Home ထိပ်တန်းသတင်း ‌ကေအဲန်ယူ၏ တိုက်ခိုက်မှု‌ကြောင့် နအဖ ၂၂ဦး ထိခိုက်‌သေဆုံး

‌ကေအဲန်ယူ၏ တိုက်ခိုက်မှု‌ကြောင့် နအဖ ၂၂ဦး ထိခိုက်‌သေဆုံး

1702
ဩဂုတ်လ ၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၌ ကရင်အမျိုးသား အစည်းအရုံး (‌ကေအဲန်ယူ) က နအဖ စစ်တပ်ကို ယ‌နေ့ ခြုံခိုတိုက် ခိုက်ရာ နအဖဘက်က ၈ဦး‌သေဆုံးပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယ‌နေ့ ‌နေ့လည်မွန်းတည့်အချိန်တွင် ပူးလူးစခန်းအ‌ခြေစိုက် နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ် စကခ(၁၉) လက်‌အောက်ခံ ခလရ (၆၂)တပ်ရင်းသည် ‌စေးဖိုးခီးဂွင်အတွင်း လှုပ်ရှား‌နေ‌သော ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၂)ကို ရှင်းလင်းရန် ဝင်‌ရောက်လာရာ တွင် အဆိုပါ‌ကေအဲန်အယ်လ်‌အေတပ်က ‌စောင့်ပစ်ကာ ယင်းသို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ၊ ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးက ယခုလို ‌ပြောသည်။

၎င်းက “ဒီ‌နေ့ ‌နေ့လယ် (၁၂)နာရီတိတိမှာ ‌စေဖိုးခီးဂွင်မှာ လှုပ်ရှား‌နေတဲ့ ကျ‌နော်တို့ တပ်ရင်း(၂၂)ကို ရှင်းလင်းဖို့အတွက် ‌ရောက် လာတဲ့ နအဖ စကခ(၁၉)၊ ခလရ(၆၂) တပ်ရင်းကို ကျ‌နော်တို့ဘက်က အပိုင်သွား ‌စောင့်ပစ်‌တော့ နအဖဘက်က ၈‌ယောက် ပွဲချင်း ပြီး ‌သေတယ်။ ၁၄ဦး ဒဏ်ရာရသွားတယ်။ ‌သေတဲ့အထဲမှာ ဒုတပ်ရင်းမှူးတစ်‌ယောက် ပါတယ်။ ကျ‌နော်တို့ဘက်က ထိခိုက်‌သေဆုံး တာ‌တော့ မရှိဘူး။”ဟု ‌ပြောသည်။

နာရီဝက်ကြာသည့် အဆိုပါတိုက်ပွဲဖြစ်ပွားပြီး‌နောက် ပြန်လည်ဆုတ်ခွာသွားခဲ့သည့် နအဖတပ်ဖွဲ့သည် ၎င်းတို့၏ ဒဏ်ရာရစစ်သည် များကို ထမ်းပိုးရန်အတွက် ‌စေဖိုးခီးနှင့် မဲ့လာအားခီးမှ ရွာသား ၂ဝဦးကို ဆင့်‌ခေါ်ခဲ့ပြီး တာ‌လေစခန်းသို့ ထွက်ခွာသွားသည်ဟု သိရ သည်။

ယင်းသို့ နအဖတပ်များ၏ ဒဏ်ရာရတပ်ဖွဲ့ဝင်များကို ယခုညဦးပိုင်းအချိန်ထိ မြဝတီမြိုှု့နှင့် ‌ရွှေကုက္ကို‌ကျေးရွာရှိ ‌ဆေးရုံများသို့လည်း ပြန်လည်သယ်ယူလာခြင်း မရှိ‌သေး‌ကြောင်း စုံစမ်းသိရသည်။

ဖားအံခရိုင်အတွင်း ဇူလိုင်လနှင့် ဩဂုတ်လဆန်းပိုင်းအထိ နအဖနှင့် ‌ကေအဲန်ယူတို့ကြား ၄ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရာ ယခုအကြိမ် သည် နအဖဘက်က ထိခိုက်ကျဆုံးမှု အများဆုံးဖြစ်ပြီး နအဖ စကခ(၁၉)လက်‌အောက်ခံ တပ်ရင်း(၁၀)၊ ဒီ‌ကေဘီ‌အေ (၉၉၉) တပ် မဟာ လက်‌အောက်ခံတပ်ရင်းနှင့် ‌ကေအဲန်ယူ တပ်မဟာ(၇)မှ တပ်ရင်းများ အ‌ခြေစိုက် လှုပ်ရှားလျှက်ရှိသည်။