Home ကဗျာ တ‌ယောက်စ, တကမ္ဘာလုံး

တ‌ယောက်စ, တကမ္ဘာလုံး

1827
(မင်းစိုးစံ)

‌လောင်းကစားမှာ ဝါသနာထုံ
ဘုံလုံတလှည့် ငါတလှည့်‌ပေါ့
အလှည့်မ‌ရောက် ‌တောင်‌လျှောက်ရှုံးပွဲ
ဘူ ချည်းပဲကျ သုံးမရ,တဲ့
‌နေ့တ‌နေ့။
ဒီလို‌နေ့များ လာမတားနဲ့
စကားများလျင် နားသွားမယ်။

ဒီ‌နေ့‌တော့လား မှတ်ထားငါဟဲ့
တစ်နဲ့စားတယ် လာထားကွယ်တို့
နိုင်တယ်ဆိုတာ ဒါမျိုးကွ။
ဒီလို‌နေ့လား လာမတားနဲ့
အနားကပ်လျင် နားသွားမယ်။

ဒီလို‌နေ့ကျ ကစားရ,တာ
ခါးက,လည်း‌တောင့် ဇက်‌ကြော‌အောင့်ပြီး
မြီး‌ညှောင့်ရိုးကျဉ် ‌ခြေ‌ထောက်ကဉ်နဲ့
ထုံကျဉ်ကိုက်ခဲ သား‌ရေပွဲ။
ဒီလို‌နေ့လား လာမတားနဲ့
ကစား‌နေတယ် နားသွားမယ်။

‌လောင်းကစား‌လောက,
သွား‌ရေကျလည်းမ‌ပျော်
နိုင်‌တော့လည်းမ‌တော်ချင်
ရှုံးလျင်‌တော့ပိုဆိုးလာ
ဘာအကျိုးမျှမရှိ
သိပြီးတဲ့‌နောက်
တ‌ယောက်တည်းငါဆင်း
‌ရေတွင်း‌ဟောင်းထဲ
ဖဲထုပ်ကို အ‌ကောင်းဆုံးပြင်
ငါသာလျှင်ဒိုင်ချုပ်
ထိုးသားလုပ်လည်းငါ
ငါ့ဖဲငါချိုး
မိုးချုပ်က,‌နေ မိုးလင်း‌ပေါက်
တမိုး‌သောက်လို့ ‌နောက်တမိုးမချုပ်ခင်
‌ရေတွင်းအပြင်က,ပြန်ထွက်
ဖဲထုပ်ကို ချန်ရစ်ခဲ့တယ်။

တ‌ယောက်တည်းကစားတဲ့ပွဲ
ရန်လည်းနည်းကင်း
ငြိမ်းချမ်းခြင်းတို့‌ဝေဆာလှိုုင်
နိုင်လည်းမနိုင်
ရှုံးလည်းမရှုံး
‌နောက်ဆုံးတွက်စစ်
မီးခြစ်နဲ့ ဖ‌ယောင်းတိုင်‌တွေ
ဆိုင်မှာဝယ်ခဲ့ရ,တာ‌လေဗျာ။

ငြိမ်းချမ်းခြင်း အရသာမှန်
ကြံကြံဖန်ဖန် မရှာကြပါနဲ့
ကိုယ့်စိတ်သာကိုယ်နိုင်‌အောင်ထိန်း
ဘယ်လိုမှ မယိမ်းမယိုင်မှ
ငြိမ်းချမ်း‌ရေးရ,ကြမှာ။

သို့ပါ‌သော်လည်း
‌ရောင့်ရဲတင်းတိမ်ခြင်းဆိုတဲ့အရာ
ငြိမ်းချမ်းခြင်းဆိုတာနဲ့ တစက်မျှမဆိ်ုင်ဘူး‌နော်။

မင်းစိုးစံ
အ‌ဝေး‌ရောက် ကရင်ဒုက္ခသည်တဦး