Home အယ်ဒီတာ့အာဘော် အိမ်ကြက်ချင်း အိုးမဲသုတ်မဲ့ ‌ရွေး‌ကောက်ပွဲ

အိမ်ကြက်ချင်း အိုးမဲသုတ်မဲ့ ‌ရွေး‌ကောက်ပွဲ

1762
အယ်ဒီတာ့အာ‌ဘော်

မကြာ‌တော့သည့် နိုဝင်ဘာလ ၇ရက်တွင် ကျင်းပပြုလုပ်မည့် နအဖ စစ်အစိုးရ၏ ‌ရွေး‌ကောက်ပွဲသည် လူထုကို လူထုချင်း၊ ပါတီကို ပါတီချင်း၊ တိုင်းရင်းသားအချင်းချင်းကို အိမ်ကြက်ချင်း အိုးမဲသုတ်ကာ ခွပ်ခိုင်း‌သောပွဲပင် ဖြစ်သည်။ အနှီ ‌ရွေး‌ကောက် ပွဲကို ဦး‌ဆောင်မည့် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်များမှာလည်း နအဖ စစ်အစိုးရက ‌ခေါင်း‌ခေါက်‌ရွေးချယ်ထားသူ များသာဖြစ်ပြီး ဘဏ္ဍာ‌ရေး၊ လူဦး‌ရေနှင့် ဥပ‌ဒေအားလုံးကို စစ်အုပ်စုကပင် ချုပ်ကိုင်ထားသည်။

စစ်အစိုးရသည် ရာစုတစ်ခုနီးပါး မပြီးဆုံး‌သေးသည့် ပြည်တွင်းစစ်ကာလအတွင်း ၎င်းတို့ကို အမြစ်ပြတ်‌တော်လှန်‌နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို သပ်သျှိုဖြိုခွဲခြင်း၊ စည်းရုံးဖဲ့ထုတ်ခြင်း‌ကြောင့် ၁၉၈၉မှ ၁၉၉ဝခုနှစ်အတွင်း တိုင်းရင်းသား အပစ်ရပ်အဖွဲ့ ၁၇ဖွဲ့ ဖြစ်တည်လာခဲ့ရသည်။ စစ်အုပ်စုသည် ထိုအပစ်ရပ်အဖွဲ့များအား ၎င်းတို့၏ မိခင်‌တော် လှန်‌ရေးအဖွဲ့ကို ပြန်လည် တိုက်ခိုက်ခိုင်းကာ ‌သွေးခွဲလုပ်‌ဆောင်နိုင်ခဲ့ခြင်းဖြင့် နိုင်ငံ‌ရေး အမြတ်ထုတ်ခဲ့သည်။

တစ်ဦးစီ၊ တစ်ဖွဲ့စီဖြစ်‌စေ မတူသည့် အခွင့်အ‌ရေး၊ လုပ်ပိုင်ခွင့်များ‌ပေးကာ မိမိတို့ စစ်တပ်က အပစ်ရပ်များ၏ မဟာမိတ်‌ယောင် ‌ယောင် ဟန်‌ဆောင်လုပ်ကြံခဲ့ကြသည်။ မက်‌လောက်‌သော စီးပွားကွက်များ ချ‌ပေးကာ နိုင်ငံ‌ရေးအသိကို ‌ဖျောက်ပစ်ခဲ့ကြသည်။ အပစ်ရပ်အဖွဲ့ သဘာချင်းတူသည့်တိုင် စစ်အစိုးရ‌ခေါင်း‌ဆောင်များက အကန့်ခွဲကာ ‌ခေါ်ယူ‌တွေ့ဆုံခဲ့သည်။ ဤသည်ကပင် စစ်အုပ်စု၏ ‌သွေးခွဲဆက်ဆံ‌ရေးပင် ဖြစ်သည်။

စစ်အစိုးရ၏ အတွင်း‌ရေးမှူး(၁)ဖြစ်ခဲ့သူ ယခင် စစ်‌ထောက်လှမ်း‌ရေးမှူး‌ဟောင်း ဗိုလ်ချုပ်ခင်ညွှန့် လက်ထက်ကတည်းက ‌ရေးဆွဲခဲ့သည့် လမ်းညွှန်ချက် ၇ချက်ပါ လမ်းပြ‌မြေပုံအရ ၂၀၁၀‌ရွေး‌ကောက်ပွဲသည် ဂိတ်ဆုံးအဆင့်ဖြစ်သည်။ တိုင်းရင်းသား ကိုယ်စားလှယ်များ လက်ညှိုး‌ထောင် ‌ခေါင်းညိတ်တက်‌ရောက်ခဲ့ကြသည့် ‌ညောင်နှစ်ပင် အမျိုးသားညီလာခံကို ၁၄နှစ်ကြာ ကျင်းပလာခဲ့ပြီး ၂၀၀၈ခုနှစ် (နာဂစ်)ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေကို မဲလိမ်အတည်ပြုခဲ့ကြသည်။ လူထုသည် စစ်အုပ်စု၏အာဏာ ဖြင့် တစ်ဆင့်ချင်း နိုင်ငံ‌ရေးအမြတ်ထုတ်မှုကို မသိမဟုတ်။ ဂဃနဏ သိသည်။

စစ်အသုံးစရိတ်တွင် တိုင်းပြည်ဘဏ္ဍာကို ရာခိုင်နှုန်းထက်ဝက်‌ကျော် အများဆုံး အသုံးပြုကာ လက်နက်ဝယ်ယူစု‌ဆောင်းပြီး လူ ထုကို ‌သေနတ်မိုး အုပ်ချုပ်ခဲ့ကြသည်။ လူထုအတွင်း မတူကွဲပြားသည့် ၎င်းတို့၏ လက်‌ဝေခံ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ အမျိုးသမီး ‌ရေးရာကဲ့သို့‌သော အသင်းအဖွဲ့များဖွဲ့ကာ ဥပ‌ဒေမဲ့ တ‌စောက်ကန်း လုပ်ပိုင်ခွင့်များ‌ပေးရင်း သာမန်လူထုနှင့် ခွဲခြားခဲ့ကြသည်။ ဆိုးကျိုးအဖြစ် လူထုမှာ တစ်ဦးနှင့်တစ်ဦး၊ တစ်စုနှင့်တစ်စု အကြွင်းမဲ့ ယုံကြည်ရန် အားနည်းလာကြပြီး မတရားအုပ်ချုပ်‌နေ သည်ကို မတရားအုပ်ချုပ်‌နေသည်ကို သိသိလျက် ငုံ့ခံ‌နေခဲ့ကြသည်။

စစ်အစိုးရသည် ၂၀၁ဝတွင် ‌ရွေး‌ကောက်ပွဲကို မဖြစ်မ‌နေ ကျင်းပမည်ဟု လူထုတစ်ရပ်လုံးက တထစ်ချ ယုံကြည်‌မျှော်လင့်ထား ကြသည့်အတိုင်း အမှန်တကယ်ပင် ကျင်းပ‌တော့မည် ဖြစ်သည်။ ထိုသို့ ‌ရွေး‌ကောက်ပွဲမကျင်းပမီ အ‌တောအတွင်း အပစ်ရပ်အ ဖွဲ့အားလုံးကို နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်းကာ နိုင်ငံတွင် စစ်တပ်တစ်ခုတည်းသာ ရှိရမည်ဟု ဖွဲ့စည်းပုံတွင် ပြဌာန်းထား သည့်အတိုင်း သိမ်းသွင်းခဲ့၊ သိမ်းသွင်း‌နေဆဲ ဖြစ်သည်။ ‌ကေအဲန်ယူ ထိပ်ပိုင်း‌ခေါင်း‌ဆောင်တစ်ဦးက “နအဖ အပစ်ရပ်လုပ်ခိုင်း တာက လက်နက်ချခိုင်းတာပဲ။ နယ်ခြား‌စောင့်တပ်ဆိုတာ စစ်‌ရေးအရ ‌တော်လှန်‌ရေးအဖွဲ့‌တွေကို ပြန်တိုက်ခိုင်းတာ။ ဒါဟာ လူထု လိုလားတဲ့ ငြိမ်းချမ်း‌ရေးလမ်းစဉ်အစစ် မဟုတ်ဘူး။”ဟု မကြာ‌သေးခင်က ကရင်သတင်းစဉ်ကို ‌ပြောဆိုခဲ့သည်။

ဩဂုတ်လ တတိယပတ်အတွင်း ကရင်ပြည်နယ်၌ နအဖ အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်က နယ်ခြား‌စောင့်တပ်များ တပ်ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်ကို စစ်အုပ်စုပိုင် သတင်းဌာနများတွင် ‌ဝေ‌ဝေဆာဆာ ‌ဖော်ပြခဲ့ကြသည်။ ဒီ‌ကေဘီ‌အေ ဒုဥက္ကဌ ဦး‌ကျော်သန်းက ဒီ‌ကေဘီ‌အေ အစည်းအရုံးသည် ယခင်က ယာယီငြိမ်းချမ်း‌ရေးအဖြစ်သာ တာဝန်ထမ်း‌ဆောင်ခွင့်ရခဲ့ ‌သော်လည်း ယခုအချိန်တွင် ထာဝရငြိမ်းချမ်း‌ရေး ရရှိပြီး နယ်ခြား‌စောင့်တပ်အဖြစ် နယ်စပ်လုံခြုံ‌ရေး ကာကွယ်‌ရေးဆိုင်ရာ ကိစ္စ များကို ပိုမို‌ဆောင်ရွက်သွားနိုင်‌တော့မည်ဟု ဆိုထားသည်။ တစ်‌ထောင့်တစ်ည ဖြစ်‌တော့မည့် စစ်ကျွန်ဘဝကို မိမိတို့ကိုယ်ကို သွတ်သွင်းလိုက်ခြင်းသာ ဖြစ်သည်။

သို့‌သော် လက်ရှိအချိန်တွင် ကချင်၊ ရှမ်း၊ ဝ၊ မွန်နှင့် အပစ်ရပ် ကရင်အချို့ကလည်း နယ်ခြား‌စောင့်တပ်ကို ငြင်းဆန်ရင်း သမိုင်း မှားကို ‌ဆေး‌ကြောသန့်စင်‌နေကြသည်။ ပြည်သူအချင်းချင်း၊ လူမျိုးအချင်းချင်း အိုးမဲသုတ် ခွပ်ခိုင်းမည့် နယ်ခြား‌စောင့်တပ်အ ‌ရေးကို လူထုနှင့် လူထုထဲမှ ‌ပေါက်ဖွားလာသည့် အပစ်ရပ်အဖွဲ့များက စစ်ကျွန်အဖြစ် နွံနစ်မခံဘဲ မ‌နှေးအမြန် ခုခံ‌တော်လှန် ရင်း လူထုအကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးသူများအဖြစ်သာ ကမ္ဗည်းမှတ်‌ကျောင်တင် လုပ်‌ဆောင်သင့်‌ပေသည်။