Home ထိပ်တန်းသတင်း ‌ရွှေပြန်လည်တူး‌ဖော်မှု‌ကြောင့် ရွာသား ၃ဝဝ‌ကျော် ‌နေရပ်မှ ‌ပြောင်း‌ရွှေ့

‌ရွှေပြန်လည်တူး‌ဖော်မှု‌ကြောင့် ရွာသား ၃ဝဝ‌ကျော် ‌နေရပ်မှ ‌ပြောင်း‌ရွှေ့

1598
ဩဂုတ်လ ၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ဒွယ့်လိုးမြို့နယ်တွင် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များ ‌ရွှေတူး‌ဖော်မှုများ ဆက်လက်လုပ်‌ဆောင်ရာတွင် ‌မြေမြှုပ်မိုင်းများ လိုက်လံ‌ထောင်ထားသဖြင့် ‌ဒေသခံရွာသား ၃၀၀‌ကျော်မှာ ဧပြီလမှစ၍ ယခုအချိန်ထိ ‌နေရပ်စွန့်ခွာခဲ့ရသည်ဟု သိရသည်။

ထို‌ဒေသရှိ ကွီး‌ဒေး‌လော၊ ဝါ့သိုးကလားနှင့် မယ်တဲ‌ကျေးရွာများမှ အဆိုပါ ရွာသူရွာသားများသည် ‌ရွှေတူး‌ဖော်ရန် ဒွယ့်လိုးမြို့ နယ် မဲ့ကလယ်‌ချောင်းကမ်းနှစ်ဖက်တွင် ‌ထောင်ထားသည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၃၃၃)၊ (၆၆၆)၊ (၇၇၇)နှင့် (၉၉၉)တပ်ဖွဲ့ ဝင်များ၏ လုံခြုံ‌ရေးအတွက် ‌ထောင်ထားသည့် မိုင်းများ‌ကြောင့် ဥယျာဉ်ခြံများသို့ သွားလာလုပ်ကိုင် စား‌သောက်ရန် ခက်ခဲလာ သဖြင့် ယခုလို ရပ်ရွာစွန့်ခွာရခြင်းဖြစ်‌ကြောင်း ကရင်‌ကျောင်းဆရာများ ပူး‌ပေါင်း‌ဆောင်ရွက်‌ရေးအဖွဲ့(KTWG)က ‌ပြောသည်။

KTWG မှ သတင်းနှင့် ပြန်ကြား‌ရေးတာဝန်ခံ ဆရာအယ်ဒိုဝါးက “ဒီ‌ကေဘီ‌အေတပ်ဖွဲ့‌တွေ မယ်ကလယ်‌ချောင်းမှာ ‌ရွှေတူး၊ သစ်၊ ဝါး‌တွေ ခုတ်တဲ့အပြင် ‌ချောင်းနှစ်ဘက်ကမ်း ပတ်ပတ်လည်မှာလည်း ‌မြေမြှုပ်မိုင်း‌တွေ ‌ထောင်ထားတဲ့အတွက် ရွာသား ‌တွေ ရွာပြင်ထွက်ပြီး ဘယ်လိုမှ လုပ်စားကိုင်စားလို့ မရ‌တော့ဘူး။ ဒါ‌ကြောင့် ဒီနှစ် ဧပြီလက‌နေစပြီး‌တော့ ဒီရက်ပိုင်းအချိန်ထိ ဆိုရင် အဲဒီရွာသုံးရွာက ရွာသား ၃၇ဝ‌ကျော်ဟာ သူတို့ရဲ့ အိုးအိမ်၊ အလုပ်အကိုင်‌တွေ ချန်ထားပြီး‌တော့ တခြားရွာကို ‌ပြောင်း ‌ရွှေ့သွားကြကုန်ပြီ။”ဟု ‌ပြောသည်။

ယင်းသို့ ‌ပြောင်း‌ရွှေ့လာကြသူများထဲတွင် ရွာသုံးရွာ၏ မူလတန်း‌ကျောင်း ၃‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသား (၈ဝ)‌ကျော် ပါ ဝင်ပြီး ‌နေရပ်စွန့်ခွာလာကြသူများနှင့်အတူ ဒွယ့်လိုးမြို့နယ်ရှိ နီးစပ်ရာ ‌ကျေးရွာများတွင် ‌ပြောင်း‌ရွှေ့သွားသလို သထုံခရိုင်၊ ဘီး လင်းမြို့နယ်ရှိ ‌ကျေးရွာများတွင် ‌ပြောင်း‌ရွှေ့သွားသည်ဟု ၎င်းက ဆက်‌ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉)မှ ထိပ်ပိုင်းအရာရှိတစ်ဦးကို ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်းရာတွင် မိမိ အ‌နေဖြင့် မသိရှိရ‌ကြောင်း တုန့်ပြန်‌ဖြေကြားသည်။

၂ဝဝ၉ခုနှစ် ‌အောက်တိုဘာလတွင် ဒီ‌ကေဘီ‌အေ (၉၉၉)တပ်မဟာ ဗျူဟာမှူး ဗိုလ်မှူးကြီး‌စောချစ်သူ ဦး‌ဆောင်သည့် အင်အား ၆ဝဝခန့်ရှိ တပ်မဟာ(၉၉၉)၊ (၃၃၃)နှင့် (၆၆၆)လက်‌အောက်ခံ တပ်ရင်းများသည် ဖာပွန်ခရိုင်ရှိ အဆိုပါ‌ဒေသတွင် ကုမ္ပဏီအ ချို့နှင့်အတူ ‌ရွှေတူး‌ဖော်‌ရေး စက်ပစ္စည်းများ၊ ထရပ်ကားကြီးများနှင့် ‌ရောက်ရှိလာပြီး ‌ရွှေစတင်တူးပြီး မကြာမီ ‌ကေအဲန်ယူ တပ် မဟာ(၅)တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှု‌ကြောင့် ‌ခေတ္တရပ်ဆိုင်းသွားကာ ပြီးခဲ့သည့်‌နွေအကုန်မှ ပြန်လည်တူး‌ဖော်လာခြင်းဖြစ် သည်။