Home ထိပ်တန်းသတင်း နိုင်ငံ‌ရေးကိစ္စရပ်ကို ‌ဆွေး‌နွေးညှိနှိုင်းအ‌ဖြေရှာပြီးမှ တပ်အသွင်ကူး‌ပြောင်း‌ရေး မွန်ပြည်သစ်ပါတီ လုပ်‌ဆောင်မည်

နိုင်ငံ‌ရေးကိစ္စရပ်ကို ‌ဆွေး‌နွေးညှိနှိုင်းအ‌ဖြေရှာပြီးမှ တပ်အသွင်ကူး‌ပြောင်း‌ရေး မွန်ပြည်သစ်ပါတီ လုပ်‌ဆောင်မည်

1171
စက်တင်ဘာ ၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

နယ်ခြား‌စောင့်တပ်အသွင်‌ပြောင်းရန် ဖိအား‌ပေးခြင်းခံရသည့် မွန်ပြည်သစ်ပါတီ(NMSP)သည် အစိုးရနှင့် နိုင်ငံ‌ရေး ကိစ္စရပ်ကို ‌ဆွေး‌နွေးညှိနှိုင်းပြီးမှသာ တပ်အသွင်ကူး‌ပြောင်း‌ရေးကို လုပ်‌ဆောင်မည်ဟု မွန်ပြည်သစ်ပါတီမှ ထိပ်တန်း‌ခေါင်း‌ဆောင်တဦးက ‌ပြောသည်။

မွန်ပြည်သစ်ပါတီ နိုင်ငံခြား‌ရေးဌာန တာဝန်ခံ ပါတီ‌ပြောခွင့်ရ နိုင်ဟံသာဗွန်ခိုင်က “ကျ‌နော်တို့က‌တော့ ‌နောက်တက်မယ့်အစိုးရ နဲ့‌သော်လည်း‌ကောင်း၊ လက်ရှိအစိုးရနဲ့‌သော်လည်း‌ကောင်း နိုင်ငံ‌ရေးကိစ္စရပ်ကို ‌ဆွေး‌နွေးညှိနှိုင်းအ‌ဖြေရှာပြီးမှ တပ်အသွင်ကူး ‌ပြောင်း‌ရေး လုပ်‌ဆောင်‌စေလို‌ကြောင်း စက်တင်ဘာ ၁ရက်‌နေ့မှာ တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းကို အ‌ကြောင်းပြန်ထား တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယခင်လ ဩဂုတ် ၂၃ရက်‌နေ့တွင် အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီမှ ထိပ် ပိုင်း‌ခေါင်း‌ဆောင်တချို့ကို ‌မော်လမြိုင်မြို့ စစ်ဌာနချုပ်ရုံး၌ ‌ခေါ်‌တွေ့ခဲ့ရာ တိုင်းမှူးက စက်တင်ဘာ ၁ရက်‌နေ့မှာ လက်နက်စွန့် ရမည်ဖြစ်‌ကြောင်း လက်နက်မစွန့်လွှတ်ပါက ငြိမ်းချမ်း‌ရေးမယူခင်ကာလ အ‌ခြေအ‌နေကို ‌ရောက်သွားမည်ဖြစ်ပြီး တရားမဝင် အသင်းဖြစ်သွားမည်ဟု သတိ‌ပေး‌သော‌ကြောင့် ယခုလို အ‌ကြောင်းပြန်ရခြင်းဖြစ်သည်ဟု နိုင်ဟံသာဗွန်ခိုင်က ‌ပြောသည်။

ထိုကဲ့သို့ အ‌ကြောင်းပြန်လိုက်သည့်အ‌ပေါ် လက်နက်ကိုင်ပဋိပက္ခ အချိန်မ‌ရွေးဖြစ်ပွားသွားနိုင်‌သော‌ကြောင့် သံဖြူဇရပ်နှင့် ဘုရားသုံးဆူလမ်းမကြီးအပြင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ လှုပ်ရှားသည့်‌ဒေသတို့တွင် နအဖစစ်တပ်များက စစ်ကားတချို့နှင့်အတူ ‌ခြေကုပ်‌နေရာယူထားခြင်းရှိသလို မွန်ပြည်သစ်ပါတီဘက်ကလည်း တပ်လှန့်‌နေရာယူမှုများ လုပ်‌ဆောင်‌နေသည်ဟု နိုင်ဟံသာဗွန်က ထပ်‌လောင်း‌ပြောသည်။

MNLA တပ်မ‌တော်

မွန်နှင့် ကရင်ပြည်နယ် နယ်စပ် ဘုရားသုံးဆူမြို့ရှိ မွန်ပြည်သူတဦးက “ကျ‌နော်မြင်တာက သူတို့လက်ခံလိုက်ရင်‌တော့ ‌အေး ‌ဆေးသွားပြီ‌ပေါ့။ လက်မခံလိုက်ဘဲ တိုက်ကြခိုက်ကြ ရန်ဖြစ်ကြမယ်ဆိုရင်‌တော့ ကျ‌နော်တို့ ပြည်သူလူထု‌တွေ အလုပ်လုပ် မစားရဘူူး။ ‌တောထဲ‌တောင်ထဲသွားရင်လည်း သူတို့ဖမ်းမှာ‌ကြောက်ရမယ်။ ဒါ‌ပေမယ့် တနည်းကြည့်မယ်ဆိုရင် သူတို့လက်မခံ တာ‌ကောင်းပါတယ်။ မွန်ပြည်သူ‌တွေကို နအဖစစ်သား‌တွေ ခြယ်လှယ်ချင်တိုင်း ချယ်လို့မရဘူး‌ပေါ့”ဟု ‌ပြောသည်။

နယ်ခြား‌စောင့်တပ်(သို့မဟုတ်)ပြည်သူ့စစ်တပ်အသွင်‌ပြောင်း‌ရေးကိစ္စနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီအ‌နေဖြင့် လက်မခံနိုင် ‌သေး‌ကြောင်းကို ၂၀၁ဝခုနှစ် ဧပြီလ ၂၂ ရက်‌နေ့၊ ဧပြီလ ၂၅ ရက်‌နေ့နှင့် ဩဂုတ်လ ၃ဝရက်‌နေ့တို့တွင် အ‌ရှေ့‌တောင်တိုင်း စစ် ဌာနချုပ်သို့ စာဖြင့် အ‌ကြောင်းပြန်ခဲ့သလို ယခင်နှစ် ဩဂုတ်လ (၅)ရက်‌နေ့တွင် ကျ‌ရောက်သည့် မွန်အမျိုးသား‌တော်လှန်‌ရေး ‌နေ့ကလည်း နယ်ခြား‌စောင့်တပ်ကိစ္စကို တရားဝင် ငြင်းဆန်ခဲ့ဟု သိရသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ခုနှစ်တွင် နအဖ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေးယူထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၇)ဖွဲ့အနက်မှ မွန်အမျိုးသား လက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်သည်။