Home ထိပ်တန်းသတင်း နယ်ခြား‌စောင့်တပ်စုတစု ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)ထံ ဘက်‌ပြောင်းလာ

နယ်ခြား‌စောင့်တပ်စုတစု ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)ထံ ဘက်‌ပြောင်းလာ

1737
စက်တင်ဘာ၃၀။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် အ‌ခြေစိုက် ကရင်နယ်ခြား‌စောင့်တပ်(BGF) တပ်စုတစု ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)ထံသို့ ပြီးခဲ့သည့်အပတ်က ဘက်‌ပြောင်း‌ရောက်ရှိလာသည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

တပ်စုမှူး‌စော‌အောင်ထူး ဦး‌ဆောင်သည့် နယ်ခြား‌စောင့်တပ် တပ်ရင်း (၁၀၂၂)မှ တပ်ဖွဲ့ဝင် ၈ဦးသည် ဘုရားသုံးဆူအ‌ခြေစိုက် ဗိုလ် ကြီး‌စော‌အေဝမ်းဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅) အထူးတပ်ခွဲထံသို့ လက်နက်ခဲယမ်း အပြည့်အစုံနှင့် လာ‌ရောက်ပူး ‌ပေါင်းခြင်းဖြစ်သည်ဟု ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ တပ်မှူးတဦးက ‌ပြောသည်။

သူက “အရင်တုန်းက ကျ‌နော်တို့ တပ်ခွဲတခွဲတည်း အတူ‌နေတဲ့လူ‌တွေပဲ။ သူတို့‌တွေ နယ်ခြား‌စောင့်တပ်လက်ခံခဲ့ပြီး ဆက်မလုပ်ချင် တဲ့အတွက်‌ကြောင့် အခုလို ကျ‌နော်တို့ဆီကို ပြန်လာပူးး‌ပေါင်းတာဖြစ်တယ်။ လက်နက်အပြည့်အစုံနဲ့ပဲ ပြန်လာကြတယ်။”ဟု ‌ကေ အိုင်စီကို ‌ပြောသည်။

ဘက်‌ပြောင်းလာသည့် နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များမှာ ဆက်သွယ်‌ရေး ဧရိယာ ပြင်ပသို့‌ရောက်ရှိ‌နေသည့်အတွက် ဆက်သွယ်၍ မရ‌သော်လည်း ၎င်းတို့နှင့်အတူ M-79 ၁လက်၊ M-16 ၁လက်၊ AK ၆လက်၊ 9MM ၁လက်နှင့် ခဲယမ်းမီး‌ကျောက်တချို့ ပါရှိသည်ဟု အဆိုပါ ဒီ‌ကေဘီ‌အေတပ်မှူးက ဆက်‌ပြောသည်။

အလားတူ နယ်ခြား‌စောင့်တပ်၊ ပြည်သူ့စစ်ဖွဲ့ရန် အကြိမ်ကြိမ် ဖိအား‌ပေးခြင်းခံရသည့် ဗိုလ်မှူးချုပ်‌စောထင်‌မောင် ဦး‌ဆောင်‌သော ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီမှ တပ်ဖွဲ့ဝင်တချို့သည်လည်း ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)ထံသို့ ဘက်‌ပြောင်းလာရန်ရှိသည်ဟုလည်း ဒီ‌ကေဘီ‌အေ အသိုင်းအဝိုင်းက ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းတွင် သုမုဟဲဦးစီး‌သော ‌ဟောင်သ‌ရော ငြိမ်းချမ်း‌ရေးအဖွဲ့မှ တပ်ရင်း ၁ရင်း အပါအဝင် တိုးတက် ‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)မှ တပ်ရင်း ၁၂ ရင်း နယ်ခြား‌စောင့် တပ်‌ပြောင်းခဲ့သည်။

အဆိုပါ နယ်ခြား‌စောင့်တပ်မှ တပ်ဗိုလ်တပ်သားများသည် စက်တင်ဘာလ ၂၇ရက်‌နေ့စ၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလိ ‌ကျေးရွာတွင် တပ်ရင်း ၇ရင်းနှင့် သထုံမြို့နယ်တွင် တပ်ရင်း ၆ရင်း အုပ်စုနှစ်စုခွဲကာ စစ်သင်တန်းတက်‌ရောက်‌နေပြီဖြစ်သည်။

နယ်ခြား‌စောင့်တပ်‌ပြောင်းခဲ့သည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များသည် နယ်ခြား‌စောင့်တပ် လက်မခံသည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅) ထံ ဘက်‌ပြောင်းလာပြီး ၎င်းတို့၏ လူဦး‌ရေကို အတိအကျ မသိရှိရ‌သော်လည်း ကရင်အမျိုးသား အစည်းအရုံး (‌ကေအဲန်ယူ)ထံ ဘက်‌ပြောင်းလာသူများမှ ၅ဝဦးနီးပါးရှိသည်ဟု ‌ကေအဲန်ယူက ‌ပြောသည်။