပြေးဆွဲ‌နေသည့် ခရီးသည်နှင့် ကုန်တင်ကားများ သွားလာ‌ရေးကို ယခုအချိန်ထိ အ‌ရေး ‌ပေါ် ပိတ်ထားခဲ့သည်။ သို့‌သော် စခန်းအတွင်းသို့ အစားအစာ၊ သားငါးနှင့် ဟင်းသီးဟင်းရွက်များကိုမူ ကားဖြင့် သယ်‌ဆောင် ရန် ခွင့်ပြုထား‌ကြောင်း စခန်းတာဝန်ရှိသူများက ဆိုသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မယ်လဒုက္ခသည်စခန်း၌လည်း ပြီးခဲ့သည့် စက်တင်ဘာလလယ်ပိုင်းတွင် AH1N1 ‌ရောဂါပိုးရှိသူ ၂ဦး ကို စမ်းသပ်‌တွေ့ရှိခဲ့သည်။