Home ထိပ်တန်းသတင်း ပညာ‌ရေး ဝန်ထမ်းများကို မဲရုံ‌စောင့်ကြည့်‌ရေး တာဝန်‌ပေး

ပညာ‌ရေး ဝန်ထမ်းများကို မဲရုံ‌စောင့်ကြည့်‌ရေး တာဝန်‌ပေး

2107
စက်တင်ဘာလ ၁၁ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

မွန်ပြည်နယ်၊ ဘီးလင်းမဲဆန္ဒနယ်အတွင်းရှိ ပညာ‌ရေးဝန်ထမ်းများဖြစ်‌သော ‌ကျောင်းဆရာ/ဆရာမများကိို လာမည့် နိုဝင်ဘာလ ၇ရက်‌နေ့ ‌ရွေး‌ကောက်ပွဲအတွက် စီစဉ်ကျင်းပ‌ရေးဆိုင်ရာ စစ်အစိုးရအာဏာပိုင်က မဲရုံ‌စောင့်ကြည့်‌ရေးတာဝန်များ ‌ပေးအပ်ထား ‌ကြောင်း သိရသည်။

ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အတွင်းတွင် ‌ရွှေ‌ရောင်ပြာ၊ ‌ဒေါရာ၊ ကဒိပူနှင့် ဟိုသ‌နေ ‌ကျေးရွာအုပ်စုအတွင်းရှိ ‌ကျောင်းဆရာ/ဆရာမ များကို သက်ဆိုင်ရာ အာဏာပို်င်မှ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် အဖွဲ့ဝင်များအဖြစ် ‌ရွေးချယ်တာဝန်‌ပေးကာ ယခု စက်တင်ဘာလ ၁၅ရက် ‌နေ့တွင် ‌ရွေး‌ကောက်ပွဲဆိုင်ရာ လုပ်ငန်းသင်တန်းတက်ရန် ဘီးလင်းမြို့သို့ အ‌ရောက်သွားရမည်ဟု ညွှန်ကြားထား‌ကြောင်း ထို‌ဒေ သမှလာသည့် သတင်းအရ သိရသည်။

ယင်း‌ရွေး‌ကောက်ပွဲဆိုင်ရာ လုပ်ငန်းသင်တန်းတက်ရန်အတွက် အဆိုပါပညာ‌ရေးဝန်ထမ်းများကို ပြီးခဲ့‌သော ဩဂုတ်လ ၃ရက်‌နေ့ တွင် ဘီးလင်းမြို့နယ် ပညာ‌ရေးမှူး၊ ပူးတွဲတာဝန်ခံ ဦးမျိုးဝင်းက ညွွှန်ကြားထားခြင်းဖြစ်သည်။

ဖားအံမြို့နယ်အတွင်းရှိ ‌ကျေးရွာများမှ ပညာ‌ရေးဝန်ထမ်းများကိုလည်း မိမိတို့၏ သက်ဆိုင်ရာ ‌ကျေးရွာအလိုက် မဲရုံမှူးများအဖြစ် တာဝန်‌ပေးထား‌သော်လည်း လုပ်ငန်းဆိုင်ရာ သင်တန်းကိုမူ ယ‌နေ့အထိ မတက်‌ရောက်ရ‌သေး‌ကြောင်း အထက်တန်းဆရာမတဦး က ‌ပြောသည်။

‌ရွေး‌ကောက်ပွဲကျင်းပမည့်ရက် တလ‌ကျော်သာကျန်‌တော့သည့်အချိန်တွင် ပြည်‌ထောင်စုမှ တိုင်း‌ဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အ ဆင့်ဆင့်ရှိ ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ခွဲများကို ‌ရွေး‌ကောက်ပွဲဆိုင်ရာ လုပ်ငန်း‌ဆောင်ရွက်ချက်များ ချပြ‌ဆွေး‌နွေးမှုများ ပြုလုပ် ‌နေ‌သော်လည်း မဲထည့်ခြင်းဆိုင်ရာနည်းလမ်းများကိုမူ လူထုအား ရှင်းရှင်းလင်းလင်း ချပြ‌ပေးမှု မရှိ‌သေး‌ကြောင်း သိရသည်။

ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ပဲခူးမြို့နယ် မဲဆန္ဒနယ်အတွင်း ‌နေထိုင်သည့် ပျဉ်းမငိုရွာသားတဦးက‌တော့ “ကျ‌နော်တို့ဆီမှာက ‌တော့ ‌ရွေး‌ကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာမှ လာ‌ပြောတာ ‌တွေ့‌သေးဘူး။ ဘယ်သူ့ကို မဲထည့်မလဲ၊ ဘယ်လိုမဲထည့်မလဲဆိုတာ မသိ ‌သေးဘူး။ လွန်ခဲ့တဲ့လ‌တွေက‌တော့ ကြံ့ဖွံ့အသင်းဝင်‌တွေ သူတို့ပါတီထဲကိုဝင်ဖို့ လာ‌ပြောတာရှိတယ်။”ဟု ‌ကေအို်င်စီကို ‌ပြော သည်။

သို့‌သော်လည်း ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်မှ ‌ရွေး‌ကောက်ပွဲ ကိုယ်စားလှယ်‌လောင်းများ စိစစ်‌နေသည့် ‌နောက်ဆုံး သတ်မှတ်ရက် စက်တင်ဘာလ ၁ဝရက်(ယမန်‌နေ့)တွင် မဲဆန္ဒရှင်များအ‌နေဖြင့် ဆန္ဒမဲ‌ပေးသည့် နည်းလမ်းများကို စစ်အစိုးရ သတင်းစာထဲတွင် ‌ဆောင်းပါးအ‌နေဖြင့် ‌ရေးသား‌ဖော်ထားသည်။

မြန်မာပြည်၊ တိုင်း‌ဒေသကြီး၊ ပြည်နယ်ရှိ မဲဆန္ဒနယ်များအတွင်း ဝင်‌ရောက်အ‌ရွေးခံမည့် ပါတီများ၏ ကိုယ်စားလှယ်‌လောင်းများ စာရင်းကို ယခုလကုန်တွင် ထုတ်ပြန်မည်ဟု သိရသည်။