Home ထိပ်တန်းသတင်း တိုက်ပွဲဖြစ်ပွားမှု‌ကြောင့် ရွာသားများ ညှင်းပန်းနှိပ်စက်ခံရ

တိုက်ပွဲဖြစ်ပွားမှု‌ကြောင့် ရွာသားများ ညှင်းပန်းနှိပ်စက်ခံရ

1451
စက်တင်ဘာ ၁၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌မြောက်ပိုင်း၊ ‌ညောင်‌လေးပင်ခရိုင်၊ ‌ကျောက်ကြီးမြို့နယ်တွင် နအဖနှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ် မ‌တော် (‌ကေအဲန်အယ်လ်‌အေ) တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားမှု‌ကြောင့် ‌ဒေသခံရွာသား ၂၆ဦး ဖမ်းဆီးနှိပ်စက်ခံရသည်ဟု သိ ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၅)ရက်‌နေ့က ‌ကျောက်ကြီးမြို့နယ် မ‌တောကုန်း‌ကျေးရွာအနီးတွင် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၉)နှင့် နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ (၁၆)မှ ‌ခြေလျင်တပ်ရင်း-ခလရ (၂၄၂)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်က ထိ ခိုက်‌သေဆုံးမှုရှိ‌သော‌ကြောင့် ယခုလို ရွာသားများ ဖမ်းဆီးနှိပ်စက်ခံရခြင်းဖြစ်သည်ဟု နယ်‌မြေခံတဦးက ‌ပြောသည်။

ယင်းသို့ ဖမ်းဆီးနှိပ်စက်ခံရသည့် ရွာသားများမှာ မ‌တောကုန်း၊ သဃင်္န်း‌မြောင်၊ ပတ္တလား၊ အုန်း‌မြေဒူး(‌တောခို)၊ ပ‌အော‌တော စသည့်ရွာများမှ ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီး‌နောက် အဆိုပါ နအဖစစ်တပ်သည် မ‌တောကုန်း ရွာထဲသို့ လက်နက်ကြီးများဖြင့် ဝင်‌ရောက်ပစ်ခတ်ခဲ့ ‌သော‌ကြောင့် ရွာသူအမျိုးသမီးတဦး ‌သေဆုံးသွားခဲ့ပြီး ရွာထဲရှိ အမျိုးသားများမှာ အ‌တွေ့မခံဘဲ လွတ်‌မြောက်ရာ‌နေရာများသို့ ထွက်‌ပြေးပုန်း‌အောင်းခဲ့ရသည်ဟု ၎င်းနယ်‌မြေခံက ‌ပြောသည်။

ယခုအချိန်တွင် ရွာသူရွာသားများ တရွာနှင့်တရွာ အဆက်အသွယ် လုံးဝ မလုပ်ရန်နှင့် လုပ်ငန်းခွင်သွားလာခွင့်ကိုလည်း ပိတ် ပင်ထားသည့်အပြင် လမ်းတွင်‌တွေ့ရှိပါက တန်းပစ်သတ်မည်ဟု ၎င်းခလရ(၂၄၂)တပ်ရင်းက ခြိမ်း‌ခြောက်ထား‌ကြောင်း ‌ညောင်‌လေးပင်ခရိုင်သတင်းအရ သိရသည်။

ထို့အပြင် အဆိုပါရွာများမှ ရွာသူကြီးများကို ယခုလ ၇ရက်‌နေ့က ဖမ်းဆီး‌ခေါ်‌ဆောင်ခဲ့ပြီး သက်ဆိုင်ရာ ‌ကျေးရွာအနီးတဝိုက် တွင် တိုက်ပွဲမဖြစ်‌စေရန် ဝန်ခံကတိ‌ပေးခိုင်းကာ အတင်းအဓမ္မ လက်မှတ်‌ရေးထိုးခိုင်းသည့်အပြင် တစုံတရာ ဖြစ်ပွားလာပါက ရွာသူကြီးများကို အကုန်သတ်ပစ်မည်ဟု ခြိမ်း‌ခြောက်ထား‌ကြောင်း သိရသည်။