Home ထိပ်တန်းသတင်း နအဖနှင့် ‌ကေအဲန်ယူတိုက်ပွဲဖြစ် နအဖ ၁၁ဦး ထိခိုက်‌သေဆုံး

နအဖနှင့် ‌ကေအဲန်ယူတိုက်ပွဲဖြစ် နအဖ ၁၁ဦး ထိခိုက်‌သေဆုံး

1255
စက်တင်ဘာလ ၂၀၊ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၌ ယ‌နေ့မနက်တွင် နအဖ စစ်တပ်နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ ‌တော်(‌ကေအဲန်အယ်‌အေ)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်က ၄ဦး‌သေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၇)က ‌ကေအိုင်စီကို ‌ပြောဆိုသည်။

ယ‌နေ့မနက် ၁ဝနာရီ‌ကျော်တွင် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း ၂၁နှင့် နအဖ စကခ(၁၉) လက်‌အောက်ခံ တပ်ရင်း ခမရ(၃၄၃) တပ်ခွဲ(၂)တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ‌ကေအဲန်အယ်လ်‌အေတပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူး‌စောအယ်ဆဲဆဲက ယခုလို ‌ပြောသည်။

၎င်းက “ဒီ‌နေ့ ၁၀‌ကျော်‌ကျော်‌လောက်မှာ တပ်ရင်း ၂၁နဲ့ နအဖ ခမရ ၃၄၃တပ်ရင်း တပ်ခွဲ(၂)တို့ ‌ကျော်တ‌လေးခိုမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်။ နအဖဘက်က ၄ဦး‌သေတယ်။ ၇ဦးဒဏ်ရာရတယ်။ ‌သေတဲ့အထဲမှာ တပ်ကြပ် ကြီး ၁‌ယောက်နဲ့ တပ်ကြပ် ၁‌ယောက် ပါတယ်၊ ဒဏ်ရာရတဲ့အထဲမှာ ဗိုလ် ၁‌ယောက်နဲ့ တပ်ကြပ်ကြီး ၁‌ယောက်ပါ တယ်၊ ကျ‌နော်တို့ဘက်က‌တော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး။”ဟု ‌ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ရက်‌နေ့တွင် ပိုင်ကျုံမြို့နယ်၌ ဗိုလ်မှူးလိုက်သိမ့်ဦးစီး‌သော BGF (၁၀၁၉)တပ်ရင်း နှင့် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၁)တို့ ထီးမိုခီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ BGF ဘက်က ၁ဦးကျဆုံးသလို စက် တင်ဘာလ ၁၈ရက်‌နေ့နှင့် ၁၉ရက်‌နေ့တွင်လည်း ဗိုလ်မှူးဝင်းလှိုင်ဦးစီးသည့် BGF (၁၀၁၅)တပ်ရင်းနှင့် ‌ကေအဲန် အယ်လ်‌အေ တပ်ရင်း(၂၁) ပူး‌ပေါင်းတပ်တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ရာ BGF ဘက်က ၁ဦး‌သေဆုံးပြီး ၁ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဗိုလ်မှူး‌စောအယ်ဆဲဆဲက ‌ပြောသည်။

ယင်းသို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုအ‌ပေါ် ‌ကေအဲန်ယူတွဲဘက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “BGF တပ်ရင်း(၁၀၁၁)က‌နေ (၁၀၂၃)အထိ‌ပေါင်းရင် သူတို့အင်အား‌တွေ အများကြီးရှိတယ်။ အဲဒီအင်အား‌တွေနဲ့ နအဖတချို့က ‌နောက်က‌နေ လိုက်တယ်။ ‌ကေအဲန်ယူရဲ့ဂွင်ကို တိုက်ဖို့ဆိုပြီး‌တော့ သူတို့‌ပေါ်လစီရှိတယ်။ ဆိုလို တာက ဒီ‌ကေဘီ‌အေက‌နေ ‌ပြောင်းသွားတဲ့ BGF ‌တွေကို ကိုင်လို့ဘယ်‌လောက်ရသလဲဆိုတာကို စမ်းသပ်ပြီး‌တော့ ‌ကေအဲန်ယူနဲ့ တိုက်ဖို့ဆက်လက်ပြီး တွန်းအား‌ပေးမယ့် လှုပ်ရှားမှုပဲ။”ဟု ‌ပြောသည်။

ထို့အပြင် ထို‌ဒေသများတွင် ‌ရွေး‌ကောက်ပွဲမကျင်းပနိုင်‌တော့သည့် နယ်‌မြေများအဖြစ် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က သတ်မှတ်ထား‌သော‌ကြောင့် BGF တပ်ဖွဲ့ဝင်များကို ဆက်လက် ဖိအား‌ပေးလာသည်နှင့်အမျှ ‌ကေအဲန်ယူနယ်‌မြေ တွင် ‌ရှေ့ဆက် တိုက်ပွဲများ ပိုဖြစ်လာနိုင်‌ကြောင်း ဗိုလ်မှူး‌စောလှ‌ငွေက ထပ်မံ ‌ပြောသည်။

‌ကေအဲန်ယူနှင့် နအဖ၊ နယ်ခြား‌စောင့်(BGF)တပ်များ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား‌နေသည့်ကြားက လာမည့် စက် တင်ဘာလ ၂၁ရက်‌နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့တွင် ‌ကေအဲန်ယူမှ တရက်တာ တဖက်သတ် အပစ်အ ခတ် ရပ်စဲမည်ဟု ယခုလ ၁၅ရက်‌နေ့က ‌ကြေညာချက်တ‌စောင်ထုတ်ပြန်ခဲ့သည်။