Home ထိပ်တန်းသတင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဒုတိယအကြိမ် လျှို့ဝှက်စည်း‌ဝေး

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဒုတိယအကြိမ် လျှို့ဝှက်စည်း‌ဝေး

1534
စက်တင်ဘာလ ၂၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

စစ်အစိုးရကို ‌တော်လှန်တိုက်ခိုက်‌နေ‌သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် နယ်ခြား‌စောင့်တပ် ဖွဲ့စည်း‌ရေးကို ငြင်း ဆန်‌နေ‌သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ စုစု‌ပေါင်း (၆)ဖွဲ့ စက်တင်ဘာလ ၂၄ရက်‌နေ့မှ ၂၆ရက်‌နေ့အထိ ဒုတိယအ ကြိမ် လျှို့ဝှက်အစည်းအ‌ဝေးတရပ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ အစည်းအ‌ဝေးတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကချင်လွတ်‌မြောက်‌ရေးအဖွဲ့နှင့် ရှမ်းပြည်တပ်မ‌တော်-‌မြောက်ပိုင်း (SSA-N)တို့ တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

တိုင်းရင်းသားအဖွဲ့များအ‌နေဖြင့် အမြဲတမ်း ‌တွေ့ဆုံနိုင်ရန်နှင့် ပိုမိုကျစ်လစ်သည့် အဖွဲ့အစည်းတခုဖြစ်ရန် အစည်းအ‌ဝေးတွင် ဆုံးဖြတ်ချက်ချနိုင်ခဲ့သည့်အပြင် စစ်အစိုးရက နယ်ခြား‌စောင့်ဖွဲ့စည်း‌ရေးကို ငြင်းဆန်‌နေသည့် အပစ်ရပ် တိုင်းရင်းသားအ ဖွဲ့များအ‌ပေါ် စစ်‌ရေးအရ တိုက်ခိုက်လာမည်ဆိုပါက တပ်‌ပေါင်းစုကြီးအ‌နေဖြင့် စစ်‌ရေးအရ ဝိုင်းဝန်းကူညီသွားကြရန် သ‌ဘော တူညီမှုရရှိခဲ့သည်ဟု နီးစပ်သူများက ‌ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ အ‌သေးစိတ်သိရန် အစည်းအ‌ဝေးတွင် ပါဝင်သည့် အဖွဲ့တချို့ကို ဆက်သွယ်‌သော်လည်း ‌ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

၎င်းတိုင်းရင်းသားအဖွဲ့များ၏ ပထမအကြိမ် အစည်းအ‌ဝေးကို ပြီးခဲ့သည့် ‌မေလ ၂၂ရက်‌နေ့မှ ၂၃ရက်‌နေ့အထိ ထိုင်းနိုင်ငံ၊ ချင်း မိုင်မြို့၌ပင် ကျင်းပခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်‌ရေး ပါတီ (KNPP)၊ စစ်အစိုးရနှင့် အပစ်ရပ်ထားသည့် မွန်ပြည်သစ်ပါတီ(NMSP)၊ ကချင်ပြည်လွတ်‌မြောက်‌ရေးအဖွဲ့(KIO)တို့မှ စစ် ‌ရေး၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးခဲ့ပြီး ရှမ်းပြည်တပ်မ‌တော်-‌မြောက်ပိုင်း(SSA-N)သည် ယခုအကြိမ်တွင် ပထမဦးဆုံးအကြိမ် တက် ‌ရောက်‌ဆွေး‌နွေးခဲ့ခြင်း ဖြစ်သည်။

ယခုတကြိမ် အစည်းအ‌ဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၆)ဖွဲ့မှ စစ်‌ရေးအ‌တွေ့အကြုံရှိသည့် ထိပ်ပိုင်း‌ခေါင်း‌ဆောင် များ တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။