Home ထိပ်တန်းသတင်း ဂျပန်အစိုးရက ကရင်ဒုက္ခသည်များအတွက် ကြိုတင်ပြင်ဆင်‌နေပြီ

ဂျပန်အစိုးရက ကရင်ဒုက္ခသည်များအတွက် ကြိုတင်ပြင်ဆင်‌နေပြီ

1850
စက်တင်ဘာလ ၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

တတိယနိုင်ငံ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ ယခုလအတွင်း ထွက်ခွာ‌တော့မည့် ကရင်ဒုက္ခသည်များအတွက် ဂျပန်အစိုးရနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး(UNHCR)က ကြိုတင်ပြင်ဆင်မှုများ လုပ်‌ဆောင်‌နေပြီဖြစ်‌ကြောင်း ‌ကေအိုင်စီ က စုံစမ်းသိရှိရသည်။

ထိုင်မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်း (ဓါတ်ပုံ - KIC)

ပြီးခဲ့သည့်လ ၂၅ရက်‌နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြုလုပ်ခဲ့သည့် ကရင်ဒုက္ခသည်များ လာ‌ရောက်မည့်အ‌ရေး ‌ဆွေး‌နွေးပွဲ တွင် တိုကျိုမြို့ရှိ Karen National League (Japan) နှင့် Oversea Karen Organization (Japan) မှ ကရင်ကိုယ်စားလှယ် ၆ဦး တက်‌ရောက်ခဲ့ကြသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ခဲ့သူ OKO-J မှ ‌နော်သွယ်‌ဖောက “‌ဆွေး‌နွေးပွဲမှာ ဂျပန်ကို လာ‌ရောက်မဲ့ မယ်လစခန်းက ကရင်ဒုက္ခသည်‌တွေကိစ္စကို ‌ဆွေး‌နွေးခဲ့ကြတယ်။ ဂျပန်အစိုးရဘက်က‌ရော၊ ယူအဲန်ဘက်က‌ရော ကျန်းမာ‌ရေး၊ ပညာ‌ရေးအစ အ‌ကောင်းဆုံးကို ပြင်ဆင်ထား‌ပေးတယ်။ ကျမတို့ အခု ‌နေထိုင်ရပ်တည်ရတာထက် အများကြီး အဆင်‌ပြေတယ်‌လေ။ ဂျပန်အ စိုးရရဲ့ သ‌ဘောထားက ‌ကောင်းတဲ့ အ‌နေအထားမှာရှိတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

‌ဆွေး‌နွေးပွဲတွင် ဂျပန်အစိုးရအ‌နေဖြင့် ‌ရောက်ရှိလာမည့် ဒုက္ခသည်များကို တိုကျိုရှိ မြို့နယ်တစ်ခုတွင် ထားရှိကာ ၆လ ကူညီ ‌ထောက်ပံ့သွားမည်ဖြစ်ပြီး ဆက်လက်၍လည်း ၎င်းတို့၏ ရပ်တည်နိုင်မှု အ‌ခြေအ‌နေ‌ပေါ် မူတည်ပြီး လုပ်‌ဆောင်သွားမည်ဖြစ် ‌ကြောင်း သိရသည်။

ဂျပန်နိုင်ငံသို့ ထွက်ခွာရ‌တော့မည့် မယ်လဒုက္ခသည် ‌စောအဲ့လယ်က “ကျ‌နော်တို့အတွက် ပြင်ဆင်ထားတာကို ဝမ်းသာပါ တယ်။ ‌နောက်ပြီး ဂျပန်ကိုယ်စားလှယ်‌တွေ ‌ဖေ‌ဖော်ဝါရီလမှာ အင်တာဗျူးလာလုပ်ကတည်းက ကျ‌နော်တို့ဘဝအတွက် အာမခံ ချက်ရှိတယ်လို့လည်း ‌ပြောခဲ့တယ်‌လေ။ ဂျပန်နိုင်ငံက အာရှနိုင်ငံဖြစ်ပြီး ကျ‌နော်တို့နဲ့ ယဉ်‌ကျေးမှု၊ လူ‌နေမှုအဆင့်အတန်းလည်း ကွာခြားမှု ရှိမယ်လို့မထင်ဘူး‌လေ။ ဒါ‌ကြောင့် က‌လေး‌တွေရဲ့ ပညာ‌ရေးအတွက် အခုလို သွားဖို့ ဆုံးဖြတ်လိုက်ရတာပါ။”ဟု ဆို သည်။

“ဂျပန်လူမျိုး‌တွေက အလုပ်လုပ်ရင် တိကျတယ်။ မလုပ်ရင် မလုပ်ဘူး။ လုပ်ရင်လည်း ထိ‌ရောက်‌အောင် လုပ်တတ်တဲ့ အကျင့် စရိုက် ရှိတယ်။”ဟု တိုကျိုမြို့မှ ကရင်အမျိုးသမီး ‌နော်သွယ်‌ဖောက ဆိုသည်။

အစပိုင်းတွင် တတိယနိုင်ငံ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ ထွက်ခွာမည့် မယ်လစခန်းမှ ကရင်ဒုက္ခသည်များမှာ မိသားစု ၆စုမှ လူဦး‌ရေ ၃၂ဦးဖြစ်‌သော်လည်း မိသားစုတစုမှာ ကျန်းမာ‌ရေးအ‌ခြေအ‌နေ‌ကြောင့် ၎င်းတို့၏ အစီအစဉ်ကို ပယ်ဖျက်ခဲ့သည်ဟု သိရသည်။ ယခု ထွက်ခွာ‌တော့မည့် ကရင်ဒုက္ခသည်များမှာ မိသားစု ငါးစုမှ လူဦး‌ရေ ၂၇ဦးဖြစ်ကြပြီး ၎င်းတို့အ‌နေဖြင့် စက်တင် ဘာလ ၂၃ရက် ‌နေ့တွင် မယ်လစခန်းမှ ထွက်ခွာပြီး ၂၇ရက်‌နေ့တွင် ဂျပန်နိုင်ငံသို့ ‌ရောက်ရှိမည် ဖြစ်သည်။

ဂျပန်အစိုးရသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များကို ယခုနှစ်မှစ၍ သုံးနှစ် ဆက်တိုက် ‌ခေါ်ယူသွားမည်ဖြစ်ပြီး တနှစ်လျှင် လူဦး‌ရေ ၃ဝခန့်သာ သတ်မှတ်ထား‌ကြောင်း ဂျပန်အမျိုးသမီး သတင်း‌ထောက်တစ်ဦးက ‌ပြောသည်။

ယင်းသို့ ‌ခေါ်ယူရာတွင် ၎င်းတို့၏နိုင်ငံသို့ လာ‌ရောက်မည့် ဒုက္ခသည်များမှာ အသက် ၃၅နှစ်ထက် မ‌ကျော်လွန်‌စေဘဲ သားသမီး ထွန်းကားသည့် မိသားစုများကိုသာ ‌ခေါ်ယူ‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၂ရက်‌နေ့တွင် (UNHCR)နှင့် ဂျပန်အစိုးရ ကိုယ်စားလှယ်များက ဂျပန်နိုင်ငံသို့ အ‌ခြေချခွင့်ရရန် ‌လျှောက်ထားသည့် မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို လူ‌တွေ့စစ်‌ဆေးမှုများ ပြုလုပ်ခဲ့ပြီး ‌အောင်မြင်သူများကို ယခုလ တွင် ‌ခေါ်ယူခြင်းဖြစ်သည်။

‌စောအဲ့လယ်က သားသမီးများ၏ ‌ရှေ့‌ရေး‌ကြောင့် တတိယနိုင်ငံကို ထွက်ခွာရခြင်းဖြစ်ပြီး အထူးသဖြင့် ဒုက္ခသည်စခန်းတွင်း ‌နေထိုင်ရသည်ထက် ဂျပန်နိုင်ငံသို့ သွား‌ရောက်အ‌ခြေချ‌နေထိုင်ခြင်းသည် ပို၍ ၎င်းတို့၏ မိသားစုဘဝ အာမခံချက်ရှိမည်ဟု ယုံကြည်‌ကြောင်း ဆက်လက် ‌ပြောဆိုသည်။

မယ်လစခန်း အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောစိုးယုကလည်း အာရှနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံ၏ လူ‌နေမှုအဆင့်နှင့် ယဉ်‌ကျေးမှု များသည် ဥ‌ရောပနိုင်ငံများ‌လောက် ကြီးမားသည့် ကွာခြားမှု မရှိသည့်အတွက် သွား‌ရောက်အ‌ခြေချမည့် ဒုက္ခသည်များအ‌နေ ဖြင့် အခက်အခဲများ မရှိနိုင်ဟု ရှင်းပြသည်။

လက်ရှိ လူဦး‌ရေ ၄၈,၀၀၀‌ကျော်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ၂၀၀၆ခုနှစ်ကတည်းက ယခုအချိန်ထိ တတိယနိုင်ငံသို့ ထွက်ခွာသူ ဒုက္ခသည်‌ပေါင်း ၂၁,၀၅၅ဦးရှိပြီး အ‌မေရိကန်၊ ဩစ‌တြေးလျား၊ က‌နေဒါ၊ အဂင်္လန်၊ ‌နော်‌ဝေ၊ ဆွီဒင်၊ နယ်သာလန်၊ ဖင်လန်၊ နယူးဇီလန်၊ ဘယ်လ်ဂျီယံနိုင်ငံများသို့ သွား‌ရောက်ခဲ့ကြ‌သော်လည်း ဂျပန်နိုင်ငံသို့ ထွက်ခွာမှုမှာ ယခု ပထမဆုံးအ ကြိမ် ဖြစ်သည်။