Home ထိပ်တန်းသတင်း PSDP ပါတီတွင် အမျိုးသမီး လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း (၄)ဦး ပါဝင်

PSDP ပါတီတွင် အမျိုးသမီး လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း (၄)ဦး ပါဝင်

1729
စက်တင်ဘာလ ၂ရက်။ ‌နော်ဖြူဖြူသင်း (‌ကေအိုင်စီ)

မကြာခင် ကျင်းပ‌တော့မည့် ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ရန်အတွက် ကရင်ပြည်နယ်ကို အ‌ခြေခံကာ ဖွဲ့စည်းတည် ‌ထောင်ထားသည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)တွင် အမျိုးသမီးလွှတ်‌တော် ကိုယ်စားလှယ်‌လောင်း ၄ဦး ပါဝင်အ ‌ရွေးခံမည်ဖြစ်‌ကြောင်း သိရသည်။

PSDP ၏ အမျိုးသမီး ဥက္ကဌ နန်း‌စေအွာက “အခု ကျမတို့ပါတီက အ‌ရွေးခံမယ့်သူ‌တွေထဲမှာ‌ပေါ့‌နော်။ ကျမ အပါအဝင် အမျိုး သမီး ‌လေး‌ယောက် ဝင်‌ရောက်အ‌ရွေးခံကြမှာ ဖြစ်တယ်။”ဟု သူမက ‌ကေအိုင်စီကို အတည်ပြု ‌ပြောဆိုသည်။

အဆိုပါလွှတ်‌တော် ကိုယ်စားလှယ်‌လောင်း အမျိုးသမီး‌လေးဦးမှာ ပြည်နယ်နှင့် ပြည်သူ့လွှတ်‌တော်‌နေရာများတွင် အ‌ရွေးခံသွား မည်ဖြစ်ပြီး နန်း‌စေအွာ(အမျိုးသမီး ဥက္ကဌ)က ဖားအံမြို့ မဲဆန္ဒနယ် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်၊ ‌နော်လာခူက သံ ‌တောင်မြို့ မဲဆန္ဒနယ် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်၊ ‌နော်ယုဇနဝါ ‌ကော့ကရိတ်မြို့ မဲဆန္ဒနယ် ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်နှင့် နန်းတင်တင်နွယ် ကျိုက်မ‌ရောမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်တို့ ဖြစ်ကြသည်။

ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ၏ လွှတ်‌တော်ကိုယ်စားလှယ်များအ‌နေဖြင့် ‌ရွေး‌ကောက်ပွဲတွင် ၎င်းတို့မဲအနိုင်ရပါက ကရင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများကို တန်းတူအခွင့်အ‌ရေးရ‌အောင် လုပ်‌ဆောင်‌ပေးသွားမည်ဟု နန်း‌စေအွာက ထပ်မံ ‌ပြော ဆိုသည်။

“အန်တီတို့ ပါတီအ‌နေနဲ့ အဓိကက‌တော့ အန်တီတို့ ကရင်အမျိုးသား‌တွေ ကရင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား‌တွေ တခြား တိုင်းရင်းသား‌တွေနဲ့ တန်းတူ အခွင့်အ‌ရေးရရှိ‌အောင် လုပ်‌ဆောင်‌ပေးသွားမယ်။ အန်တီတို့ရဲ့ ပါတီသ‌ဘောထား‌တွေကို အများ ကသိဖို့ အန်တီတို့က ယူဆထားတယ်။ အန်တီတို့ပါတီသ‌ဘောထားက‌တော့ (၁) ငါတို့သည် ဘယ်သူ့ဘက်ကိုမှ ဘက်မလိုက် ဘူး (၂)အလယ်လတ်တန်းတင် မူဝါဒကို ကျင့်သုံးမယ် (၃)မိမိတို့နဲ့ ထိုက်တန်တဲ့ အစိုးရ‌ပေါ်ထွက်လာမယ်လို့ ယုံကြည်တယ်။” ဟု ‌ပြောသည်။

ယခုလို အမျိုးသမီးလွှတ်‌တော်အမတ်များ တိုင်းရင်းသားပါတီများတွင် ပါဝင်လာခြင်းအ‌ပေါ် ဘန်‌ကောက်မြို့၊ ‌အေပက်တက္က သိုလ်တွင် ပညာသင်ကြား‌နေသည့် ‌ကော့ကရိတ်မဲဆန္ဒနယ်‌မြေမှ ‌စော‌ဒေးဗစ်ထွန်းက သူ၏အမြင်ကို ယခုလို ‌ပြောသည်။

သူက “ကျ‌နော့်အ‌နေနဲ့ကြည့်မယ်ဆိုရင် အမျိုးသမီး‌တွေကလည်း သူတို့အခန်းကဏ္ဍက ပါဝင်ပြီး လုပ်‌ဆောင်နိုင်တယ်လို့ မြင် တယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကမာ္ဘတစ်ဝန်းမှာလည်း ‌ဟေလာရီကလင်တန်တို့လိုမျိုး‌တွေ‌ပေါ့။ ဒါ‌ပေမဲ့ ဘယ်‌လောက် လွတ် လပ်စွာ လုပ်ပိုင်ခွင့်ရှိမလဲ‌တော့ မ‌ပြောတတ်ဘူး‌ပေါ့။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံ‌ရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပ‌ဒေ ၁၃(က)နှင့်အညီ ၎င်းတို့စည်းရုံးရရှိပြီး‌သော ပါတီဝင်အင်အားစာရင်း ၃၀,၀၀ဝနီးပါးကို ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်သို့ ဩဂုတ်လ (၃၀)ရက်‌နေ့က တင်ပြခဲ့ပြီး ဖြစ်‌ကြောင်း သိရသည်။

၎င်းအပြင် မဲဆန္ဒနယ်‌မြေများတွင် PSDP အ‌နေဖြင့် ပါတီမဲဆွယ် စည်းရုံးရန်အတွက် လက်ကမ်းစာ‌စောင်များကို စိစစ်ပြီးစီးပါက ကရင်ပြည်နယ်အတွင်းရှိ လူထုထံသို့ ဖြန့်‌ဝေသွားမည်ဖြစ်‌ကြောင်း ပါတီဥက္ကဌ ‌စောခင်‌မောင်မြင့်က ‌ပြောသည်။

PSDP သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်‌မြေ ၇ခုအပြင် မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့၌လည်း လွှတ်‌တော်ကိုယ်စားလှယ် ၂ဦး ဝင်‌ရောက်အ‌ရွေးခံသွားမည်ဟု သိရသည်။

ကရင်ပြည်နယ်တွင် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP)၊တိုင်းရင်းသားစည်းလုံး ညီညွတ်‌ရေးပါတီ(NUP)၊ပြည်‌ထောင်စု ကြံ့ ခိုင်ဖွံ့ဖြိုး‌ရေးပါတီ (USDP)၊ ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP)၊ ကရင်ပြည်သူ့ပါတီ (KPP)နှင့် မွန် ‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ(AMRDP)တို့ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။