Home သတင်း အိုမီကာ အထည်ချုပ်စက်ရုံ မီး‌လောင်မှုဖြစ်ပွား

အိုမီကာ အထည်ချုပ်စက်ရုံ မီး‌လောင်မှုဖြစ်ပွား

1288
စက်တင်ဘာလ ၁၃ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့အပြင်ဖက် ဘန့်‌ဆောင်ခွဲရပ်ကွက်ရှိ မြန်မာအလုပ်သမားတစ်‌ထောင်ခန့် အလုပ်လုပ်လျှက်ရှိ‌သော အိုမီ ကာ အထည်ချုပ်စက်ရုံတခု၌ ယမန်‌နေ့ နံနက်(၄)နာရီအချိန်တွင် မီး‌လောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။

အချိန်(၆)နာရီ‌ကျော် ကြာမြင့်သည့် အဆိုပါမီး‌လောင်မှုမှာ ဝါယာကြိုး‌ရှော့ဖြစ်ရာမှ ‌လောင်ကျွမ်းခြင်းဖြစ်ပြီး မီးသတ်ကားများ လာ‌ရောက်မီးငြိမ်းသတ်သည့်အတွက် အလုပ်သမားအချို့သာ ထိခိုက်ပွန်းရှမှု အနည်းငယ် ရရှိခဲ့သည်ဟု ဘန့်‌ဆောင်ခွဲရပ် ကွက်တွင် ‌နေထိုင်သူများက ‌ပြောသည်။

‌ရောင်ခြည်ဦး အလုပ်သမားအဖွဲ့‌ခေါင်း‌ဆောင် ကိုမိုးကြိုးက “အခု ဖြစ်ပွားတာက အများအားဖြင့် ပစ္စည်းဆုံးရှုံးမှု‌တွေ‌တော့ ရှိ တယ်။ အလုပ်သမား‌တွေက‌တော့ အတွင်းလူနာ‌ဆောင်ကို ပို့ရတဲ့အထိ တ‌ယောက်မှ မရှိပါဘူး။ ‌နောက် မီး‌လောင်တုန်း မီးကို လာငြိမ်းသတ်တဲ့ မီးသတ်ကားက‌တော့ သုံးစီးလို့ သိရတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အိုမီကာ အထည်ချုပ်စက်ရုံ မီး‌လောင်မှုတွင် ဘတ်‌ငွေ ၂၅ သန်းနှင့်ညီမျှသည့် တန်ဖိုးဆုံးရှုံးမှုများရှိသည်ဟု ခန့်မှန်းရ‌ကြောင်း ရခိုင်အမျိုးသားသတင်း(‌အေအဲန်အဲန်)၏ သတင်းဝက်ဘ်ဆိုက်တွင် ‌ဖော်ပြထားသည်။

မီး‌လောင်ခံရသည့် စက်ရုံအလုပ်ခန်းတွင် လုပ်ကိုင်ရသည့် အလုပ်သမား ၇၀‌ကျော်မှာ ‌ခေတ္တ အလုပ်မဆင်းနိုင်‌သေးဘဲ အလုပ် ရှင်က ၎င်းတို့အတွက် လိုအပ်သည့် ရိက္ခာများကို စီစဉ်‌ပေးပြီး ကျန်အလုပ်သမားများမှာမူ ပုံမှန် အလုပ်ပြန်ဆင်း‌နေပြီဖြစ် ‌ကြောင်း သိရသည်။