Home ထိပ်တန်းသတင်း ချုံခိုတိုက်ခိုက်ခံရ၍ နအဖစစ်တပ်မှ အရာရှိတဦးပါ ၇ဦးထိခိုက် ၃ဦးကျဆုံး

ချုံခိုတိုက်ခိုက်ခံရ၍ နအဖစစ်တပ်မှ အရာရှိတဦးပါ ၇ဦးထိခိုက် ၃ဦးကျဆုံး

2056
က်တင်ဘာ ၁၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီခရိုင် ‌ဝေါ်‌လေ‌ဒေသတွင် တပ်‌ပြောင်းလဲရန် ‌ရောက်ရှိလာ‌သော နအဖတပ်ဖွဲ့နှင့် လှုပ်ရှား‌နေ ဆဲတပ်ဖွဲ့တို့ကို ‌ကေအဲန်ယူမှ ယမန်‌နေ့နှင့် ယ‌နေ့မနက်တွင် နှစ်ကြိမ်ဆက်တိုက် ချုံခိုက်တိုက်ခိုက်ခဲ့ရာ နအဖတပ် ဘက်က ၃ဦး‌သေဆုံးပြီး ဗိုလ်ကြီးတစ်ဦး အပါအဝင် ၇ဦး ဒဏ်ရရှိခဲ့သည်ဟု သိရသည်။

‌ဝေါ်‌လေ‌ဒေသ ‌မော်ခီးအ‌ခြေစိုက် အ‌ရှေ့‌တောင်တိုင်းစစ်တပ်ဌာနချုပ် ရတခ လက်‌အောက်ခံတပ်ရင်း ခလရ(၂၇၅) နှင့် တပ်‌ပြောင်းလဲရန် ‌ရောက်ရှိလာ‌သော ခလရ(၉၇)အား ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန် အယ်လ်‌အေ) တပ်ရင်း(၂၀၁)က ယမန်‌နေ့ည‌နေ ၃နာရီခန့်တွင် တကြိမ်ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၃ဦး ကျဆုံးပြီး ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ယ‌နေ့မနက် (၆)နာရီခန့်တွင် ကနဲ‌လေးအ‌ခြေစိုက် နအဖ စကခ(၈) လက်‌အောက်ခံ ခမရ(၄၀၃) လှုပ် ရှားတပ်ရင်းအား ‌ကေအဲန်အယ်လ်‌အေ (၂၀၁)တပ်ဖွဲ့က ထပ်မံ၍ ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၄ဦး ထိခိုက် ဒဏ်ရာရရှိသွားသည်ဟု ၎င်းတပ်ရင်း(၂၀၁)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး‌စောကြည်‌အောင်က အတည်ပြု ‌ပြောဆိုသည်။

“မ‌နေ့က ည‌နေ ၃နာရီ်မှာ ခလရ(၉၇)နဲ့ ကျ‌နော်တို့တပ်ဖွဲ့ ကနဲ‌လေးရွာ အ‌နောက်ဘက်ခြမ်း ‌တောင်ကုန်း‌ဘေးနား မှာ တိုက်ပွဲဖြစ်‌တော့ နအဖဘက်က ၃‌ယောက်‌သေ၊ ၃‌ယောက်ဒဏ်ရတယ်။ ဒီမနက် ကနဲ‌လေးရွာ အ‌ခြေစိုက် ခမရ (၄၀၃)နဲ့ တကြိမ်ထပ်ဖြစ်တယ်။ နအဖဘက်က ၄‌ယောက် ဒဏ်ရာရတယ်။ အဲဒီအထဲမှာ ဗိုလ်ကြီးတ‌ယောက်ပါ တယ်။ ကျ‌နော်တို့ဘက်က‌တော့ ထိခိုက်‌သေဆုံးမှု မရှိဘူး။”ဟု ဗိုလ်မှူး‌စောကြည်‌အောင်က ‌ပြောသည်။

‌ကျေးရွာအနီးတဝိုက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ‌ကြောင့် ရွာသားများကို ဖမ်းဆီးအကြပ်ကိုင်မှုများ လုပ်‌ဆောင်ခြင်း မရှိ‌သော်လည်း ခလရ(၂၇၅)သည် ခလရ(၉၇)နှင့် တပ်အ‌ပြောင်းအလဲလုပ်ပြီး‌နောက် ယ‌နေ့မနက်တွင် ‌မောကီး စခန်းမှ မိခင်ဌာနချုပ်‌မော်လမြိုင်သို့ အပြန်လမ်း၌ ‌ကေအဲန်ယူတပ်ဖွဲ့ဝင်များ၏ ချုံခိုတိုက်ခိုက်ခံရမည်စိုးရိမ်‌သော‌ကြောင့် ကနဲ‌လေး ရွာသူကြီး အပါအဝင် ရွာသူရွာသား ၃ဝဦး‌ကျော် လိုက်ပါပို့‌ဆောင်‌ပေးရသည်ဟု သိရသည်။

‌ခြောက်မိနစ်ခန့်ကြာ ဖြစ်ပွားခဲ့သည့် ၎င်းချုံခိုတိုက်ပွဲတွင် ဒဏ်ရာရရှိသွား‌သော နအဖစစ်သည်များကို ‌ဝေါ်‌လေမှ တဆင့် မြဝတီ‌ဆေးရုံကြီးသို့ ပို့‌ဆောင်လိုက်သည်ဟု နယ်‌မြေခံများက ‌ပြောဆို‌နေကြ‌သော်လည်း ယ‌နေ့မွန်းလွဲပိုင်း အထိ စစ်သည်လူနာများ ‌ရောက်ရှိလာခြင်းမရှိ‌ကြောင်း မြဝတီ‌ဆေးရုံမှ ဝန်ထမ်းတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

နအဖ တပ်များသည် ပြီးခဲ့သည့်အပတ်ကတည်းက ဖားအံ-မြဝတီကားလမ်းမှ အင်အားများစွာ ထပ်မံ ‌ရောက်ရှိလာ ကာ ယခုတိုက်ပွဲဖြစ်ပွားသည့် ‌ဝေါ်‌လေ‌ဒေသသို့ သွား‌ရောက်ခဲ့ရာ တပ်ရင်း (၅)ရင်းအထိ ရှိသည်ဟုလည်း နယ်စပ် သတင်းများအရ သိရသည်။

‌ကေအဲန်အယ်လ်‌အေ ၂၀၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ - ‌ကေအိုင်စီ)


ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့‌တောင်ပိုင်း (၁၂၀)ကီလိုမီတာ အကွာအ‌ဝေးရှိ အဆိုပါ တိုက်ပွဲဖြစ်ပွားရာ‌ဒေသသည် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၀၁)၊ နယ်ခြား‌စောင့်တပ်ကို လက်မခံသည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)တပ်ဖွဲ့နှင့် နအဖ ရတခနှင့် စကခ(၈)လက်‌အောက်ခံတပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသည်။