Home ထိပ်တန်းသတင်း ပစ်မှတ်ထား စစ်ဆင်ခံ‌နေရသည့် လူထုအား ဝိုင်းဝန်းကူညီရန် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ နိုး‌ဆော်

ပစ်မှတ်ထား စစ်ဆင်ခံ‌နေရသည့် လူထုအား ဝိုင်းဝန်းကူညီရန် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ နိုး‌ဆော်

1808
စက်တင်ဘာလ ၂ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

နအဖ စစ်အစိုးရ၏ စစ်ဆင်‌ရေး‌အောက်တွင် ဒုက္ခအမျိုးမျိုး ရင်ဆိုင်‌နေရသည့် ကရင်ပြည်နယ် ‌မြောက်ပိုင်း ‌ကေအဲန်ယူ တပ် မဟာ(၅)၊ ဖာပွန်ခရိုင်၊ လူ‌သောမြို့နယ်ရှိ ကရင်လူထု ၂၇,၀၀၀‌ကျော်ကို စာနာနားလည်ပြီး ဝိုင်းဝန်းကူညီ‌ပေးကြရန် ကရင် လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)က ယ‌နေ့ရက်စွဲဖြင့် အစီရင်ခံစာ‌စောင် ထုတ်ပြန်ကာ နိုး‌ဆော်လိုက်သည်။

ယ‌နေ့ ထုတ်ပြန်လိုက်သည့် “တင်းကြပ်သည့် အ‌ခြေအ‌နေ‌အောက်တွင် မိမိကိုယ်ကိုကာကွယ်ခြင်း” အစီရင်ခံစာတွင် ဖာပွန် ခရိုင်၊ လူ‌သောမြို့နယ်အတွင်း စစ်အစိုးရ၏ ထိုးစစ်ဆင်မှုကို ခံစားရပြီး ဆင်းရဲဒုက္ခကြုံ‌တွေ့‌နေရသည့် လူထု၏ အ‌ခြေအ‌နေ များကို စု‌ဆောင်းတင်ပြထားခြင်းဖြစ်ပြီး ကမာ္ဘတဝှမ်းရှိ လူသားချင်း စာနာ‌ထောက်ထားသူများက သိရှိနားလည်ပြီး ဝိုင်းဝန်း ကူညီပံ့ပိုး‌ပေးကြရန် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်‌ကြောင်း KHRG ၏ Field Director ‌စောဖိုးရှဲက ယခုလို ‌ပြောသည်။

သူက “အခု လက်ရှိမှာ နိုင်ငံတကာအသိုင်းအဝိုင်းပဲဖြစ်ဖြစ် မြန်မာပြည်တွင်းက ‌ရွေး‌ကောက်ပွဲအ‌ကြောင်းကိုပဲ ‌ပြောကြတာ များတယ်။ စစ်အစိုးရ စစ်ဆင်‌ရေး‌အောက်မှာရှိတဲ့ လူထု‌တွေက ‌တော်‌တော် ဒုက္ခ‌ရောက်‌နေတယ်။ စား‌ရေး‌သောက်‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေးကအစ အခက်အခဲရှိတယ်။ အဲဒါ‌တွေဟာ ကြီးမားတဲ့ ပြဿနာတခုလို့ ကျ‌နော်တို့မြင်တယ်။ နိုင်ငံတ ကာ အသိုင်းအဝိုင်းအ‌နေနဲ့ ဒုက္ခ‌ရောက်တဲ့ လူထု‌တွေကို အနီးကပ် ‌လေ့လာ‌စေချင်တယ်။ ဝိုင်းဝန်းကူညီ‌စေချင်တယ်။”ဟု ‌ပြောသည်။

ထိုအစီရင်ခံစာတွင် လူ‌သောမြို့နယ်ရှိ ရွာသူရွာသား ၂၁၂ဦးကို ၂၀၀၉ခုနှစ်မှစ၍ ‌တွေ့ဆုံ‌မေးမြန်းခဲ့ကာ ထို‌ဒေသအတွင်း ထိုးစစ်ဆင်လာသည့် နအဖ စစ်တပ်များက ရွာသူရွာသား၏ အိုးအိမ်များ၊ ပစ္စည်းများ၊ ‌တောင်ယာ၊ စိုက်ပျိုးခင်းများကို မီးရှို့ ဖျက်ဆီးကာ ‌တွေ့ရှိသည့် ရွာသူရွာသားများကို ပစ်သတ်သည့်အပြင် ‌နေရာဝင်ယူသည့်အတွက် ရွာသူရွာသားများအ‌နေဖြင့် လုပ်ကိုင်စား‌သောက်‌ရေးမှာ ပို၍ အခက်အခဲဖြစ်ရ‌ကြောင်း သိရသည်။

‌စောဖိုးဆဲက “အခု Report မှာ အထူးသဖြင့် ဖာပွန်ခရိုင်၊ လူ‌သောမြို့နယ်က လူထု‌တွေကို ‌တွေ့ဆုံ‌မေးမြန်းပြီး‌တော့ တင်ပြ ထားတယ်။ ခရိုင်မှာ ထွက်‌ပြေးတိမ်း‌ရှောင်ရတဲ့လူ‌တွေ အများကြီးရှိပါတယ်။ အခုလူ‌သောမှာ လူထုလူဦး‌ရေက များသလို ၂၀၀၉ခုနှစ်မှာ နအဖတပ်‌တွေ ပိုဝင်လာတယ်။ လူထု‌တွေက ပိုဒုက္ခ‌ရောက်တယ်။ ပြင်ပအဖွဲ့အစည်း‌တွေ ဝင်‌ရောက်ကူညီ တာ မရှိဘူး။ သူတို့ဟာ သူတို့ ရုန်းကန်ရတယ်။”ဟု ဆိုသည်။

ယခု အစီရင်ခံစာကို ထုတ်‌ဝေရန် စီစဉ်‌နေစဉ် ဇူလိုင်လ ၂၃ရက်‌နေ့က လူ‌သေမြို့နယ်အတွင်း လှုပ်ရှားလာသည့် နအဖ စကခ(၁၀)လက်‌အောက်ခံ တပ်ရင်းက သဒါးဒဲ‌ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်၊ စာသင်‌ကျောင်းများ၊ ခရစ်ယာန် ဘုရား‌ကျောင်း အပါအဝင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး သဒါးဒဲရွာနှင့် အနီးအနားရှိ ၅ရွာမှ ရွာသူရွာသား ၁,၀၀၀‌ကျော် ထွက်‌ပြေးတိမ်း‌ရှောင်ရသည်ဟု ယ‌နေ့ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

လူထုများအ‌နေဖြင့် နအဖ စစ်တပ်၏ ထိန်းချုပ်မှု‌အောက်တွင် မ‌နေချင်သလို ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများအ တွင်းသို့ သွား‌ရောက်‌နေလိုစိတ်မရှိဘဲ ၎င်းတို့၏ ‌ဒေသအတွင်း ‌အေး‌အေးချမ်းချမ်းနှင့်သာ လုပ်ကိုင်စား‌သောက်လိုကြသူများ ဖြစ်သည်။

ကရင်ပြည်နယ်‌မြောက်ပိုင်းရှိ ဖာပွန်ခရိုင် အပါအဝင် ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ သထုံ စသည့်ခရိုင်များအတွင်း နအဖ စစ် တပ်အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခတ်လာသည့် ၂၀၀၆ခုနှစ်မှစ၍ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည့် ရွာသူရွာသား‌ပေါင်း ၈၉,၀၀ဝခန့်ရှိ‌ကြောင်း KHRG ၏ မှတ်တမ်းအရ သိရသည်။