Home ထိပ်တန်းသတင်း နယ်စပ်မတည်ငြိမ်မှု‌ကြောင့် ရွာသူရွာသားအချို့ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထပ်မံ‌ရွှေ့‌ပြောင်းလာ

နယ်စပ်မတည်ငြိမ်မှု‌ကြောင့် ရွာသူရွာသားအချို့ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထပ်မံ‌ရွှေ့‌ပြောင်းလာ

1496
ဩဂုတ်လ ၅ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

‌ကော့ကရိတ်မြို့နယ်၊ ‌ဝေါ်‌လေဂွင်မှ ရွာသူရွာသားများသည် ထိုင်း-မြန်မာနယ်စပ် အ‌ခြေအ‌နေ တည်ငြိမ်မှုမရှိသည့်အတွက်‌ကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ယမန်‌နေ့က ထပ်မံ ‌ရွှေ့‌ပြောင်း‌ရောက်ရှိလာပြန်သည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်၊ ‌ဝေါ်‌လေဂွင်ရှိ ဘလယ့်ဒို့၊ ‌လေး‌ဝေါ်နှင့် ‌သေ့‌ဘောဘိုး‌ကျေးရွာမှ ရွာသူရွာသားအချို့သည် ၎င်းတို့‌ဒေသတွင် တိုက်ပွဲဖြစ်ပွားမည်ကို ‌တွေး‌ကြောက်ပြီး ယမန်‌နေ့မှစ၍ ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ် ‌မော်လီချိုင်း‌ကျေးရွာအတွင်းသို့ ထပ်မံ ထွက် ‌ပြေး‌ရောက်ရှိလာခြင်းဖြစ်သည်ဟု ‌မော်လီချိုင်းရွာသူတစ်ဦးက ‌ကေအိုင်စီကို ‌ပြောသည်။

သူမက “ရွာသား‌တွေက‌တော့ မ‌နေ့ကတည်းက ဝင်လာတာ။ ဒီ‌နေ့လည်း ထပ်ဝင်လာတယ်။ ထိုင်းစစ်တပ်က ‌ပေးမဝင်ဘူး‌လေ။ ဒီ မနက် ‌ချောင်းနံ‌ဘေးမှာဆို အထုပ်အပိုး‌တွေချည်းပဲ။ အသိ‌တွေ၊ ‌ဆွေမျိုး‌တွေရှိတဲ့သူ‌တွေက သူတို့‌ဆွေမျိုး‌တွေ အာမခံ‌ပေးလို့ ဝင် လာလို့ရတယ်။ အခုလာတာ က‌လေးငယ်‌တွေ၊ သားသည်မိခင်‌တွေ၊ လူကြီးအိုမ‌တွေပဲ များတယ်။ အားလုံး ၁၀၀‌ကျော်‌လောက် ရှိ မယ်။”ဟု ‌ပြောသည်။

ထို့အပြင် “ရွာသူရွာသား‌တွေရဲ့ ‌ပြောပြချက်အရ သူတို့‌ကျေးရွာမှာရှိတဲ့ ဒီ‌ကေဘီ‌အေ မိသားစု‌တွေ မိသားစုအလိုက် ‌ပြောင်း‌ရွှေ့ ထွက်သွား‌တော့ အ‌ခြေအ‌နေ သိပ်မ‌ကောင်းဘူးဆိုပြီး သူတို့လည်း ထိုင်းဘက်ကို ‌ရွှေ့လာတာဖြစ်တယ်။ နအဖ တပ်‌တွေကလည်း သွားလိုက်လာလိုက်နဲ့ အဲဒီအ‌ခြေအ‌နေရဆိုရင်‌တော့ နအဖနဲ့ ဒီ‌ကေဘီ‌အေကြား၊ ဒါမှမဟုတ် ‌ကေအဲန်ယူနဲ့ နအဖအကြား တိုက်ပွဲ ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ‌ပြောကြတယ်။”ဟု ထို‌မော်လီချိုင်းရွာသူက ‌ပြောသည်။

ယင်းသို့ ထွက်‌ပြေးလာသည့် ရွာသူရွာသားများသည် ထိုင်းစစ်တပ်အာဏာပိုင်များက ထိုင်းနိုင်ငံအတွင်းသို့ ဝင်ခွင့်မ‌ပေးသည့်အ တွက် အချို့မှာ ရွာသူရွာသားများက ‌မော်လီချိုင်း‌ကျေးရွာ၏ တဘက်ကမ်း ‌သေ့‌ဘောဘိုး‌ကျေးရွာ ‌သောင်ရင်းမြစ်ကမ်းနံ‌ဘေးတွင် ‌နေထိုင်ကြရသည်ဟု သိရသည်။

နယ်စပ်အ‌ခြေအ‌နေကို မျက်‌ခြေမပြတ် ‌စောင့်ကြည့်‌နေသည့် ထိုင်းအာဏာပိုင်တစ်ဦးက “လာမဲ့ ၁ဝရက်မှာ ဗိုလ်နှုတ်ခမ်း‌မွေး လက်မှတ်မထိုးရင် တိုက်ပွဲဖြစ်လာနိုင်‌တော့ ရွာသား‌တွေက ကြိုထွက်‌ပြေးလာတာဖြစ်တယ်။ က‌လေး၊ မိန်းမနဲ့ အသက်ကြီးသူ‌တွေ များတယ်။ ထိုင်းစစ်တပ်က‌တော့ တိုက်ပွဲမဖြစ်‌သေးဘဲ ထွက်လာ‌တော့ လက်မခံချင်ဘူး‌လေ။ ဒါ‌ကြောင့် ‌ပေးမဝင်တာ ဖြစ်တယ်။” ဟု ‌ပြောသည်။

(ဇူလိုင်လ ၂၅ရက်က ‌မောကဲထာ့ရွာသို့ ထွက်‌ပြေး‌ရောက်လာသည့် ရွာသားများ။ ဓါတ်ပုံ - ‌ကေအိုင်စီ)

စစ်‌ဘေးဒဏ်‌ကြောက်၍ ထွက်‌ပြေးလာသူ ထိုရွာသူရွာသားများသည် ဇူလိုင်လ ၂၅ရက်‌နေ့က ၎င်းတို့‌ဒေသအတွင်း ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)နှင့် နအဖ စစ်တပ်တို့ တိုက်ပွဲဖြစ်လာနိုင်သည့် အ‌နေအထား‌ကြောင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်ရှိ ‌မော ကဲထာ့နှင့် ‌မော်လီချိုင်း‌ကျေးရွာများသို့ တစ်ရက်ကြာ တိမ်း‌ရှောင်‌ရောက်ရှိလာခဲ့ပြီးဖြစ်သည်။