နန်းဖိုးမူ
ဖားအံမြို့ ထောင်ဝိရပ်ကွက် ဥက္ကဌရဲ့တူ စောမြင့်သ်ိန်းဆိုတဲ့ အသက် ၂၈နှစ်ဝန်းကျင်ရှိတဲ့ လူတစ်ယောက်ဟာ ဆေးကြောင် တာလား မသိဘူး။ စက်တင်ဘာလလယ်က လမ်းထဲဖြတ်တဲ့ မိန်းကလေးတွေကို လိုက်စပြီး သူများက မကြိုက်ရင် ဓားမယူပြီး လိုက်ခုတ်တယ်။ နောက်ပြီး သူများရဲ့ ခရီးဆောင်အိတ်တွေကို ဓားနဲ့ခွဲတယ်။ ဝင်ဖြန်ဖြေတဲ့သူကိုလည်း သူက ဓားမဆွဲပြီး လိုက်ခုတ်တယ်။ ဒီလူက တွေ့တဲ့လူကို ရန်လိုက်ရှာတယ်။ သူ့အိမ်က ဆိုင်ခန်းရှိတော့ အဲဒီဆိုင်ခန်းကလူကိုလည်း ရန်ရှာ တယ်။ သူ့ကို ဖမ်းချုပ်ဖို့ ပတ်ဝန်းကျင်က ဆွေမျိုးတွေကို သတိပေးပေမဲ့ သနားလို့ မဖမ်းချုပ်ကြဘူး။ သူ့အိမ်အနီးက မိတ္တူကူး ဆိုင်ကိုလာတဲ့ လူတယောက်ရဲ့ကားကိုလည်း နံပါတ်ပြားကို ဓားမနဲ့ခုတ်ချတယ်။ သူ့ကို လှမ်းအော်တော့ ဓားမနဲ့ တရှိန်ထိုး ပြေးဝင်လာပြီး ရှိသမျှလူတွေကို လိုက်ခုတ်တော့တာပဲ။ မိတ္တူဆိုင်က ကောင်မလေးက ဧည့်သည်တွေကို တောင်းပန်တော့ သူ က လှည့်လာပြီး နင်ဟာ ကရင်မဟုတ်ဘူးလား။ ဗမာသွေးဝင်နေလား။ နင့်ကိုလည်း သတ်မယ်ဆိုပြီး ဓားမနဲ့ရွယ်တယ်လေ။ နောက် မိတ္တူစက်ကိုလည်း ရိုက်ခွဲပြီး ရှေ့က အအေးဆိုင်က ခုံတွေကိုခုတ်တော့ ပန်းအိုးတွေကိုလည်း ကွဲကုန်တယ်။ အခြား ဆိုင်တွေလည်း အကုန်ပိတ်လိုက်ရတယ်။ အဲဒါ ဖြစ်ဖြစ်ချင်းပဲ ရဲစခန်းကို ဖုန်းဆက်တယ်။ ရဲတွေက နာရီဝက်ကြာလည်း မပေါ် လာဘူး။ စိတ်နာဖို့ကောင်းတဲ့ ရဲတွေပေါ့။ အဲဒီလူက ကားမှန်လည်း ရိုက်ချိုး၊ ဆိုင်ကယ်မှန်လည်း ရိုက်ချိုးတယ်။ ဆိုင်ကို ထုပြီး ဆိုင်ပစ္စည်းလည်း ခွဲတယ်။ ဒီလောက်ဖြစ်နေတာ ရဲနဲ့ သူ့ဆွေမျိုးတွေက ဘာမှမလုပ်ဘူး။ ရဲတွေက ဘာပြောလဲဆိုတော့ စခန်း မှူးမရှိလို့ သူတို့ ဖမ်းလို့မရဘူးတဲ့။ ဒါဆိုရင် လူတွေသေသွားရင်ရော ဒီစခန်းမှူးက အစားပြန်လျော်မှာလား။ ရဲတွေက အဲဒီ ကောင်သောင်းကျန်းလို့ ငြိမ်သွားမှ ရောက်လာတယ်။ သူများဆိုင်ကယ်ကိုငှားလို့ မပေးရင် သူက ကန်လိုက်သေးတယ်။ ဒီလူ က သူ့ဦးရဲ့ ခြေသလုံးကို ကိုက်တာတောင် ရဲတွေက လက်ပိုက်ကြည့်နေတယ်။ အထက်က အမိန့်မရသေးလို့တဲ့။ ရပ်ကွက် ဥက္ကဌတူဖြစ်လို့ ရဲက မဖမ်းတာလား။ ပိုက်ဆံမရလို့ မဖမ်းတာလား။ စိတ်နာလွန်းလို့ပါ။ ဒီအတိုင်းဆို ပစ္စည်းတွေပျက်စီးခံရပြီး အပြစ်မရှိတဲ့သူက ခံနေရမှာပေါ့။ ဖိုးမူတို့မြန်မာနိုင်ငံက ဥပဒေက ဘာဥပဒေလဲ။ ရင်ဖွင့်တယ်လို့သဘောထားပေးပါ။