Home ထိပ်တန်းသတင်း ဗမာစစ်သား မလုပ်လိုသည့် ဒီ‌ကေဘီ‌အေ က‌လေးစစ်သား နှစ်ဦး ထွက်‌ပြေး

ဗမာစစ်သား မလုပ်လိုသည့် ဒီ‌ကေဘီ‌အေ က‌လေးစစ်သား နှစ်ဦး ထွက်‌ပြေး

1771
ဩဂုတ်လ ၂၄ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

အရွယ်မ‌ရောက်‌သေးသည့် ဒီ‌ကေဘီ‌အေ က‌လေးစစ်သားနှစ်ဦးသည် နယ်ခြား‌စောင့်တပ်၏ စစ်သားအဖြစ် မခံယူလိုသည့်အ တွက် ‌ကေအဲန်ယူ တပ်မဟာ(၇)ထံသို့ ဩဂုတ်လ ၂၂ရက်‌နေ့က ထွက်‌ပြေး‌ရောက်ရှိလာခဲ့သည်။

ယင်းသို့ ထွက်‌ပြေးလာသည့် တပ်သားနှစ်ဦးမှာ ‌စောခူ့မူး ၁၄နှစ်၊ ကိုယ်ပိုင်အမှတ်(၁၁၇၁၁)နှင့် ‌စောဒါးအဲ့ ၁၅နှစ် (ကိုယ်ပိုင်အ မှတ်မရှိ)တို့ဖြစ်ကြပြီး ၎င်းတို့သည် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ) တပ်မဟာ(၅၅၅) ဒုဗိုလ်မှူးကြီး‌အောင်လင်း ဦးစီးသည့် တပ်ရင်း(၃) တပ်ခွဲမှူး ရမ်ဘို လက်‌အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ကြသည်။

ဖားအံခရိုင်၊ မဲ့သ‌ဝေါနှင့် မိ‌အေးပူအကြားရှိ ကလိုးမူးနီးခီး‌နေရာရှိ ဒီ‌ကေဘီ‌အေတပ်ဖွဲ့တွင် တာဝန်ယူ‌နေရင်း ထွက်‌ပြေးလာရ သည့်အ‌ကြောင်း ‌စောခူ့မူးက ‌ကေအိုင်စီကို ယခုလို ‌ပြောဆိုခဲ့သည်။

“ကျ‌နော်တို့‌တွေ ဗမာစစ်သားမလုပ်ချင်လို့ ထွက်‌ပြေးလာတာပါ။ ကျ‌နော်တို့ တပ်ရင်းမှူးက ‌နောက်ဆို ဗမာစစ်သားလုပ်ရ‌တော့ မယ်လို့ ‌ပြောပြတယ်‌လေ။ အခု တပ်ရင်းမှူးက ဟိုး‌နောက်တန်းကို ပြန်သွားတုန်း ကျ‌နော်တို့ ထွက်‌ပြေးလာခဲ့တာ။ ကျ‌နော်တို့ ဗမာစစ်သားမလုပ်ချင်ဘူး။ ဗမာစစ်တပ်ကိုပဲ တိုက်ချင်တယ်။”ဟု ဆိုသည်။

‌စောခူ့မူးသည် ဒီ‌ကေဘီ‌အေတပ်ဖွဲ့တွင် လုပ်သက် ၄နှစ်ရှိပြီဖြစ်ပြီး သူနှင့်အတူ ထွက်‌ပြေးလာသည့် ‌စောဒါးအဲ့မှာ လုပ်သက် ၁နှစ်‌ကျော်သာ ရှိ‌သေးသည်ဟု သိရသည်။ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ထီးယာ‌သေ့ထာ့နှင့် ကမာထာ့ရွာသားများဖြစ် သည့် ၎င်းတို့အ‌နေဖြင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့တွင် အတင်းအဓမ္မ ‌ခေါ်ယူခြင်း‌ကြောင့် ပါဝင်လာရခြင်းဖြစ်‌ကြောင်းကိုလည်း ယခုလို ဆက်လက်‌ပြောပြခဲ့သည်။

‌စောခူ့မူးက “ကျ‌နော်က ထီးယာ‌သေ့ထာ့ရွာမှာ ‌နေပါတယ်။ ကျ‌နော့်အသက် ၁ဝနှစ်အရွယ် ရွာ‌ကျောင်းမှာ ၅တန်းတက်‌နေ တုန်း ဒီ‌ကေဘီ‌အေစစ်သား‌တွေက ‌ကျောင်းကို ဝင်လာပြီး စစ်သားလိုတယ်ဆိုပြီး အတင်း‌ခေါ်တယ်။ ‌ကျောင်းမှာ ငါးတန်း ‌ကျောင်းသား ကျ‌နော်နဲ့ သုံးတန်း‌ကျောင်းသား ၂‌ယောက်လည်း သူတို့‌နောက်ကို ပါသွားရတယ်။ ကျ‌နော်တို့မိဘ‌တွေ၊ ‌ကျောင်း ဆရာ‌တွေလည်း ‌ကြောက်‌တော့ ဘာမှမ‌ပြောရဲကြဘူး‌လေ။ စစ်သင်တန်း ‌လေးလ‌တော့ ကျ‌နော် တက်ရပါတယ်။ စစ်‌တော့ မ တိုက်ရပါဘူး။”ဟု ‌ပြောသည်။

အလားတူ ‌စောဒါးအဲ့က “ကျ‌နော်က တခါမှ ‌ကျောင်းမ‌နေခဲ့ဖူးဘူး။ လယ်ပဲ လုပ်တယ်။ ဒီ‌ကေဘီ‌အေ‌တွေက မိ‌အေးပူကို သွား တိုက်မလို့ လူလိုတယ်ဆိုပြီး ကျ‌နော့်ကို လယ်ထဲက‌နေ လာ‌ခေါ်သွားတယ်။ အမိုး၊ အပါးတို့လည်း ဘာမှမ‌ပြောရဲကြဘူး။ ခုဆို ကျ‌နော် ဒီ‌ကေဘီ‌အေမှာလုပ်တာ ၁နှစ်‌ကျော်ပြီ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အဆိုပါ က‌လေးစစ်သားနှစ်ဦးသည် AR ၂လက်၊ ကျည်ဆံ ၁၇၆‌တောင့်နှင့် မက္ကစင်း(‌ဘောက်ချပ်) ၇ချပ်ကို ယူ‌ဆောင်လာခဲ့ပြီး ၎င်းတို့၏တပ်ရင်းတွင် အရွယ်တူ က‌လေးစစ်သား ၆ဦးနှင့် အသက် ၁၈နှစ်ဝန်းကျင်ရှိ တပ်သား ၄ဦးရှိသည်ဟု ၎င်းတို့၏ ‌ပြောပြ ချက်အရ သိရသည်။

‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်‌စော‌ဂျော်နီက “ဒီရဲ‌ဘော်‌လေးနှစ်‌ယောက်က က‌လေးပဲ ရှိ‌သေးတယ်‌လေ။ သူတို့က စစ်သားလုပ်ချင်တယ်လို့ ဘယ်လို‌ပြော‌ပြော ကျ‌နော်တို့က‌တော့ ပညာသင်ခိုင်းမယ်။ အသက်ပြည့်တဲ့အခါကျရင်‌တော့ သူတို့ ဖြစ်ချင်တာကို စီစဉ်‌ပေးသွားမှာပါ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဒီ‌ကေဘီ‌အေတပ်ဖွဲ့က နယ်ခြား‌စောင့်တပ် တပ်ဖွင့်ပွဲအခမ်းအနားကို လှိုင်းဘွဲမြို့နယ်နှင့် မြဝတီမြို့နယ်များတွင် ပြုလုပ်ကျင်းပ ခဲ့ကြသည့် ယခုလအတွင်း ‌ကေအဲန်ယူ တပ်မဟာ(၇)သို့ ဒီ‌ကေဘီ‌အေ အရာရှိငယ် သုံးဦးပါဝင်သည့် တပ်ဖွဲ့ဝင် ၁၅ဦးနှင့် ဇူ လိုင်လအတွင်း ၁၄ဦး ထွက်‌ပြေး‌ရောက်ရှိလာခဲ့သည်ဟု ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့ (‌ကေအဲန်အယ်လ်‌အေ) စစ်ဦး စီးဌာနချုပ်၏ မှတ်တမ်းအရ သိရသည်။