Home ထိပ်တန်းသတင်း ဒီ‌ကေဘီ‌အေ (၉၉၉)မှ တပ်ဖွဲ့ဝင် ၂ဝဦးခန့် လက်နက်များနှင့်အတူ ဗိုလ်မှူးကြီး‌စောလားပွယ်ထံ ပူး‌ပေါင်း

ဒီ‌ကေဘီ‌အေ (၉၉၉)မှ တပ်ဖွဲ့ဝင် ၂ဝဦးခန့် လက်နက်များနှင့်အတူ ဗိုလ်မှူးကြီး‌စောလားပွယ်ထံ ပူး‌ပေါင်း

1812
ဩဂုတ်လ ၁ဝရက်။ နန်းထူးစံ (‌ကေအိုင်စီ)

စစ်အစိုးရ၏ နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်းမည့်အ‌ရေးကို လက်မခံသည့် ဒီ‌ကေဘီ‌အေ (၉၉၉)တပ်မဟာမှ အရာရှိငယ်တစ်ဦး ပါဝင်သည့် တပ်ဖွဲ့ဝင် ၂ဝခန့်သည် ယခုရက်ပိုင်းအတွင်း ဗိုလ်မှူးကြီး‌စောလားပွယ်(ဗိုလ်နှုတ်ခမ်း‌မွှေး) ဦးစီး‌သော ဒီ‌ကေဘီ‌အေ တပ်မဟာ(၅) တပ်ဖွဲ့သို့ သွား‌ရောက်ပူး‌ပေါင်းခဲ့‌ကြောင်း သိရသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉)လက်‌အောက်ခံ ဒုဗိုလ်မှူးကြီး‌စောကတုံး ဦးစီးသည့် သစ္စာတည်တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်ကြီး ‌စောဘလို့ အပါအဝင် ၁၆ဦးသည် ဩဂုတ်လ ၆ရက်‌နေ့တွင်လည်း‌ကောင်း၊ ‌နောက်ထပ် တပ်ဖွဲ့ဝင် ၃ဦးသည် ယမန်‌နေ့ကလည်း ‌ကောင်း လက်နက်ခဲယမ်းများနှင့်အတူ မြဝတီမြို့နယ်၊ ‌ဝေါ်‌လေအ‌ခြေစိုက် ဗိုလ်မှူးကြီး‌စောလားပွယ်၏ တပ်မဟာ(၅) တပ်ဖွဲ့ထံသို့ လာ‌ရောက်ပူး‌ပေါင်းခဲ့သည်ဟု ‌ဝေါ်‌လေရှိ ဒီ‌ကေဘီ‌အေ တပ်မှူးတဦးက ‌ပြောသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ တပ်မှူးတဦးက “သူတို့‌တွေက ဒီ‌ကေဘီ‌အေ သစ္စာတည်တပ်ရင်းက တပ်သား‌တွေဖြစ်တယ်။ ၆ရက် ‌နေ့က ၁၆‌ယောက်နဲ့ သူတို့မိသားစုတချို့ပါတယ်။ မ‌နေ့က‌တော့ ၃‌ယောက် ထပ်‌ရောက်လာတယ်။ သူတို့က အထက်က လူကြီး ‌တွေနဲ့ ဆက်သွယ်ပြီး‌တော့ လာတာလို့ပဲ သိရတယ်။ ကျ‌နော်တို့က ‌ရှေ့တန်းမှာဆို‌တော့ အ‌သေးစိတ် မသိဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သစ္စာတည်တပ်ရင်း တပ်ရင်းမှူး ဗိုလ်ကတုံးကို ဆက်သွယ်‌မေးမြန်း၍ မရ‌သော်လည်း ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉) လက်‌အောက်ခံ အထူးတပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌စော‌မောင်ဝင်းက ယခုလို အတည်ပြု ‌ပြောဆိုသည်။

သူက “ဟုတ်ပါတယ်။ ၁၀‌ယောက်‌ကျော် သွားတယ်လို့ ကျ‌နော် သိရတယ်။ သူတို့က နယ်ခြား‌စောင့်တပ် မဖြစ်ချင်ဘူး။ ဘုန်းကြီး တပ်မ‌တော်ပဲ ဖြစ်ချင်ကြတယ်‌လေ။ ဒါ‌ပေမဲ့ အဲဒီလူ‌တွေက နယ်ခြား‌စောင့်တပ်ဖြစ်ဖို့ အားလုံး နာမည်‌ပေးထားပြီးသားပဲ။ ဟိုဘက် မှာ သူတို့ ‌ခေါင်း‌ဆောင်‌ဟောင်း‌တွေ ရှိတယ်‌လေ။ သူတို့ကို ‌ခေါ်လို့ သွားတာဖြစ်မယ်။”ဟု ‌ပြောသည်။

သစ္စာတည်တပ်ရင်း၊ တပ်ခွဲ (၂)မှူး ဦးစီး‌သော ဒီ‌ကေဘီ‌အေအဖွဲ့သည် နယ်ခြား‌စောင့်တပ်ကို လက်မခံဘဲ ငြင်းဆန်လျှက်ရှိသည့် ဗိုလ်မှူးကြီး‌စောလားပွယ်၏ တပ်ဖွဲ့နှင့် သွား‌ရောက်ပူး‌ပေါင်းရာတွင် ၎င်းတို့နှင့်အတူ လက်နက်ကြီး 60-မမ ၁လက်၊ RPG ၁လက်၊ M-16 ၁လက်၊ M-79 ၁လက်၊ ‌မော်တာ-16 ၂လက် အပါအဝင် လက်နက်ကြီးငယ် စုစု‌ပေါင်း အလက် ၂၀‌ကျော်နှင့် ကျည်ဆံများ ပါရှိသည်ဟု သိရသည်။

စစ်အစိုးရတပ်များသည် ယခုလဆန်းပိုင်းမှစ၍ နယ်ခြား‌စောင့်တပ်ဝင်မည့်သူများကို လက်ခံလျှက်ရှိရာ မြဝတီမြို့ရှိ ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ ကလို့ထူး‌ဘောဗျူဟာမှူး ဗိုလ်မှူး‌စောမုတ်သုန်‌နေအိမ်နှင့် အခြား နအဖ တပ်စခန်းများ၌ ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင် များကို နာမည်၊ ကိုယ်ပိုင်နံပါတ်များ ‌မေးမြန်းကာ ဓာတ်ပုံရိုက်ယူပြီး နယ်ခြား‌စောင့်တပ်အဖြစ် လက်မှတ်‌ရေးထိုးခြင်းများ လုပ် ‌ဆောင်လျှက်ရှိသည်။

ဒီ‌ကေဘီ‌အေ တပ်ဖွဲ့အတွင်း ဗိုလ်မှူးကြီး ‌စောလားပွယ် ဦးစီး‌သော တပ်မဟာ(၅)မှလွဲ၍ ကျန်သည့် ဒီ‌ကေဘီ‌အေ တပ်မဟာများ သည် နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေးကို လက်ခံ‌ကြောင်း သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ကြပြီး လာမည့် ဩဂုတ်လ ၂ဝ ရက်‌နေ့တွင် ဒီ‌ကေဘီ‌အေဌာနချုပ် မြိုင်ကြီးငူအထူး‌ဒေသ၌ နယ်ခြား‌စောင့်တပ် တံဆိပ်တပ် ဖွင့်ပွဲအခမ်းအနား ပြုလုပ်‌တော့မည် ဖြစ်‌ကြောင်း အတည်မပြုနိုင်‌သေးသည့် သတင်းများအရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃ရက်‌နေ့က ဒီ‌ကေဘီ‌အေ (၉၀၂)တပ်ရင်းမှ တပ်ဖွဲ့ဝင် ၆ဦး လက်နက်များနှင့်အတူ ‌ကော့ကရိတ်မြို့နယ် အ‌ခြေစိုက် ‌ကေအဲန်ယူ၏ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) တပ်ရင်း (၁၈)ထံ သွား‌ရောက်ပူး ‌ပေါင်းခဲ့သလို ဇူလိုင်လ ၁၁ရက်‌နေ့၌လည်း ကရင်ပြည်နယ် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မဲ့စရီဂွင်အတွင်း လှုပ်ရှား‌နေသည့် ဒီ‌ကေ ဘီ‌အေ တပ်မဟာ(၉၉၉)၊ အထူးတပ်ရင်းမှ တပ်စုမှူးဦး‌ဆောင်သည့် ၇ဦးအဖွဲ့သည် လက်နက်အပြည့်အစုံနှင့်အတူ ‌ကေအဲန်အယ် လ်‌အေ တပ်မဟာ(၇) ထံ ပူး‌ပေါင်းခဲ့‌သေးသည်။
လက်ရှိ အင်အား ၄၀၀၀‌ကျော်ရှိသည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော် (ဒီ‌ကေဘီ‌အေ)တွင် တပ်မဟာ (၃၃၃)၊ (၅၅၅)၊ (၆၆၆)၊ (၇၇၇)၊ (၉၉၉)နှင့် တပ်မဟာ(၅)တို့ရှိပြီး နယ်ခြား‌စောင့်တပ်ကို လက်မခံသည့် တပ်မဟာ(၅)မှာ ဒုတိယ အင်အားအများဆုံးဖြစ်သည်။