Home ထိပ်တန်းသတင်း ဩစ‌တြေးလျားနို်င်ငံ တက်စ‌မေးနီးယားပြည်နယ်၌ AKO ဖွဲ့စည်း

ဩစ‌တြေးလျားနို်င်ငံ တက်စ‌မေးနီးယားပြည်နယ်၌ AKO ဖွဲ့စည်း

1675
ဩဂုတ်လ ၃၁ရက်။ ‌စော‌ကျော်ခွိ

ဩစ‌တြေးလျားနိုင်ငံ‌တောင်ပိုင်းရှိ တက်စ‌မေးနီးယား(Tasmania)ပြည်နယ်၊ Hobart မြို့တွင် ဩဂုတ်လ ၂၈ရက်က ကရင့်ရိုး ရာချည်ဖြူဖွဲ့ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရင်း ဩစ‌တြေးလျား ကရင်အမျိုးသားအဖွဲ့အစည်း (AKO)ကို ဖွဲ့စည်းလိုက်သည် ဟု သိရသည်။

ကရင်အမျိုးသားများ မိမိတို့၏ရိုးရာယဉ်‌ကျေးမှုကို ဆက်လက်ထိန်းသိမ်းနိုင်ကြ‌စေရန်၊ ကရင့်‌တော်လှန်‌ရေးကို တစိုက်မတ်မတ် လုပ်‌ဆောင်နိုင်ရန်နှင့် အမျိုးသားနိုင်ငံ‌ရေးအ‌ပေါ် မျက်‌ခြေမပြတ် ဆက်လက်လုပ်နိုင်ကြ‌စေရန် ရည်ရွယ်ပြီး တက်စ‌မေးနီးယား ပြည်နယ်၊ ဩစ‌တြေးလျားကရင်အမျိုးသားအဖွဲ့(AKO) ကို ပထမဆုံးအကြိမ် ဖွဲ့စည်းရခြင်းဖြစ်သည်။

(ဩစ‌တြေးလျား တက်စ‌မေးနီးယားပြည်နယ် ‌အေ‌ကေအို အလုပ်အမှု‌ဆောင်များ)

ယင်းသို့ ဖွဲ့စည်းရာတွင် အလုပ်အမှု‌ဆောင်များအဖြစ် ‌နော်‌ဖောထူးလိုင်(ဥက္ကဌ)၊ ‌စော‌ဖော‌နေ(ဒု-ဥက္ကဌ)၊ ‌စောအဲစူး(အတွင်း‌ရေး မှုး)၊ ‌စောဆာအဲ (တွဲဖက်အတွင်း‌ရေးမှုး) အပါအဝင် အလုပ်အမှု‌ဆောင် ၁၅ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။

Hobart မြို့ Glenorchy Primary School မူလတန်း‌ကျောင်း၌ ထို‌နေ့ ‌နေ့လည်(၁)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည့် ထိုအခမ်းအ နားသို့ တက်စ‌မေးနီးယားပြည်နယ်အစိုးရနှင့် အစိုးရကိုယ်စားလှယ်များ၊ မြို့‌တော်ဝန်၊ ဩစ‌တြေးလျားနိုင်ငံသားများနှင့် ကရင် ပြည်သူများ စုစု‌ပေါင်း ၃၅ဝခန့် တက်‌ရောက်လာခဲ့ကြသည်။

ရိုးရာလက်ချည်ပွဲနှင့် ပတ်သက်၍ မြို့‌တော်ဝန် (Andriana Taylor)မှ ကရင်လူမျိုးများ မိမိတို့၏ ရိုးရာဓ‌လေ့ ထုံးစံများကို လွတ် လပ်စွာ ‌ဖော်ထုတ်နိုင်ကြပြီး ဩစ‌တြေးလျားရှိ လူမျိုးစုံယဉ်‌ကျေးမှုအဖွဲ့များနှင့်လည်း ပူး‌ပေါင်း‌ဆောင်ရွက်နိုင်ကြပါ‌စေ‌ကြောင်း အား‌ပေးစကား ‌ပြောကြားခဲ့သည်။

“ဘယ်ကိုပဲ‌ရောက်‌ရောက် ကရင်လူမျိုး‌တွေဟာ မိမိရိုးရာဓ‌လေ့‌တွေကို မ‌မေ့မ‌ပျောက် ဆက်လက် ထိန်းသိမ်းကျင်းပ‌လေ့ရှိတာ ကို ‌တွေ့ရ‌တော့ ဝမ်းသာမိပါတယ်။ ကရင့်အ‌ရေး‌တွေကို ထိထိမိမိ လုပ်‌ဆောင်နိုင်ဖို့ အခုလို ကရင်အဖွဲ့အစည်း‌တွေ ‌ပေါ်‌ပေါက် လာလို့လည်း တည်ငြိမ်မှု‌တွေ ခံစားလာရသလိုပဲ။”ဟု ထိုအခမ်းအနားသို့ တက်‌ရောက်ခဲ့သူ ‌စောအဲရှူးက ‌ပြောကြားခဲ့သည်။

ဩစ‌တြေးလျားနိုင်ငံ Tasmania ပြည်နယ်သို့ ၂၀၀၈ခုနှစ်မှစ၍ ‌ရောက်ရှိလာသည့် ကရင်လူမျိုးများမှာ အိမ်‌ထောင်စု ၃၀‌ကျော် နှင့် လူဦး‌ရေ ၁၅ဝခန့်ရှိပြီး ယခုနှစ်မှသာ ရိုးရာလက်ချည်ပွဲကို စု‌ပေါင်းကျင်းပခဲ့ကြရာ မန်း‌အော်လန်းဒို၊ မန်းချစ်စိန်၊ ‌စောကနဲမီ အပါအဝင် ဆစ်ဒနီ၊ မဲလ်ဘုမ်းမှ ကိုယ်စားလှယ် ၁ဝဦးခန့် သွား‌ရောက်ခဲ့ကြသည်။

AKO ဥက္ကဌ ‌စောလွင်ဦးက “တိုင်းရင်းသား ကရင်လူမျိုးများ၏ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှု‌တွေ၊ နအဖ စစ်အုပ်စု၏ လူသား ချင်း မစာနာတဲ့လုပ်ရပ်‌တွေကို ဩစ‌တြေးလျားနိုင်ငံသားများ၊ ကရင်ပြည်သူ‌တွေ ပိုမို သိ‌စေချင်ပါတယ်။ နိုင်ငံတကာနှင့် ကမ္ဘာ့ ကုလသမဂ္ဂမှလည်း စုံစမ်းစစ်‌ဆေး‌ရေး‌ကော်မရှင်ဖွဲ့ပြီး နအဖ စစ်ရာဇဝတ်‌ကောင်‌တွေကို ခုံရုံးတင် စစ်‌ဆေး‌ပေးနိုင်ဖို့၊ ဩစ‌တြေး လျားအစိုးရကလည်း ဒီ‌ကော်မရှင်ဖွဲ့မှုကို ‌ထောက်ခံ‌ပေး‌စေချင်ပါတယ်။”ဟု ‌ပြောသည်။

၁၉၉၇ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သည့် AKO အဖွဲ့သည် ဩစ‌တြေးလျားနိုင်ငံရှိ ဆစ်ဒနီ၊ ကန်ဘာရာ၊ မဲလ်ဘုမ်း၊ ဒါဝင်၊ ပါ့သ်၊ ဘရစ် စဘိန်း၊ အတ်ဒ်လိတ်‌ဒေသများတွင်လည်း ‌ဒေသဆိုင်ရာ အဖွဲ့ခွဲများ ရှိထားသည်ဟု သိရသည်။