Home ထိပ်တန်းသတင်း ကုန်တင်ကားကြီးများကို သွားလာ‌ရေးပိတ်ပင်

ကုန်တင်ကားကြီးများကို သွားလာ‌ရေးပိတ်ပင်

1866
စက်တင်ဘာလ ၁ဝရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မဲ‌ဆောက်-မြဝတီ ချစ်ကြည်‌ရေး ကုန်သွယ်‌ရေးတံတားပိတ်ထား‌သော်လည်း မြဝတီကားလမ်းတွင် ကုန်တင်ကားနှင့် ခရီးသည် တင်ကားများ ပုံမှန် ‌ပြေးဆွဲလျှက်ရှိရာ ကုန်ပစ္စည်းများ တင်‌ဆောင်သည့်ကားများကို ယ‌နေ့ အသွားအလာ ပိတ်ပင်လိုက်သည် ဟု စုံစမ်းသိရှိရသည်။

မြဝတီမြို့ခံ အမျိုးသမီးတစ်ဦးက “ကုန်တင်ကား‌တွေ မ‌ပြေး‌တော့ဖို့ ပြီးခဲ့တဲ့လလယ်တုန်းက မြန်မာအာဏာပိုင်‌တွေက ‌ပြော တာပါ။ အခုလ ၁ဝရက်‌နေ့ ‌နောက်ဆုံးထားပြီး ၁၀၊ ၁၂ဘီး ကုန်တင်ကား‌တွေ မ‌ပြေး‌တော့ ‌ပြောထားတာ ရှိတယ်‌လေ။ ဒါ ‌ကြောင့် ဒီ‌နေ့ မ‌ပြေး‌တော့တာ ဖြစ်တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောဆိုသည်။

ကုန်တင်ကား ‌ပြေးဆွဲမှုများ ပိတ်ပင်လိုက်ခြင်းသည် မဲ‌ဆောက်-မြဝတီတံတားနှင့် ဆက်စပ်မှုရှိသည်ဟု မြဝတီမြို့ခံများက ယူဆ‌နေကြပြီး အဆိုပါ ချစ်ကြည်‌ရေးတံတား မပိတ်မီက မြန်မာနိုင်ငံအတွင်းမှ ဆန်၊ ကြက်သွန်၊ ငရုတ်သီး၊ တိုင်းရင်း‌ဆေး စသည့် ကုန်စုံပစ္စည်းများကို မြဝတီမှတဆင့် မဲ‌ဆောက်မြို့သို့ ပုံမှန် တင်ပို့လျှက်ရှိသည်။

၎င်းအပြင် ထိုင်းနိုင်ငံဘက်ခြမ်းမှ အချိုရည်၊ ဆီ၊ ငါး‌သေတ္တာ၊ မာမား‌ခေါက်ဆွဲ၊ သကြားလုံး စသည့် လူသုံးကုန်ပစ္စည်းများနှင့် သစ်သီး၊ ပန်းများကိုလည်း မြဝတီမှတဆင့် ဆယ်ဘီးနှင့် ဆယ့်နှစ်ဘီး ကုန်တင်ကားကြီးများဖြင့် ‌ကော့ကရိတ်၊ ဖားအံ၊ ‌မော်လ မြိုင်မြို့များသို့ ကားတန်းအတက်အဆင်းတွင် တစ်ရက်ခြား သယ်ယူပို့‌ဆောင်ခဲ့ကြသည်။

ဆယ့်နှစ်ဘီးကားဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့‌ဆောင်‌နေသူတစ်ဦးက “‌ပြော‌နေကြတာက‌တော့ ၁ဝရက်‌နေ့မှာ ကုန်ကားကြီး ‌တွေကို ‌အောက်ဖက်ကို ‌ပေးမဆင်း‌တော့ဘူးတဲ့။ ဒါ‌ကြောင့် ကျမတို့လည်း ကိုယ့်ပစ္စည်း‌တွေကို အမြန်‌အောက်ဖက်‌ရောက် ‌အောင် ညဖက်ယူသယ်‌နေရတယ်‌လေ။ မှာထားတဲ့ကုန်‌တွေက မြဝတီမှာပဲ တစ်‌နေရင် ကျမတို့ ဘာမှလုပ်လို့မရ‌တော့ဘူး။ နယ်စပ်မှာ လုပ်စားရတာလည်း မလွယ်ပါဘူး။”ဟု ငြီးငြူ‌ပြောဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်၍ မြဝတီ ကညနရုံးသို့ ‌ကေအိုင်စီက ဆက်သွယ်‌သော်လည်း ပြန်လည်‌ဖြေဆိုမည့်သူ မရှိ‌ပေ။

ယင်းသို့ ကုန်တင်ကားများ အသွားအလာ မရှိသည့်အတွက်‌ကြောင့် တ‌နေ့တာ မိသားစုဝင်‌ငွေအတွက် ထိခိုက်ရ‌ကြောင်း သဃင်္န်းညီ‌နောင်၌ ထမင်းဆိုင်ဖွင့်ထားသည့် ဆိုင်ရှင်အမျိုးသမီးတစ်ဦးက ယခုလို ‌ပြောသည်။

သူမက “အရင်ရက်ကဆိုရင် တစ်ရက်ကို ကျမတို့ ထမင်း‌ရောင်းတာ မြန်မာ‌ငွေ ကျပ်တစ်သိန်း‌လောက် အနည်းဆုံး ‌ရောင်းရ တယ်။ ဒီ‌နေ့ ည‌နေပိုင်းအထိ တစ်‌သောင်း‌ကျော်ပဲ ရ‌သေးတယ်။ ဒီလိုဖြစ်တာ ကျမတို့ စီးပွား‌ရေးအတွက် ထိခိုက်တယ်။ ကုန် တင်ကား‌တွေ မြန်မြန်ပြန်‌ပြေးဖို့ ကျမ ‌မျှော်လင့်တယ်။”ဟု ‌ပြောသည်။

ယခုလ ၁၃ရက်‌နေ့မှ ၁၇ရက်‌နေ့အထိ မြန်မာဘက်မှ ချစ်ကြည်‌ရေးတံတားနှင့် နယ်စပ်ဂိတ်များ အမြန်ဆုံး ပြန်ဖွင့်နိုင်‌ရေးအ တွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ အဆင့်မြင့်‌ခေါင်း‌ဆောင်များသည် မဲ‌ဆောက်မြို့တွင် နယ်ခြား‌ကော်မတီအစည်းအ‌ဝေး ကျင်းပရန် ရှိသည်ဟု သိရသည်။

မြန်မာစစ်အစိုးရက ‌သောင်ရင်းမြစ်ကမ်းနံရံကို ထိုင်းဘက်ခြမ်းမှ တည်‌ဆောက်မှုနှင့် ပတ်သက်၍ အ‌ကြောင်းပြကာ ထိုင်း-မြန် မာနယ်စပ် မဲ‌ဆောက်-မြဝတီ ချစ်ကြည်‌ရေး ကုန်သွယ်‌ရေးတံတားနှင့် တရားမဝင် ဂိတ်‌ပေါင်း (၂၀)‌ကျော်ကို ဇူလိုင်လ (၁၈) ရက်‌နေ့က ပိတ်ထားခဲ့သည်မှာ ယခုဆိုလျှင် နှစ်လနီးပါးရှိပြီ ဖြစ်သည်။