Home ထိပ်တန်းသတင်း ပြည်သူ့ကြားဖြတ်အစိုးရတရပ် ‌ပေါ်ထွန်း‌ရေး (NCUB)မဟာဗျူဟာ ချမှတ်

ပြည်သူ့ကြားဖြတ်အစိုးရတရပ် ‌ပေါ်ထွန်း‌ရေး (NCUB)မဟာဗျူဟာ ချမှတ်

1378
စက်တင်ဘာလ ၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စုဖြုတ်ချ‌ရေးတိုက်ပွဲနှင့်အတူ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေး၊ ၁၉၉ဝပြည့် ‌ရွေး‌ကောက်ပွဲရလဒ်ကို အ‌ခြေခံ‌သော ပြည်သူ့ကြားဖြတ် အစိုးရတရပ်‌ပေါ်ထွန်း‌ရေးကို ဦးတည်သည့် မဟာဗျူဟာ လုပ်ငန်းစဉ် ရည်မှန်းချက်(၁၃)ခု ချမှတ်ခဲ့‌ကြောင်း ပြည်‌ထောင်စုမြန်မာနိုင်ငံအမျိုးသား‌ကောင်စီ(NCUB)က ယမန်‌နေ့က သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ မဟာဗျူဟာလုပ်ငန်းစဉ် ရည်မှန်းချက်ကို NCUB ၏ နဝမအကြိမ်‌မြောက် ညီလာခံတွင် တညီတညွှတ်တည်း သ‌ဘော တူ ချမှတ်ခဲ့ခြင်းဖြစ်‌ကြောင်း ညီလာခံတွင် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး(၁)အဖြစ် ‌ရွေး‌ကောက်ခံရသူ ဦး‌အောင်မိုး‌ဇော်က ‌ကေ အိုင်စီကို ယခုလို ‌ပြောသည်။

NCUB ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး(၁)ဖြစ်သူ ဦး‌အောင်မိုး‌ဇော်ကလည်း “ဒီမိုက‌ရေစီ‌ရေး၊ လူ့အခွင့်အ‌ရေး၊ ပြည်တွင်းငြိမ်း ချမ်း‌ရေးနဲ့ စစ်မှန်‌သော ဖယ်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေး ဦးတည်ချက်(၄)ရပ်ကိုလည်း ကျ‌နော်တို့ ချမှတ်ခဲ့ပါတယ်။ ဒီဦးတည်ချက်အ‌ပေါ်မှာ ကျ‌နော်တို့ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်သွားမယ်ဆိုပြီး‌တော့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်။”ဟု ‌ပြော သည်။

သို့‌သော် ညီလာခံက ချမှတ်ထားသည့် လုပ်ငန်းစဉ် ရည်မှန်းချက်များကို အ‌ကောင်အထည်‌ဖော်‌ရေးကိုမူ ဆက်လက် ‌ဆွေး‌နွေး ‌နေဆဲဖြစ်‌ကြောင်းလည်း NCUB ဒု-ဥက္ကဌ(၂) ‌ရွေး‌ကောက်ခံရသူ ပဒို‌စောအားတိုးက ‌ပြောဆိုသည်။

ဩဂုတ်လ ၂၇ရက်မှ ၃၁ရက်‌နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ညီလာခံတွင် ကိုယ်စားလှယ်‌ပေါင်း ၆၅ဦး တက်‌ရောက်ခဲ့ ပြီး လက်ရှိ မြန်မာနိုင်ငံ‌ရေး အ‌ခြေအ‌နေ၊ ၎င်းတို့၏ နိုင်ငံ‌ရေးလမ်းစဉ်နှင့် လုပ်ငန်းစဉ်များ ‌ဆွေး‌နွေးခဲ့ကြသည်။

NUCB ၏ နဝမ အကြိမ်‌မြောက် ညီလာခံ ‌ကြေညာချက်ထဲတွင်မူ နအဖ၏ ၂၀၀၈ဖွဲ့စည်းပုံနှင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဆန့် ကျင်‌ကြောင်း၊ ၁၉၉ဝပြည့် ‌ရွေး‌ကောက်ပွဲမဲရလဒ်ကို ဆက်လက် ဆုပ်ကိုင်ထား‌ကြောင်း၊ နယ်ခြား‌စောင့်တပ်ကို ငြင်းဆန်ပြီး ကြံ့ ကြံ့ခံရပ်တည်‌နေသည့် အပစ်ရပ်အဖွဲ့များကို ‌ထောက်ခံဂုဏ်ပြု‌ကြောင်း၊ နအဖ၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုအတွက် ကုလ သမဂ္ဂမှ စုံစမ်းစစ်‌ဆေး‌ရေး‌ကော်မရှင်ဖွဲ့ရန် ‌ထောက်ခံ‌ကြောင်းနှင့် မြန်မာနိုင်ငံ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်နိုင်‌ရေး အတွက် စစ်အာဏာရှင်ပြုတ်ကျသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်‌ကြောင်း ‌ဖော်ပြပါရှိသည်။

အဆိုပါ ညီလာခံတွင် ဂုဏ်ထူး‌ဆောင်နာယကများအဖြစ် ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘော၊ ‌ဒေါက်တာစိန်ဝင်းတို့ကို ‌ရွေးချယ်ခဲ့ ပြီး ပဒို‌စော‌ဒေးဗစ်သက‌ဘော(ဥက္ကဌ)၊ ဦးဗိုလ်‌သောင်း(ဒုဥက္ကဌ-၁)၊ ပဒို‌စောအားတိုး(ဒုဥက္ကဌ-၂)၊ ‌ဒေါ်စန်းစန်း(ဒုဥက္ကဌ-၃)တို့ ပါဝင်သည့် သဘာပတိ အဖွဲ့ဝင် ၈ဦးနှင့် ဦး‌မောင်‌မောင်(အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး)၊ ဦး‌အောင်မိုး‌ဇော်(တွဲဖက်အတွင်း‌ရေးမှူး-၁)၊ ဦးမြင့်သိဏ်း(တွဲဖက်အတွင်း‌ရေးမှူး-၂)တို့ ပါဝင်သည့် အတွင်း‌ရေးမှူးအဖွဲ့ ၉ဦးကို ‌ရွေးချယ်တာဝန်‌ပေးအပ်ခဲ့သည်။

NUCB ကို ၁၉၉၂ခုနှစ် စက်တင်ဘာလ ၂၂ရက်‌နေ့၊ မာနယ်ပ‌လောတွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်၌ မြန်မာဒီမိုက‌ရေစီ အင်အားစု အပါအဝင် ကရင်၊ ချင်း၊ ပအို့ဝ်၊ ပ‌လောင်၊ မွန်၊ ရခိုင်၊ လားဟူနှင့် ‘၀’ စသည့် တိုင်းရင်းသားအဖွဲ့အစည်းတို့ ပါဝင် ကာ ညီလာခံသက်တမ်းကို (၃)နှစ်တကြိမ် သတ်မှတ်ထားသည်။