Home ထိပ်တန်းသတင်း တရက်တာ ငြိမ်းချမ်း‌ရေး ပြုလုပ်မည်ဟု ‌ကေအဲန်ယူ ထုတ်ပြန်

တရက်တာ ငြိမ်းချမ်း‌ရေး ပြုလုပ်မည်ဟု ‌ကေအဲန်ယူ ထုတ်ပြန်

1620
စက်တင်ဘာလ ၁၆ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်ရန်နှင့် ကုလသမဂ္ဂကို ‌လေးစားလိုက်နာ‌သောအားဖြင့် ယခုနှစ် ကျ‌ရောက်မည့် စက်တင်ဘာလ (၂၁)ရက်‌နေ့ နိုင်ငံတကာငြိမ်းချမ်း‌ရေး‌နေ့တွင် နအဖ စစ်အစိုးရနှင့် တရက်တာ ယာယီအပစ်အခတ်ရပ်ဆိုင်း‌ရေးလုပ်မည်ဟု ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)က ယမန်‌နေ့၌ ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

နအဖအ‌ပေါ် တရက်တာ ယာယီအပစ်ရပ်ဆိုင်း‌ရေး ‌တောင်းဆိုလိုက်ခြင်းသည် ‌ကေအဲန်ယူမှ နိုင်ငံ‌ရေးပြဿနာများကို ငြိမ်းချမ်း ‌သောနည်းလမ်းဖြင့် ‌ဖြေရှင်းလိုသည့်ဆန္ဒကို ထုတ်‌ဖော်ပြလိုက်ခြင်းဖြစ်သည်ဟု ‌ကြေညာချက်တွင် ပါရှိသည်။

‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က “ကျမတို့ အဖွဲ့အစည်းဟာ ငြိမ်းချမ်း‌ရေးကို တကယ်ချစ်မြတ်နိုး တယ်ဆိုတာ နိုင်ငံတကာသိ‌အောင် ဒီ‌ကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။ နအဖ စစ်အစိုးရအ‌နေနဲ့လည်း ငြိမ်းချမ်း‌ရေးကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင် ဒါကို သူတို့ လိုက်‌လျောသင့်တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဆက်လက်၍ သူမက ယခုလာမည့် နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့၌ စစ်ဆင်‌ရေးမလုပ်ရန် ‌ကေအဲန်ယူ‌ရှေ့တန်းနယ်‌မြေရှိ ရဲ‌ဘော်များကို အ‌ကြောင်းကြားထားပြီးဖြစ်‌ကြောင်းနှင့် အကယ်၍ နအဖ စစ်တပ်မှ စစ်ဆင်‌ရေးလုပ်လာပါက မိမိကိုယ်ကို ခုခံ သည့်အ‌နေဖြင့် ပြန်လည်တိုက်ခိုက်သွားမည်ဟုလည်း ရှင်းပြ‌ပြောဆိုသည်။

တချိန်တည်းမှာပင် ‌ကေအဲန်ယူ၏ ထုတ်ပြန်‌ကြေညာချက်ကို ဗြိတိန်နိုင်ငံအ‌ခြေစိုက် Christian Solidarity Worldwide – CSW က ကြိုဆိုလိုက်‌ကြောင်း ‌ကြေညာချက်တစ်‌စောင် ယမန်‌နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ စာထဲတွင် လာမည့် စက်တင်ဘာလ (၂၁)ရက် ကမ္ဘာ့ငြိမ်းချမ်း‌ရေး‌နေ့တွင် ‌ကေအဲန်ယူ၏ တရက်တာ ယာယီ အပစ်အ ခတ် ရပ်ဆိုင်း‌ရေးကို နအဖ စစ်အစိုးရအ‌နေဖြင့် လက်ခံ‌ပေးပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်နယ်များမှ ထိုးစစ်များ ရပ်တန့် ထားရန် ‌တောင်းဆိုထားသည်။

ကရင်ပြည်နယ်အတွင်း နအဖ၏ ထိုးစစ်မှန်သမျှကို ရုပ်သိမ်း၍ တပ်များပြန်လည်ရုပ်သိမ်းရန်၊ ‌တွေ့ဆုံ‌ဆွေး‌နွေးခြင်းဖြင့် နိုင်ငံ ‌ရေးနှင့် လက်နက်ကိုင်ပဋိပက္ခကို ‌ဖြေရှင်းရန်အပြင် ကရင်ပြည်နယ်ရှိ နအဖ၏ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများသည် ဂျီနီဗာ သ‌ဘောတူညီချက်ကို ဆန့်ကျင်ရာ‌ရောက်သည်ဟု ‌ကြေညာချက်၌ တိုက်တွန်း‌ရေးသားထားသည်။

‌ကေအဲန်အယ်လ်‌အေ (၂၀၁)တပ်ရင်း ရဲ‌ဘော်များ
ကုလသမဂ္ဂလုံခြုံ‌ရေး‌ကောင်စီနှင့် ကုလသမဂ္ဂ အ‌ထွေ‌ထွေညီလာခံ ဆုံးဖြတ်ချက်များ၊ ကုလသမဂ္ဂ အတွင်း‌ရေးမှူး၏ ‌တောင်း ဆိုချက်များနှင့် ဇွန်လ စက်မှုထိပ်သီး (၈)နိုင်ငံ အစည်းအ‌ဝေးမှ မြန်မာ့နိုင်ငံ‌ရေးပြဿနာကို ‌တွေ့ဆုံ‌ဆွေး‌နွေးခြင်းဖြင့် ‌ဖြေရှင်းရ မည့် ဆုံးဖြတ်ချက်များကို ‌လေးစားလိုက်နာ‌သောအားဖြင့် တရက်တာ ယာယီအပစ်ခတ်ရပ်ဆိုင်း‌ရေးကို ‌တောင်းဆိုလိုက်ခြင်း ဖြစ်သည်ဟု ‌ကေအဲန်ယူက ဆိုသည်။

‌ကေအဲန်ယူ ထုတ်ပြန်‌ကြေညာချက်အ‌ပေါ် ထိုင်းနိုင်ငံအ‌ခြေစိုက် နိုင်ငံ‌ရေး‌လေ့လာသုံးသပ်သူ ကို‌အောင်နိုင်ဦးက “ငြိမ်းချမ်း‌ရေး ‌နေ့မှာ ‌ကေအဲန်ယူက ဒီလို ထုတ်ပြန်ချက်ထုတ်တာ ‌ကောင်းပါတယ်။ ဒါ‌ပေမဲ့ ဒီလို အ‌ခြေအ‌နေမျိုးမှာ ထုတ်တာ‌တော့ သိပ်ပြီး ‌တော့ မထူးပါဘူး။ ဘာဖြစ်လို့လဲဆို‌တော့ နအဖက လိုက်နာချင်မှ လိုက်နာမှာ‌လေ။ တကယ်လို့ ‌ကေအဲန်ယူနဲ့ နအဖတို့ ဆက် ဆံ‌ရေး‌ကောင်းတဲ့အ‌နေထားမှာရှိရင် ဒီ‌ကြေညာချက်ဟာ အရမ်းကို စိတ်ဝင်စားစရာ‌ကောင်းတဲ့ အရာတစ်ခု ဖြစ်နိုင်ပါတယ်။” ဟု ‌ပြောသည်။

နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့ လှုပ်ရှားမှုများကို နှစ်စဉ် ကျင်းပလာခဲ့သည့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ယခုနှစ်တွင် ရုံးခွဲများဖြစ်သည့် မဲ‌ဆောက်၊ အိန္ဒိယနှင့် ဘဂင်္လား‌ဒေ့ရှ်တို့တွင် ငြိမ်းချမ်း‌ရေးဆု‌တောင်းပွဲများ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများ ပြု လုပ်သွားမည်ဟု သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂညီလာခံမှ ဆုံးဖြတ်ချက်အမှတ် ၅၅/၂၈၂ဖြင့် ပြီးခဲ့သည့် ၂၀၀၁ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်‌နေ့ကို နိုင်ငံ တကာ ငြိမ်းချမ်း‌ရေး‌နေ့အဖြစ် ချမှတ်ခဲ့ပြီး ‌ကေအဲန်ယူအ‌နေဖြင့် ယခုလို ‌ကြေညာချက်ထုတ်ပြန်ခြင်းမှာ ပထမဆုံးဖြစ်သည်။