Home ထိပ်တန်းသတင်း တုပ်‌ကွေး‌ရောဂါ‌ကြောင့် မယ်လအူး စခန်းတွင် စာသင်‌ကျောင်းအားလုံး ပိတ်ထားရ

တုပ်‌ကွေး‌ရောဂါ‌ကြောင့် မယ်လအူး စခန်းတွင် စာသင်‌ကျောင်းအားလုံး ပိတ်ထားရ

1468
စက်တင်ဘာလ ၂၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ မဲ‌ဟောင်‌ဆောင်ခရိုင်အတွင်းရှိ မယ်လအူးဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့်အပတ်က ကူးစက်ဖြစ်ပွားခဲ့သည့် တုပ် ‌ကွေး‌ရောဂါ‌ကြောင့် ယ‌နေ့အထိ စာသင်‌ကျောင်းအားလုံး အ‌ရေး‌ပေါ် ယ‌နေ့ ပိတ်ထားရသည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရ သည်။

မယ်လအူးစခန်း အမှတ်(၁) အထက်တန်း‌ကျောင်းမှ ဆရာ‌စောဖိုးနီးနီးက “‌ကျောင်းသူ‌ကျောင်းသား‌တွေက တုပ်‌ကွေးဖြစ်ကြ တာ ကျ‌နော်တို့ ‌ကျောင်းမပိတ်ရင်လည်း ‌ကျောင်းလာတက်တဲ့သူ‌တွေ ရှိ‌တော့မှာ မဟုတ်ဘူး။ အခုဖြစ်တာက တစခန်းလုံး ဖြစ် တာ။ ကူးစက်နှုန်းကလည်း အရမ်းမြန်တယ်။ ကျ‌နော်တို့ ‌ကျောင်းတစ်‌ကျောင်းတည်းမှာပဲ တုပ်‌ကွေး‌ရောဂါ ကူးစက်ခံရတဲ့ ‌ကျောင်းသား‌ကျောင်းသူဦး‌ရေ ၂၀၀‌ကျော်‌လောက် ရှိမယ်။”ဟု ‌ပြောသည်။

မယ်လအူး ‌ဆေးဝန်ထမ်းတဦးဖြစ်သူ ‌စောမာနယ်က “ဖြစ်တာက‌တော့ တုပ်‌ကွေးပဲ။ ‌သွေးစစ်၊ ဆီးစစ်‌တော့လည်း ဘာ‌ရောဂါ လက္ခဏာမှ မ‌ပေါ်ဘူး။ ထူးခြားတာက တပတ်အတွင်းမှာ တုပ်‌ကွေး‌ရောဂါ ကူးစက်ခံရတာ ၁,၀၀၀‌ကျော် ရှိမယ်။ ပုံမှန်ဆိုရင် တလကို လူနာ ၃၀၀‌လောက်ပဲ ရှိတာ။ အခုက မယုံနိုင်စရာပဲ။ ‌ဆေးရုံမှာက လူအပြည့်ပဲ။ ‌ဆေးရုံ လူမဆံ့လို့ တချို့လူနာ‌တွေ ‌ဆေးရုံမှာ ‌ဆေးလာယူပြီး အိမ်မှာပဲ ‌နေရတယ်။”ဟု ‌ပြောသည်။

တုပ်‌ကွေး‌ရောဂါ ကူးစက်ခံရသူများတွင် လည်‌ချောင်းနာခြင်း၊ မျက်စိနာခြင်း၊ နှာရည်ယိုခြင်း၊ ‌ခေါင်းကိုက်ခြင်း၊ ကိုယ်ပူခြင်း၊ မူး ‌ဝေခြင်းနှင့် အသက်ရှူကြပ်ခြင်း စသည့်လက္ခဏာများကို ‌တွေ့ရပြီး က‌လေး၊ လူကြီး အသက်အရွယ်မ‌ရွေးတွင် ကူးစက်ဖြစ်ပွား ‌နေ‌သော်လည်း ‌သေဆုံးမှုများ မရှိ‌ကြောင်း ၎င်း‌ဆေးဝန်ထမ်းက ဆက်လက် ‌ပြောဆိုသည်။

စာသင်‌ကျောင်းများ ပိတ်ထားခြင်းနှင့် ပတ်သက်၍ ကရင်ဒုက္ခသည်များဆိုင်ရာ ‌ကော်မတီ(‌ကေအာရ်စီ)နှင့် မယ်လအူး စာသင် ‌ကျောင်းများကို ‌ထောက်ပံ့မှု‌ပေး‌နေသည့် အစိုးရမဟုတ်‌သောအဖွဲ့(အဲန်ဂျီအို)များကို တပတ်အထိ ပိတ်ထားမည်ဟု တရားဝင် အသိ‌ပေးထား‌သော်လည်း တုပ်‌ကွေး‌ရောဂါ ကူးစက်မှုနှုန်း‌လျှော့သွားခြင်း မရှိပါက ထပ်မံ ပိတ်ထားဖွယ်ရှိသည်ဟု မယ်လအူး စခန်း ဥက္ကဌဖြစ်သူ ‌စော‌ကော်ဝါးက ‌ပြောသည်။

ဒုက္ခသည်ဦး‌ရေ ၁၂,၀၀၀‌ကျော်ရှိသည့် မယ်လအူးဒုက္ခသည်စခန်းတွင် အထက်တန်းလွန်‌ကျောင်း ၃‌ကျောင်း၊ အထက်တန်း ‌ကျောင်း ၅‌ကျောင်း၊ အလယ်တန်း‌ကျောင်း ၁‌ကျောင်း၊ မူလတန်း‌ကျောင်း ၂‌ကျောင်းနှင့် မူကြို‌ကျောင်း ၇‌ကျောင်းရှိပြီး စုစု‌ပေါင်း ‌ကျောင်းသားဦး‌ရေ ၇,၀၀၀‌ကျော်နှင့် ‌ကျောင်းဆရာ ၃၀၀‌ကျော် ရှိသည်။

ပြီးခဲ့သည့် နှစ်များအတွင်း ယခု စက်တင်ဘာလ၌ မယ်လအူးစခန်းတွင် တုပ်‌ကွေး‌ရောဂါ ဖြစ်ပွားမှုများရှိခဲ့‌သော်လည်း ယခုကဲ့ သို့ ဆိုးရွားသည့် ဖြစ်ပွားမှုများ မရှိခဲ့‌ကြောင်း မယ်လအူး ‌ဆေးဝန်ထမ်းများက ဆိုသည်။

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ကျုံဘိုင်း‌ကျေးရွာအုပ်စု ကိုးဝါ့ဖိုးရွာတွင်လည်း အလားတူ တုပ်‌ကွေး‌ရောဂါမှာ အိမ်လုံး ကျွတ် ဖြစ်ပွားလျှက်ရှိသည်ဟု ရွာသူအမျိုးသမီးတစ်ဦးကလည်း ယခုလို ရှင်းပြသည်။

၎င်းက “ကျမတို့ ကျုံဘိုင်း‌ကျေးရွာအုပ်စုမှာလည်း ဖြစ်တယ်။ အခု အိမ်‌ခြေ ၂၀‌ကျော်ရှိတဲ့ ကျမတို့ ရွာမှာဆိုရင် ပြီးခဲ့တဲ့လက တည်းက ဖျားနာတာ‌တွေ ဖြစ်တယ်။ တုပ်‌ကွေးလို့ ထင်ရတာပဲ။ ဖြစ်လိုက်ရင် အိမ်လုံးကျွတ်ပဲ။ ဖြစ်တဲ့သူ ၁၀‌ယောက်‌ကျော် ရှိ ပြီ။ ‌ပျောက်တဲ့သူ‌ပျောက်၊ ဖြစ်တဲ့သူ ဆက်ဖြစ်‌နေတုန်းပဲ။ ဒီမှာက ‌ဆေးပဲ ဝယ်စားပြီး ကုရတာပဲ။ ‌ရောဂါက ဘာဖြစ်လို့ ဖြစ်တာ လဲ‌တော့ ကျမတို့လည်း မသိဘူး။ ‌သေတဲ့သူ‌တော့ မရှိဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။