Home ထိပ်တန်းသတင်း ဘန်‌ကောက်မြို့ ဘုရင့်ပန်းခြံတွင် မြန်မာပြည်သားအချင်းချင်း ဓါးထိုးမှုဖြစ်ပွား

ဘန်‌ကောက်မြို့ ဘုရင့်ပန်းခြံတွင် မြန်မာပြည်သားအချင်းချင်း ဓါးထိုးမှုဖြစ်ပွား

1669
ဩဂုတ်လ ၁၃ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ထိုင်းဘုရင့် မိဖုရား၏ ‌မွေး‌နေ့ဖြစ်သည့် ယမန်‌နေ့ ဩဂုတ်လ ၁၂ရက်‌နေ့က ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ရှိ တမရွန်‌ရော့‌ကောက် ဘုရင့်ပန်းခြံတွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ အချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ ဓါးထိုးမှုဖြစ်ကာ လူငယ်တဦး ဒဏ်ရာအပြင်း အထန်ရရှိခဲ့ပြီး ခွဲစိပ်ကုသမှု ခံယူ‌နေရ‌ကြောင်း နီးစပ်ရာ ‌ဆွေမျိုးများ၏ ‌ပြောပြချက်အရ သိရသည်။

ထိုင်းနိုင်ငံရှိ အလုပ်ရုံ၊ စက်ရုံများ ပိတ်ပြီး အလုပ်သမားများကို လွတ်လပ်စွာ နားခွင့်‌ပေးသည့် ယမန်‌နေ့ မနက်ပိုင်း ၁ဝနာရီ‌ကျော် ခန့်အချိန်တွင် တမရွန်‌ရော့‌ကောက် ဘုရင့်ပန်းခြံသို့ အလည်အပတ်သွားသည့် ကရင်လူငယ်နှစ်စုက အချင်းများကြရာမှ လူငယ် တစ်ဦး ဓါးထိုးခံရကာ ဝမ်းဗိုက်တွင် ဒဏ်ရာအပြင်းအထန် ရရှိပြီး ဘန်‌ကောက်မြို့ရှိ စမိုပရကန်‌ဆေးရုံတွင် ခွဲစိပ်ကုသမှု ခံယူ‌နေရ ခြင်းဖြစ်သည်ဟု ထိုလူငယ်၏ အဘွားက ‌ပြောသည်။

သူမက “မ‌နေ့က နားရက်‌လေ။ ကျမ ‌မြေး‌လေးက သူငယ်ချင်း‌တွေနဲ့ ဘုရင့်ပန်းခြံမှာ သွားလည်မယ်လို့ သူ့အ‌မေဆီမှာ ခွင့်‌တောင်း ပြီး‌တော့ သွားတာ။ ဓါးထိုးမှုဖြစ်ပြီး ‌ဆေးရုံ‌ရောက်မှ သူ့သူငယ်ချင်း‌တွေက သူ့အ‌မေဆီ ဖုန်းဆက်လာမှ သိရတာ။ ဆရာဝန်‌တွေက ခွဲစိပ်ရမယ်လို့ ‌ပြောတယ်။ အခု ခွဲစိပ်ပြီးပြီ ‌ဆေးရုံမှာပဲ သူ့အ‌မေနဲ့။ စိုးရိမ်စရာ မရှိ‌တော့ဘူးလို့ ‌ပြော‌ပေမဲ့ လူက ဖြူဖတ်ဖြူ‌ရော် ဖြစ် သွားတာပဲ။”ဟု ‌ပြောသည်။

ဓါးထိုးမှု ဖြစ်စဉ်နှင့်ပတ်သက်၍ သူမက ယခုလို ပြန်လည်‌ပြောပြသည်။ “‌မြေး‌လေးက သူ့သူငယ်ချင်း ‌လေးငါး‌ယောက်နဲ့ ပန်းခြံထဲ လိုက်လည်ရင်း သူ့သူငယ်ချင်းတ‌ယောက်က အရက်နံ့ရတယ်လို့ ‌ပြောမိတယ်။ ဖြတ်‌လျှောက်လာတဲ့ ဟိုလူငယ်တဖွဲ့က အရက် မူး‌နေ‌တော့ မ‌ကျေနပ်ဘူး။ အဲဒီမှာစပြီး စကားများကြတာ၊ ထိုးမယ်၊ ဘာညာ‌ပေါ့။ ‌မြေး‌လေးက ကြားမှာ သွားပြီး‌တော့ သူငယ်ချင်း တို့ ဒီလိုမလုပ်ကြနဲ့ သွား‌ပြောတာ။ ဟိုဖက်က လူငယ်တ‌ယောက်က ဓါး‌မြှောင်ထုတ်ပြီး သူ့ကိုထိုးတာပဲတဲ့။ ဝမ်းဗိုက်မှာ ဓါးဒဏ်ရာ တချက် ထိသွားတယ်။ အဲဒီ လူငယ်တစုက ဒုံရင်းနယ်ကပဲတဲ့။”ဟု ‌ပြောဆိုသည်။

ဓါးထိုးမှု ကျူးလွန်သည့် လူငယ်တစ်စုသည် အခင်းဖြစ်ပြီးပြီးချင်း ထွက်‌ပြေးသွားသည့်အတွက် ပန်းခြံအတွင်း ထိုင်းရဲများ လာ ‌ရောက်စစ်‌ဆေးချိန်တွင် ထိုလူငယ်များကို ဖမ်းဆီးနိုင်ခြင်း မရှိဘဲ လွတ်‌မြောက်သွားခဲ့သည်ဟု သိရသည်။

ဓါးထိုးခံရသည့် အသက် ၁၈နှစ်အရွယ်ရှိ ‌စော‌အောင်မင်းဦးသည် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ‌နေထိုင်ပြီး ပြီးခဲ့သည့်နှစ် က ဘန်‌ကောက်မြို့တွင် မိခင်ဖြစ်သူနှင့်အတူ အလုပ်လုပ်ရန် ‌ရောက်ရှိလာသူဖြစ်‌သော်လည်း အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ကိုင် ‌ဆောင်ထားသူ ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ‌ရောက်ရှိ အလုပ်လုပ်သည့် လူငယ်များသည် မိဘအုပ်ထိန်းသူများနှင့် ‌ဝေးကွာလာသည့်အတွက် သွန်သင်ဆုံးမ မှုကင်းမဲ့ကာ အကျင့်စာရိတ္တ ပျက်ပြားကြပြီး ယခုလို ရာဇဝတ်မှုများ ကျူးလွန်‌လေ့ရှိသည်ဟု ဘန်‌ကောက်အ‌ခြေစိုက် အ‌ဝေး ‌ရောက် ကရင်လူမှုကူညီ‌ရေးအဖွဲ့ (OKRSO)မှ စဆိန့်ပ‌လောင်က သုံးသပ်‌ပြောဆိုသည်။