Home ထိပ်တန်းသတင်း မြဝတီ-မဲ‌ဆောက်နယ်စပ်တွင် ဆိုင်ကယ်အ‌ရောင်းအဝယ် ပြန်‌ကောင်းလာ

မြဝတီ-မဲ‌ဆောက်နယ်စပ်တွင် ဆိုင်ကယ်အ‌ရောင်းအဝယ် ပြန်‌ကောင်းလာ

2667
စက်တင်ဘာလ ၂၃ရက်။ ‌နော်ဖြူဖြူသင်း (‌ကေအိုင်စီ)

မြဝတီ-မဲ‌ဆောက်နယ်စပ်တွင် ယခုလလယ်ပိုင်းမှစ၍ ဆိုင်ကယ်အ‌ရောင်းအဝယ် ပြန်လည်‌ကောင်းမွန်လာကာ ထိုင်းဘက်ခြမ်း မှ ဆိုင်ကယ်အစီး‌ရေ ၅ဝနီးပါးမှာ တရားမဝင် ဂိတ်အချို့မှတဆင့် မြန်မာဘက်ခြမ်းသို့ ‌နေ့စဉ် ပို့‌ဆောင်သယ်ယူလျှက်ရှိသည်ဟု သိရသည်။

ထိုကဲ့သို့ အ‌ရောင်းအဝယ် ပြန်‌ကောင်းလာသည့် တရားမဝင် ယူသွင်း‌သော ဆိုင်ကယ်များကို လိုင်စင်မဲ့အဖြစ် မြဝတီမြို့တွင်း ဖမ်းဆီးမှုများရှိ‌သော်လည်း ယခုအခါ တစ်စီးလျှင် ဒဏ်‌ငွေ ၅၀၀ဝကျပ် ‌ပေး‌ဆောင်ခြင်းဖြင့် ‌ဖြေရှင်းနိုင်‌ကြောင်း အမည်မ‌ဖော်လို သူ မြဝတီမြို့မှ ဆိုင်ကယ်ပွဲစားတစ်ဦးက ယခုလို ‌ပြောသည်။

သူက “အခုက ဆိုင်ကယ် အ‌ရောင်းအဝယ် ပြန်‌ကောင်းလာပြီ‌လေ။ ဒါ‌ပေမဲ့ ဆိုင်ကယ်ကူးတာ ညဘက်‌တွေပဲ‌လေ။ ဆိုင်ကယ် က တစ်ည တစ်ညကို အစီး ၅၀‌လောက် အနည်းဆုံး ဝင်တယ်။ ကမ်းကူးခက‌တော့ တစ်စီးကို ကျပ် တစ်‌သောင်းခွဲ‌ပေးရတယ်။ မြဝတီမြို့ထဲမှာ‌တော့ စပလိုင်းချက်နဲ့ လို်င်စင်မရှိရင် ဖမ်း‌ပေမဲ့ ဒဏ်‌ငွေ ၅,၀၀ဝ ‌ပေးလိုက်ရင် ပြီးတာပဲ‌လေ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယခု လက်ရှိအချိန်တွင် ထိုင်းနိုင်ငံမှ မြန်မာဘက်ခြမ်း မြဝတီသို့ တရားမဝင် ဂိတ်များဖြစ်သည့် (၇)ဂိတ်နှင့် (၉၉၉)သုံးလုံး ဂိတ် ကြားရှိ (၁၁)ဂိတ်မှ တင်သွင်း‌နေခြင်းဖြစ်သည်။ ထိုဂိတ်တွင် စသုံးလုံး၊ စုံစမ်းစစ်‌ဆေး‌ရေး၊ မူးယစ်အဖွဲ့၊ ပြည်သူ့စစ်၊ စစ်တပ် စသည့် အဖွဲ့အစည်းများရှိ‌ကြောင်း သိရသည်။

အများစု ယူသွင်း‌နေ‌သော ဆိုင်ကယ်အမျိုးအစားများမှာ ဘတ်‌ငွေ ၅၃,၅၀ဝ ‌ဈေးနှုန်းရှိသည့် (Dream)‌မော်ဒယ် 2010/125 Step အစိမ်း‌ရောင်နှင့် အခြားအမျိုးအစားမှာ ‌ဈေးနှုန်းမှာ ဘတ်‌ငွေ ၅၇,၀၀ဝရှိသည့် (Wave)‌မော်ဒယ် 2010/125 Step ခဲ ‌ရောင်၊ အမဲ၊ ပုလဲနက်‌ရောင်တို့ ဖြစ်သည်။

၎င်းဆိုင်ကယ်များကို မြဝတီမြို့မှ ဖားအံမြို့အထိ ပို့‌ဆောင်သွားပြီး ထိုမှတဆင့် ပဲခူး၊ ‌မော်လမြိုင် စသည့်အခြားမြို့များသို့ ပို့ ‌ဆောင်‌ရောင်းဝယ်လျှက်ရှိပြီး လမ်းခရီးတစ်‌လျှောက်ရှိ ဂိတ်အဆင့်ဆင့်ကို သက်ဆိုင်ရာက သတ်မှတ်သည့်နှုန်းထားဖြင့် ‌ပေး ‌ဆောင်သွားရ‌ကြောင်း ဆိုင်ကယ်ကုန်သည်များက ‌ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ရက်‌နေ့မှစ၍ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်‌ရေးတံတား အပါအဝင် တရားမဝင် ဂိတ်‌ပေါင်းများစွာကို မြန်မာအာဏာပိုင်များက ပိတ်ခဲ့ပြီး‌နောက်ပိုင်း ဆိုင်ကယ်‌ရောင်းဝယ်အား ကျဆင်းလာရာမှ ယခုလတွင် ပြန်လည်‌ကောင်းမွန် လာခြင်းဖြစ်သည်။