Home တွေ့ဆုံမေးမြန်းခန်း ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)၏ ယာယီ ဥက္ကဌ ‌စောခင်‌မောင်မြင့်နှင့်

ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)၏ ယာယီ ဥက္ကဌ ‌စောခင်‌မောင်မြင့်နှင့်

1717
‌ကေအိုင်စီ ဆက်သွယ်‌မေးမြန်းခြင်း

– ပထမဦးဆုံး ပါတီရဲ့ ရည်ရွယ်ချက်နဲ့ ပါတီရဲ့ မူဝါဒကို ‌ပြောပြပါလား။
ပါတီရဲ့ မူ‌တွေက‌တော့ အခု ဖွဲ့စည်းပုံ‌တွေဘာ‌တွေနဲ့ဆို‌တော့ အကျဉ်းချုပ်‌ပြောရမယ်ဆိုရင် ကျ‌နော်တို့ပါတီရဲ့ သ‌ဘောထားက‌တော့ တိုင်းရင်းသားလူထုတစ်ရပ်လုံးအတွက်‌ပေါ့။ နံပါတ်(၁) ကရင်တိုင်းရင်းသား လူထုတစ်ရပ်လုံးအတွက် ဦးစီးဦး‌ဆောင်ပြု‌ပေးဖို့။ တရားဥပ‌ဒေ‌ဘောင်ထဲက ရသင့်ရထိုက်တဲ့ အခွင့်အ‌ရေး ‌တောင်းဆို‌ပေးဖို့၊ ပြီး‌တော့ မတရားတဲ့နည်း လမ်းများ ဖိနှိပ်ချုပ်ချယ်မှု‌တွေ ရှိခဲ့ရင်လည်းပဲ ကာကွယ်‌ပေးဖို့။ နံပါတ်(၂) အချက်က‌တော့ ကရင်ပြည်နယ်တစ်ခုလုံးရဲ့ ဖွံ့ဖြိုး တိုးတက်မှု ကရင်ပြည်နယ်သူ ပြည်နယ်သားအားလုံးအတွက် စားဝတ်‌နေ‌ရေးအဆင်‌ပြေ‌အောင် အဘက်ဘက်က‌ပေါ့‌လေ ပြည့်စုံ‌အောင် ‌ဆောင်ရွက်‌ပေးဖို့၊ ‌နောက်တခုက‌တော့ ဒီပြည်နယ်သည် နိုင်ငံ‌တော်ရဲ့ အကျိုးကိုလည်း ဝိုင်းဝန်းကူညီဖို့ ဖြစ်ပါ တယ်။

– ပါတီရဲ့ အလုပ်အမှု‌ဆောင်(EC)‌တွေက ဘယ်သူ‌တွေပါလဲ။
EC က အားလုံး (၉)‌ယောက်ပဲ။ ဥက္ကဌက‌တော့ ‌စောခင်‌မောင်မြင့်။ ဒုဥက္ကဌက ‌စော‌အောင်‌ကျော်နိုင် (‌ခေါ်) ရှားဘူး ‌ဖော့၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးက ‌စောကြည်လင်း၊ အတွင်း‌ရေးမှူး(၁)က ‌စောတင်လှိုင်၊ အတွင်း‌ရေးမှူး(၂)က ‌စောရှားထွန့် ‌ဖေါင်၊ လူငယ်ဥက္ကဌ စဘီကျင်ဦး၊ အမျိုးသမီးဥက္ကဌ နန်း‌စေအွာနဲ့ အဖွဲ့ဝင် နှစ်‌ယောက်က ‌စောမြထွန်း၊ ‌စောခင်‌ကျော်ဦးတို့ ဖြစ် ပါတယ်။ အဲဒီ EC ဟာ လက်ရှိမှာ ယာယီ ‌ရွေးထားတာ‌ပေါ့‌လေ။ ယာယီဆို‌ပေမဲ့လည်း ခုနကအတည် မ‌ရွေးရမချင်း‌ပေါ့။ မဲဆန္ဒ နယ် မ‌ရွေးထုတ်ခင်‌လေးမှာ လက်ရှိ ပါတီတာဝန်ကို ယာယီအားဖြင့် ဖွဲ့စည်းပြီး‌တော့ လုပ်‌ဆောင်‌နေတာ‌ပေါ့။

– လက်ရှိအချိန်မှာ ပါတီဝင် အင်အားက ခန့်မှန်း‌ခြေ ဘယ်‌လောက်ရှိ‌နေပါပြီးလဲ။
ပါတီဝင်အင်အားက‌တော့ လက်ရှိသတ်မှတ်ထားတဲ့ အင်အားထက် ‌ကျော်လာပြီး‌လေ။ ဟိုမှာ သူတို့ တစ်‌ထောင် သတ်မှတ်တာကို အင်အားက‌တော့ ‌သောင်းဂဏန်းအထိ‌လောက် ရ‌နေပါပြီး။ ဒီ(၇)မြို့နယ်လုံး‌ပေါ့‌လေ။ အဓိကက‌တော့ ဖားအံ မြို့နယ်‌ပေါ့။

– ဖလုံ-စ‌ဝေါ်ပါတီဟာ အမတ်‌နေရာ ဘယ်နှစ်‌နေရာ ကိုယ်စားပြုသွားဖို့ ရှိပါသလဲ။ ‌နောက်ပြီး‌တော့ ပါတီရဲ့ရန်ပုံ‌ငွေကျ‌တော့ ‌ကော ဘယ်လိုရှာ‌ဖွေပါသလဲ။
အမတ်‌နေရာက‌တော့ ရည်ရွယ်ထားတာ ကရင်ပြည်နယ် ၇မြို့နယ်လုံးကို ကို်ယ်စားပြုဖို့ ရည်ရွယ်ထားတယ်။ ဒါ‌ပေမဲ့ လည်း ‌ရွေး‌ကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်အ‌ပေါ်မှာ ကြည့်ရအုံးမှာ‌ပေါ့။ ဘာ‌ကြောင့်လည်းဆို‌တော့ တချို့က ‌ရွေး‌ကောက်ပွဲ သိပ်မဝင်ချင်ကြဘူး‌လေ။ ဝင်မယ့်လူက နည်းနည်း ရှား‌နေတယ်။ အဲဒါက‌တော့ သူတို့စိတ်ဝင်စားမှု အားနည်းလို့ပဲ ဖြစ်မှာ‌ပေါ့။ ကျ‌နော်တို့က‌တော့ လိုက်ပြီး‌တော့ စည်းရုံးတယ်။ သူတို့က‌တော့ ဘာဖြစ်လည်းလို့ ‌မေးလို့မှ မရပဲဟာ။ တချို့က သင့်‌တော်ပါ တယ်ဆိုတဲ့လူ‌တွေ ဆိုရင်လည်းပဲ အား .. ကျ‌နော် မပါချင်ဘူး။ အဲလိုပဲ ‌ပြော‌တော့ ဘယ်လို‌ပြောပြီး‌တော့ ဘယ်လိုတိုက်တွန်း ပြီး‌တော့ အတင်းအဓမ္မ ‌ခေါ်လို့မရဘူး‌လေ။ ပါတီဝင်‌တွေက‌တော့ သိပ်အခက်အခဲ မရှိဘူး‌ပေါ့။ သာမန် ပါတီအင်အားက‌တော့။
ရန်ပုံ‌ငွေက‌တော့ ဒီအများပြည်သူဆီက‌နေပြီး‌တော့မှ နည်းနည်းပါးပါး စု‌ဆောင်းပြီး‌တော့မှပဲ ‌နောက်ပြီး‌တော့ လုပ်ငန်း ရှင်‌တွေရဲ့ဆန္ဒပြုချက်နဲ့ ရသ‌လောက် သူတို့ဆီမှာ ထည့်ဝင်‌ကြေး‌ပေါ့‌လေ။ အဲဒါကို ‌မေတ္တာရပ်ခံ ပန်ကြားပြီး‌တော့ သူတို့ ထည့် ဝင်တဲ့ ရန်ပုံ‌ငွေ ‌နောက်ပြီး ကျ‌နော်တို့ (၁၅)ဦး ‌ကော်မတီဝင်က‌နေပြီး‌တော့ အမာခံ‌ပေါ့‌လေ။ တစ်‌ယောက်ကို တစ်သိန်းဆို တစ် သိန်း။ ဒီလိုနည်းနဲ့ပဲ စု‌ဆောင်းတာ‌ပေါ့ ရန်ပုံ‌ငွေကို။

– ‌နောက်တခုက ပါတီအဖွဲ့ဝင် လိုက်လံစည်းရုံး‌ရေး ခရီးစဉ်နဲ့ ပတ်သက်ပြီး‌တော့ ဘယ်‌နေရာ‌ဒေသ‌တွေမှာ လုပ်ပြီး‌နေပြီလဲ။ ဘယ်‌နေရာ‌တွေ ကျန်‌နေ‌သေးလဲ‌ပေါ့‌နော်။
ကျ‌နော်တို့ ဝင်‌ရောက်ယှဉ်ပြိုင်မှာက‌တော့ ဖားအံ၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ သံ‌တောင်၊ မြဝတီ၊ ဖာပွန် ဖြစ်ပါတယ်။ (၇)မြို့နယ်ထဲမှာ ပါတီဝင် စည်းရုံး‌နေတာ အခုဆို ပါတီဝင်စည်းရုံး‌ရေးက ပြီးသွားပါပြီ။ အဲဒီမြို့နယ်တခု ချင်းစီအတွက် ကိုယ်စားလှယ်‌လောင်း စာရင်း‌တွေကို‌တော့ ဒီဩဂုတ်လမကုန်ခင် ကျ‌နော်တို့ ပြည်‌ထောင်စု‌ကော်မရှင်ကို တင် ပြသွားမှာပါ။ အဲဒီအခါကျရင် အစိုးရသတင်းစာထဲမှာ ပါလာမှာပဲ။ ‌စောင့်ဖတ်ကြည့်‌ပေါ့။ ကျ‌နော်တို့က‌တော့ Gender ဦးစား ‌ပေးတဲ့အ‌နေနဲ့ အမျိုးသမီးကိုယ်စားလှယ်‌တွေကိုပါ သတ်မှတ်ထားပါတယ်။

– မဲဆွယ်စည်းရုံးတဲ့ လုပ်ငန်းစဉ်အတွက်‌ရော ဘယ်လိုကြိုတင်ပြင်ဆင်မှု‌တွေ လုပ်ထားပြီးပါပြီလဲ။
မဲဆွယ်စည်းရုံးတာက‌တော့ ‌လော‌လောဆယ် ဘာမှမပြင်ဆင်ရ‌သေးဘူး။ ဒီလက်ရှိ ပါတီ အင်အားစု စု‌ဆောင်းတာပဲ ရွာရိုး‌လျှောက်ပြီး စည်းရုံးရ‌သေးတယ်။ လုပ်မယ်ဆိုရင်‌တော့ ၂/၂၀၁ဝ ညွှန်ကြားချက်အရ တင်ပြရမယ်‌လေ။ လူစုလူ‌ဝေးနဲ့ တကယ်လုပ်မယ်ဆိုရင် မဲဆွယ်စည်းရုံးတဲ့အဆင့်၊ ကာလကလည်း သူတို့မှ မ‌ပေး‌သေးပဲဟာ။ ‌လော‌လောဆယ် မဲဆန္ဒနယ် ‌တွေကိုပဲ ထုတ်ပြန်‌ကြေညာတယ်‌လေ။ အဲဒီ မဲဆန္ဒနယ်‌တွေမှာ ‌ရွေး‌ကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်‌တွေကို‌တော့ အဓိက မဲဆွယ်စည်းရုံးခိုင်းရမှာ‌ပေါ့။ မဲဆန္ဒနယ် အမှတ်(၁)က ‌မောင်ဖြူဆိုရင် ကဲ-‌မောင်ဖြူကို အဓိကထားပြီး‌တော့မှ လူထုပရိဿတ် ‌တွေနဲ့‌ပေါ့‌လေ။ Introduce လုပ်တဲ့ သ‌ဘောထားလည်းပါ။ စည်းရုံး‌ဟော‌ပြောတာလည်းပါ။ အဲဒါက‌တော့ သူတို့ ‌ရွေး‌ကောက်ပွဲ ရဲ့ ‌ကြော်ငြာပြီး မဲဆွယ်စည်းရုံးတဲ့ ကာလ‌ပေးတဲ့အခါကျရင်‌တော့ အဲလိုပဲ လုပ်ရမှာ‌ပေါ့။

– ပါတီစည်းရုံး‌ရေးခရီးမှာ သက်ဆိုင်ရာ အာဏာပိုင်‌တွေက ပိတ်ပင်တားဆီးမှု‌တွေများ ရှိသလား။ ရှိရင်လည်း ဘယ်လိုမျိုး ကြုံ ရတာလဲ ‌ပြောပြပါလား။
အဲဒါ‌တော့ မရှိပါဘူး။ ဒါ‌ပေမဲ့ သူတို့ သတင်းယူတာ‌လောက်‌တော့ ရှိပါတယ်။ တားဆီးပိတ်ပင်တာ‌တွေ‌တော့ မရှိပါ ဘူး။ သူတို့ သတင်းတပ်ဖွဲ့တို့၊ ဒီ ရဲတို့ ‌ကောင်း‌ကောင်းမွန်မွန် ‌ပြောပြီး‌တော့ သူတို့ သတင်းပို့နိုင်ဖို့‌ပေါ့‌လေ။ အဲဒါက‌တော့ ဒီသာ မာန်အားဖြင့် တိုက်ရိုက်ထိ‌တွေ့ပြီး‌တော့ ခုနက ရွာရိုး‌လျှောက်ပြီး လိုက်လံစည်းရုံးတာက‌တော့ ဘာမှမဖြစ်ပါဘူး။ ခုနက လူစု လူ‌ဝေးနဲ့ လုပ်ရင်‌တော့ ဘယ်လိုလာမလဲ‌တော့ မသိဘူး‌ပေါ့‌လေ။ အဲလို ကြိုတင်ပြီး‌တော့ (၇)ရက် ကြိုတင်ရတယ်ဆို‌တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး‌လေ။ အချိန်နဲ့က အဲဒါ‌ကြောင့် ကျ‌နော်တို့ အဲဒီစနစ်ကို‌တော့ မသုံးဘူး။

– PSDP ပါတီနဲ့ပတ်သက်ပြီး ကရင်ပြည်သူ‌တွေက ဘယ်လိုသိနားလည်ထားပါသလဲ။ ‌နောက်ပြီး ပါတီအ‌ပေါ် စိတ်ပါဝင်စားမှုနဲ့ ‌ထောက်ခံမှုက ဘယ်လိုရှိပါသလဲ။
လက်ရှိက‌တော့ ဒီကရင်ပြည်နယ်အတွင်းမှာက‌တော့ အင်တိုက်အားတိုက်‌တော့ ‌ထောက်ခံမှု ရှိပါတယ်။ အနည်းဆုံး ၇ဝရာခိုင်နှုန်း‌လောက်က‌တော့ ‌ပြောစရာ သိပ်မလိုဘူး‌ပေါ့။ ‌ပြောပြလိုက်တာနဲ့ သူတို့ သ‌ဘော‌ပေါက်ပါတယ်။ သ‌ဘော‌ပေါက် လာတာနဲ့ပဲ ပါဝင်လာကြတာ‌ပေါ့‌လေ။ ကိုယ့်ရဲ့ တိုင်းရင်းသားလူမျိုးကို အ‌ခြေခံပြီး ဖွဲ့စည်းတဲ့ ပါတီဖြစ်တဲ့အတွက် ‌နောက်ပြီး ‌တော့ ကရင်ပြည်နယ်‌ဒေသမှာပဲ အ‌ခြေခံပြီး‌တော့ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းဖြစ်တာက တ‌ကြောင်း‌ပေါ့‌လေ။ အဲဒါ‌ကြောင့်မို့လို့ သူတို့ကိုယ်ပိုင်ပါတီ တခါမှ မရှိခဲ့ဖူးဘူး။ အခု‌တော့ ရှိလာပြီ အာဏာရရှိတာ မရရှိတာ၊ နိုင်လာ။ မနိုင်လာ အပထား ဒါ‌ပေမယ့် ကိုယ့်ကရင်တိုင်းရင်းသား လူထုတရပ်လုံးအတွက် ဥပ‌ဒေ‌ဘောင်ထဲက ဦး‌ဆောင်ပြီး‌တော့ ပြု‌ပေးမယ့် အဖွဲ့အစည်းတခု ရှိလာ ပြီဆိုတဲ့ သ‌ဘော‌ပေါက်‌အောက်‌ပြောပြလိုက်‌တော့ စိတ်ပါဝင်စားလာတယ်‌ပေါ့။

– ဒီ‌ရွေး‌ကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးလို့ ‌ရွေး‌ကောက်ပွဲဝင်မယ့် ပါတီတချို့က ‌ဝေဖန်‌ပြောဆိုမှု‌တွေ ရှိပါ တယ်။ အဲဒါနဲ့ပတ်သက်ပြီး PSDP ပါတီအ‌နေနဲ့ ဘယ်လိုမြင်ပါသလဲ။
ကျ‌နော်တို့ ပါတီအ‌နေနဲ့က‌တော့ ဖလုံစ‌ဝေါ်(PS)ပါတီအ‌နေနဲ့ ဒါဟာ အမြဲတမ်း ‌ဆွေး‌နွေး‌နေကျ ကိစ္စတခု‌ပေါ့။ သုံး သပ်မှုကို‌တော့ ကျ‌နော်တို့ ဆန္ဒမ‌စောချင်ဘူး‌လေ။ ကျ‌နော်တို့က‌တော့ ဘာမှမ‌ပြောလိုပါဘူး။ ဒါက‌တော့ ပြည်သူ‌တွေက‌နေ ဆုံးဖြတ်‌ပေးလိမ့်မယ်လို့ ‌နောက်ပြီး ‌ရွေး‌ကောက်ပွဲ မဖြစ်ချင် ကြိုတင်ပြီး‌တော့ သုံးသပ်တာတို့ ‌ဝေဖန်တာသို့ ကျ‌နော်တို့ မလုပ် ချင်ဘူး။ ဘာမှလည်း မ‌ပြောဘူး။ ရရှိတဲ့ အခွင့်အ‌ရေး‌ပေါ်မှာပဲ အ‌ကောင်းဆုံးကြိုးစားသွားမယ်လို့ အဲသလိုမျိုးပဲ ကျ‌နော်တို့က ခံယူထားပါတယ်။

– ဒီ‌ရွေး‌ကောက်ပွဲလုပ်ဖို့ အ‌ခြေခံထားတဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေထဲမှာ တိုင်းရင်းသား‌တွေအတွက် ဘယ်လိုအခွင့် အ‌ရေး‌တွေ ပါဝင်တာ‌ကြောင့် နိုင်ငံ‌ရေးပါတီတခုအဖြစ် ဝင်‌ရောက်ယှဉ်ပြိုင်ရတာပါလဲ။
ဖွဲ့စည်းပုံက‌တော့ အတည်ပြုပြီးသွားခဲ့ပြီမို့ ဘယ်လိုမှလည်း ပြင်လို့မရ‌တော့ဘူး‌လေ။ တိုင်းရင်းသား‌တွေအတွက် အ ခွင့်အ‌ရေးကို တရားနည်းလမ်းကျကျနဲ့ ဥပ‌ဒေ‌ဘောင်ထဲက‌နေ ရသ‌လောက် ‌တောင်းဆိုလုပ်‌ဆောင်သွားရမှာ‌ပေါ့။ နိုင်တာ မနိုင်တာထက် ကရင်လူထုအတွက် ပါတီတခုအ‌နေနဲ့ ရပ်တည်သွားနိုင်ဖို့ လိုအပ်ပါတယ်။

– ကရင်ပြည်နယ်အတွင်းမှာ တခြားဘာပါတီ‌တွေ ဝင်‌ရောက်ယှဉ်ပြိုင်ဖို့ ရှိလဲ။ ‌နောက်ဆုံးပါတီဖြစ်တဲ့ ကရင်ပြည်နယ် ဒီမိုက ‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (KSDDP) က ဘယ်လိုဖွဲ့စည်းမှုရှိတယ်ဆိုတာ သိပါသလား။
လက်ရှိ ကရင်ပြည်နယ်အတွင်းမှာက‌တော့ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ ‌နောက်ပြီး‌တော့ တိုင်းရင်း သား စည်းလုံးညီညွှတ်‌ရေးပါတီ(တစည)‌ပေါ့။ ‌နောက် ကျ‌နော်တို့ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ‌ပေါ့။ ဒါ‌ပေမယ့် မွန်‌ဒေသလုံး ဆိုင်ရာ ဒီမိုက‌ရေစီပါတီကလည်းပဲ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ မွန်ရွာမှာ‌တွေလည်း လာ‌ရောက်စည်းရုံးတာကို ‌တွေ့ရပါ တယ်။ KSDDP က ငြိမ်းအဖွဲ့‌တွေ စု‌ပေါင်းထားတဲ့ ပါတီပါ။ အစိုးရရဲ့ ပြန်ကြား‌ရေးဝန်ကြီးက လာဖွဲ့‌ပေးလိုက်တာ ဖြစ်တယ်လို့ သိရတယ်။ ဒီပါတီကိုလည်း ကျ‌နော်တို့ ဖလုံ-စ‌ဝေါ်ပါတီနဲ့ မဲယှဉ်လို့ရ‌အောင် ဖွဲ့ထား‌ပေးတာလို့ ကျ‌နော် သုံးသပ်တယ်‌လေ။

– ‌ရွေး‌ကောက်ပွဲကို လာမဲ့ နိုဝင်ဘာလ (၇)ရက်‌နေ့မှာ ကျင်းပပြုလုပ်မယ်လို့ ဒီလ (၁၂)ရက်‌နေ့မှာ ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က ထုတ်ပြန်‌ကြေညာခဲ့သွားတယ်‌ပေါ့‌နော်။ အဲဒါ‌ကြောင့် ‌ရွေး‌ကောက်ပွဲကို ဝင်‌ရောက်ယှဉ်ပြိုင်ဖို့ PSDP ပါတီ‌ကော ဘယ်အတိုင်း အတာထိ ကြိုတင်ပြင်ဆင်ထားမှု‌တွေ လုပ်‌ဆောင်ပြီလဲ။
ကျ‌နော်တို့ ပါတီအ‌နေနဲ့က‌တော့ စည်းရုံး‌ရေးကိစ္စက‌တော့ သိပ်ပြီး အခက်အခဲမရှိ‌ပေမယ့်။ ‌ရွေး‌ကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်အတွက်က‌တော့ နည်းနည်းအခက်အခဲဖြစ်တယ်ဗျ။ သိပ်ပြီး‌တော့ ‌ရွေး‌ကောက်ပွဲဝင်ဖို့ ဆန္ဒသိပ်မရှိကြဘူး။ ဒါ ‌ပေမယ့်လည်း သူတို့သတ်မှတ်တဲ့အရ‌ပေါ့‌လေ။ အနည်းဆုံး လွှတ်‌တော် သုံးရာမှာ သုံး‌ယောက် မဖြစ်မ‌နေဝင်ရမယ်ဆို‌တော့ ကျ‌နော်တို့ ရည်ရွယ်ထားတဲ့ ၇မြို့နယ်လုံး မပြည့်စုံရင်‌တောင်မှ ၅ဝရာခိုင်နှုန်း‌လောက်‌တော့ ရ‌အောင်‌တော့ ကျ‌နော်တို့ ကြိုးစား သွားမယ်လို့ ရည်ရွယ်ထားပါတယ်။

– ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီဟာ ကရင်ပြည်သူ‌တွေအတွက် ဘာ‌တွေလုပ်‌ပေးနိုင်မယ်လို့ ထင်ပါသလဲ။ လူထု‌တွေအ‌နေနဲ့ ‌ရော ဘာ‌တွေ ‌မျှော်လင့်လို့ရနိုင်မလဲ။
ဖလုံစ‌ဝေါ်ပါတီအ‌နေနဲ့ အကယ်၍ လုပ်ပိုင်ခွင့် ရခဲ့ရင် ရခဲ့သလို အဓိက နံပါတ်တစ် ဦးစား‌ပေးဖို့ ကရင်တိုင်းရင်းသား ဖလုံ-စ‌ဝေါ်‌တွေအတွက် ရိုးရာယဉ်‌ကျေးမှု စာ‌ပေက အစ‌ပေါ့။ သင်ကြားခွင့် ‌ဖော်ထုတ်ခွင့်‌တွေကို အပြည့်အဝရရှိ‌အောင် စွမ်း ‌ဆောင်‌ပေးမယ်။ ‌နောက်ပြီး လူ‌နေမှုအဆင့် တိုးတက်မြင့်မား‌အောင်လည်းပဲ အဓိကစွမ်း‌ဆောင်‌ပေးဖို့ ရည်ရွယ်ထားပါတယ်။

– ‌ရွေး‌ကောက်ပွဲဝင်မဲ့ နိုင်ငံ‌ရေးပါတီတစ်ခုအ‌နေနဲ့ ဘယ်လိုအခက်အခဲမျိုး‌တွေ ရှိ‌နေပါသလဲ။
အခက်ခဲဆုံးအရာက‌တော့ ‌ရွေး‌ကောက်ပွဲဝင်မယ့် ကိုယ်စားလှယ် ကျ‌နော်တို့ ရည်ရွယ်ထားတဲ့ (၇)မြို့နယ်မှာဆို ၃၃ ဦးလိုတာ အပြည့်အဝမရ‌သေးတဲ့ အဲဒီအခက်အခဲ‌လေးတခု‌ပေါ့။ ဖွဲ့စည်းပုံအရဆိုရင် ကိုယ်စားလှယ်‌လောင်း‌တွေဟာ ကရင် ပြည်နယ်မှာ အမျိုးသားလွှတ်‌တော်အ‌နေနဲ့က ၁၂ဦး။ ပြည်သူ့လွှတ်‌တော်က ၇ဦးနဲ့ ပြည်နယ်လွှတ်‌တော်က ၇မြို့နယ်ကို ၂ဦးစီ ဆို‌တော့ ‌ရွေးလို့မရ‌သေးဘူး။ အမှန်‌တော့ စည်းရုံး‌ရေးအ‌နေအထားက ဝင်‌ရောက်ယှဉ်ပြိုင်မယ်ဆိုလို့ရှိရင် နိုင်‌ခြေရှိတာ‌ပေါ့ ‌လေ။ ဒါ‌ပေမယ့်လည်း ဝင်‌ရောက်ယှဉ်ပြိုင်ဖို့ သင့်‌တော်တဲ့ပုဂ္ဂိုလ်‌တွေကို စည်းရုံးတဲ့အခါကျ‌တော့ စိတ်ပါဝင်စားမှု နည်းတာကို ‌တွေ့ရတဲ့အတွက် သင့်‌တော်တဲ့ပုဂ္ဂိုလ်ကလည်း လုပ်ချင်ကိုင်ချင်စိတ် သိပ်မရှိဘူး။ မသင့်‌တော်တဲ့ ပုဂ္ဂိုလ်ကျ‌တော့လည်း မဖြစ် ဘူး‌လေ။

– ဟုတ်ကဲ့။ PSDP ဟာ ကရင်ပြည်သူတရပ်လုံးကို ကိုယ်စားပြုတဲ့ ကရင်တိုင်းရင်းသားပါတီတခုလို့ ဆိုထား‌တော့ မဲဆန္ဒရှင် ကရင်ပြည်သူ‌တွေကို ဘာများ‌ပြောချင်ပါသလဲ။
ကရင်ပြည်သူ‌တွေ ‌ပြောချင်တာက‌တော့ ဘယ်လိုပဲ ဖြစ်ဖြစ်‌ပေါ့‌လေ။ လုပ်ပိုင်ခွင့်အ‌ပေါ်မှာ အတတ်နိုင်ဆုံး အများ ပြည်သူ၊ ကိုယ့်ကရင်ပြည်သူပြည်သား‌တွေ‌ပေါ့‌လေ။ ကရင်တိုင်းရင်းသား‌တွေအတွက် အကျိုးရှိ‌အောင် စွမ်းစွမ်းတမံ ‌ဆောင် ရွက်‌ပေးဖို့ ရည်ရွယ်ထားတာ‌ပေါ့။ အကယ်၍ လုပ်ပိုင်ခွင့် မရရှိခဲ့ရင် ဒါက တမျိုး‌ပေါ့။ ဘာပဲ‌ပြော‌ပြော‌ပေါ့။ ကိုယ့်အဓိကထားတဲ့ ရည်ရွယ်ချက်‌လေး‌တော့ မ‌ပျောက်မပျက်‌အောင် ရာသက်ပန် အာဏာရသည်ဖြစ်‌စေ မရသည်ဖြစ်‌စေ။ လက်ရှိလည်းပဲ ကျ‌နော် တို့က ကိုယ်ကရင်တိုင်းရင်းသား အမျိုးသား‌ရေးအတွက်က‌တော့ အမြဲ ‌ဆောင်ရွက်‌နေတဲ့ ပုဂ္ဂိုလ်‌တွေနဲ့ ဖွဲ့စည်းထားပါတယ်ဆို တာ ‌ပြောချင်ပါတယ်။