Home ထိပ်တန်းသတင်း မြဝတီမြို့ ဂက်စ်အိုးကား‌ပေါက်ကွဲ ဒဏ်ရာရသူရှိ

မြဝတီမြို့ ဂက်စ်အိုးကား‌ပေါက်ကွဲ ဒဏ်ရာရသူရှိ

2678
ဩဂုတ်လ ၂၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အထက(၁) အ‌နောက်ဖက်တွင် ယမန်‌နေ့ည (၇)နာရီခွဲ‌ကျော်အချိန်၌ ဂက်စ်အိုးများ တင်‌ဆောင်‌နေ သည့်ကား ‌ပေါက်ကွဲခဲ့ရာ လူ‌သေဆုံးမှု မရှိ‌သော်လည်း ၄ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

မြဝတီမြို့ အမှတ်(၄)ရပ်ကွက်တွင် ၃ဂ/၉၀၉၇ နံပါတ်ရှိ မှန်လုံကားမှ ဖြစ်ပွားခဲ့သည့် ယင်း‌ပေါက်ကွဲမှု‌ကြောင့် အနီးပတ်ဝန်းကျင်ရှိ လူ ‌နေအိမ် ၃လုံးနှင့် စာသင်‌ကျောင်း အ‌ဆောက်အဦးတချို့ မီး‌လောင်ကျွမ်းခဲ့ပြီး က‌လေးငယ်များ ပါဝင်သည့် ဒဏ်ရာရသူများကို မြဝတီ ‌ဆေးရုံသို့ ယမန်‌နေ့ညကတည်းက ပို့‌ဆောင်ကုသ‌ပေးခဲ့ပြီ ဖြစ်သည်ဟု မျက်မြင်သက်‌သေတစ်ဦးက ‌ပြောသည်။

“ဂက်စ်အိုး‌တွေကို ကား‌ပေါ် တင်လိုက်၊ ချလိုက်လုပ်‌နေချိန်မှာ ထ‌ပေါက်တာပဲ။ အဲဒီကား‌ပေါ်မှာ ဂက်စ်အိုးက ၆၄လုံးပါတယ်။ ‌ပေါက်ကွဲ ‌တော့ ကားတစ်စီးလုံး ပျက်စီးသွားတယ်။ အနားက အိမ် ၃လုံး မီး‌လောင်သွားပြီး အိမ်တစ်လုံးကို‌တော့ မီးဟပ်သွားတယ်။ ‌နောက်ပြီး စာသင်‌ကျောင်းလည်း ပျက်စီးမှု နည်းနည်းရှိတယ်။”ဟု ဆိုသည်။

ဂက်စ်အိုး ‌ပေါက်ကွဲခဲ့ရသည့် အ‌ကြောင်းရင်းကို မြို့ခံအချို့က ‌သွေးရိုးသားရိုးဖြစ်စဉ်တခု မဟုတ်‌ကြောင်း ‌ပြောဆို‌နေကြ‌သော်လည်း လက်ရှိအချိန်တွင် ကားပိုင်ရှင်နှင့် ဂက်စ်အိုးပိုင်ရှင်မှာ ထွက်‌ပြေးတိမ်း‌ရှောင်လျှက်ရှိသည်ဟု သိရသည်။

မဲ‌ဆောက်တွင် ‌နေထိုင်သူတစ်ဦးက “‌ပေါက်ကွဲတာ ၇နာရီခွဲ‌လောက်မှာ တလုံးပြီးတလုံး ထပ်‌ပေါက်တာ‌လေ။ တစ်လုံး ထ‌ပေါက်ရင် မီး က လင်းခနဲဖြစ်သွားတာကို မဲ‌ဆောက်က‌နေ‌တောင် လှမ်းမြင်‌နေရတယ်။ ‌ကြောက်စရာကြီး။ စိတ်ထင် တိုက်ပွဲဖြစ်တာလား‌ပေါ့။”ဟု ‌ပြောသည်။

မီး‌လောင်ကျွမ်းခဲ့သည့်‌နေရာကို မြဝတီမြို့ရှိ မီးသတ်ကား ၂စီးနှင့် သကင်္န်းညီ‌နောင်မှ မီးသတ်ကား ၂စီးတို့က ၂နာရီကြာ လာ‌ရောက် ငြိမ်းသတ်ခဲ့ရသည်ဟု သိရသည်။

မြဝတီမြို့ခံတစ်ဦးက “အမှန်‌တော့ ဂက်စ်အိုးကို တရားဝင်‌ရောင်းလို့ မရဘူး။ သူတို့က အိမ်ထဲမှာပဲထားပြီး မြဝတီမြို့တွင်းနဲ့ ‌ကော့က ရိတ်၊ ဖားအံ၊ ‌မော်လမြိုင်မြို့‌တွေကို ပို့တယ်‌လေ။ အခုလိုဖြစ်‌တော့ ပိုင်ရှင်က ထွက်‌ပြေးပြီ။ အရင်နှစ်ကလည်း ဂက်စ်အိုး ‌ပေါက်ကွဲခဲ့ဘူး တယ်။ အဲဒီတုန်းက ဂက်စ်အိုးက တစ်လုံးပဲ။”ဟု ‌ပြောသည်။

ယမန်‌နေ့ နံနက်ပိုင်းတွင်လည်း မြဝတီမြို့နယ်ရှိ ကုက္ကိုနှင့် ဝမ်းခါ‌ကျေးရွာအကြား ဗုံးတလုံး ‌ပေါက်ကွဲခဲ့မူ‌ကြောင့် က‌လေးငယ် ‌ကျောင်း သူ‌လေးတဦး ထိမှန်ကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ယခု မဲ‌ဆောက်‌ဆေးရုံသို့ ‌ဆေးကုသမှု ခံယူ‌နေရသည်ဟု သိရသည်။