Home ထိပ်တန်းသတင်း ဖားအံမြို့တွင် လုံခြုံ‌ရေးအတွက် ပိုမို‌စောင့်ကြပ်‌နေ

ဖားအံမြို့တွင် လုံခြုံ‌ရေးအတွက် ပိုမို‌စောင့်ကြပ်‌နေ

1585
စက်တင်ဘာလ ၁၇ရက်။ ‌ကေအိုင်စီ

‌ရွေး‌ကောက်ပွဲရက်နီးလာသည့်အတွက် ကရင်ပြည်နယ်၏ မြို့‌တော် ဖားအံမြို့ရှိ စစ်တပ်ဂိတ်များနှင့် မြို့တွင်း၌ ယခုလဆန်းပိုင်း မှစ၍ လုံခြုံ‌ရေးအတွက် လှည့်လည်‌စောင့်ကြပ် သတိထားမှုများ ပိုမိုများပြားလာသည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ဖားအံမြို့တွင်းရှိ စစ်သားများက ၎င်းတို့၏ သက်ဆိုင်ရာ တပ်ဂိတ်‌ရှေ့တွင် ပုံမှန် ‌စောင့်ကြပ်‌နေသည့်အပြင် ဂိတ်‌ပေါက်နှင့် မနီး မ‌ဝေးတွင် သွားလာသူများကို ‌မှောင်ရိပ်ခိုကာ ‌စောင့်ကြည့်‌နေသည့် စစ်သားအ‌တော်များများရှိ‌ကြောင်း ကိုယ်တိုင်မြင်‌တွေ့ခဲ့သူ ဖားအံမြို့ခံတစ်ဦးက ‌ပြောသည်။

“စစ်သား‌တွေက သူတို့တပ်‌ရှေ့နားမှာပဲ ‌စောင့်တာ။ အရင်က ‌စောင့်ပါတယ်။ ၂‌ယောက်၊ ၃‌ယောက် အများဆုံးပဲ။ အခုက တပ် အ‌ရှေ့‌ဘေး‌ပေါ့‌နော်။ အဲမှာ ‌မှောင်ရိပ်ခိုပြီး ‌စောင့်တာက ၈‌ယောက်သတ်သတ်ပဲ။ သူတို့က ဂိတ်‌ပေါက်နဲ့ အလှမ်းနည်းနည်း‌ဝေး ပြီး အ‌မှောင်ကျတဲ့‌နေရာမှာ။ အဲလို ခွဲ‌စောင့်တာ။ ည ၁ဝနာရီ‌လောက်ဆို စ‌စောင့်ပြီ။”ဟု ‌ပြောသည်။

ယင်းသို့ဖြစ်ရခြင်းမှာ ပြီးခဲ့သည့်လက ပဲခူးမြို့တွင်း၌ ပိုစတာကပ်မှုများ ဖြစ်ခဲ့ပြီး‌နောက်ပိုင်း ယခုလို လုံခြုံ‌ရေးပိုချထားခြင်း ဖြစ် သည်ဟုလည်း အဆိုပါမြို့ခံက ဆိုသည်။ “ပဲခူးမှာဖြစ်သွားတဲ့ ပိုစတာကပ်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒီဘက်မှာလည်း တခုခု လုပ်မှာစိုးလို့ အခု ပိုပြီး‌တော့ လုံခြုံ‌ရေးလုပ်တဲ့သ‌ဘောပဲ။”ဟု ဆိုသည်။

၎င်းအပြင် ဖားအံမြို့မှ ရဲများကလည်း ညဘက်တွင် ဆိုင်ကယ်များဖြင့် လှည့်လည်ကြည့်ရှုခြင်းများလည်း ရှိ‌နေ‌ကြောင်း လမ်း သွားလမ်းလာ မြင်‌တွေ့သူ မြို့ခံများ၏ ‌ပြောပြချက်အရ သိရသည်။

‌ကျောင်းသူတစ်ဦးက “ရဲ‌တွေကလည်း ညဘက် ယူနီ‌ဖောင်း‌တွေနဲ့ ဆိုင်ကယ်တစ်‌ယောက်တစ်စီးနဲ့ လိုက်လှည့်‌နေတယ်။ ဘယ် သူ‌တွေ ဘာလုပ်မလဲဆိုပြီး‌တော့‌လေ။”ဟု ‌ပြောသည်။

ဖားအံမြို့တဝိုက် မြို့တွင်းမြို့ပြင်‌နေရာများတွင် နအဖ တပ်မ(၂၂)၊ (၂၀၁)တပ်ရင်း၊ အမှတ်(၉)ရပ်ကွက် ဇွဲကပင်ကုန်းရှိ ‌ထောက်ပို့တပ်အပြင် ၎င်းရပ်ကွက်နှင့် တဆက်တည်း ကြာအင်းလမ်း၌ (၂၂၂)တပ်ရင်းများ ထားရှိသည်။