Home ထိပ်တန်းသတင်း ခရက ဥက္ကဌ အလှူ စည်းရုံး‌ရေးဖြစ်နိုင်

ခရက ဥက္ကဌ အလှူ စည်းရုံး‌ရေးဖြစ်နိုင်

2147
ဩဂုတ်လ ၉ရက်။ ‌နော်ဖြူဖြူသင်း (‌ကေအိုင်စီ)

မြဝတီမြို့ရှိ ဘုန်း‌တော်ကြီး‌ကျောင်းတ‌ကျောင်းတွင် ယခုလဆန်းပိုင်းက (ခရက) ဥက္ကဌက ဦးထွန်းထွန်းဝင်းမှ မြို့‌နေလူထုအား ၇ရက်တိုင် အလှူ‌ပေးခဲ့ခြင်းသည် စည်းရုံး‌ရေးတစ်ခုဖြစ်နိုင်‌ကြောင်း မြို့ခံအချို့က ‌ပြောဆို‌နေကြသည်။

“ဘုရင့်‌နောင် လမ်းမကြီးက ဘုရားကြီး‌ကျောင်းတိုက်မှာ အလှူလုပ်‌နေတာ‌တော့ ‌တွေ့တယ်။ ‌ကျွေး‌နေတာ တစ်ပတ်‌တောင်မှ ဆိုပဲ။ ‌မေးကြည့်‌တော့ ခရက ဥက္ကဌရဲ့အလှူတဲ့။ ဘယ်သူမဆို တ‌နေကုန် ဘယ်အချိန် လာစားစားရတယ်တဲ့။ ကြည့်ရတာ ‌ရွေး‌ကောက်ပွဲအတွက် စည်းရုံး‌နေတာလား မသိဘူး။”ဟု မြို့ခံအမျိုးသမီးတစ်ဦးက ‌ပြောသည်။

ဇူလိုင်လ ၃၁ရက်‌နေ့မှ ယခုလ ၆ရက်‌နေ့အထိ ပြုလုပ်သည့် ယင်းအလှူတွင် မည်သူမဆို နံနက် (၆)နာရီမှ ည‌နေ (၄)နာရီအ ထိ အချိန်မ‌ရွေး လာ‌ရောက်စားသုံးနိုင်ပြီး မရက၊ ရပ်ကွက်လူကြီးများနှင့် ‌စေတနာ နာ‌ရေးကူညီမှုအသင်းမှ အဖွဲ့ဝင်များက ဝိုင်းကူ‌ကျွေး‌မွေးခဲ့‌ကြောင်း သိရသည်။

မြို့သူတစ်ဦးက “သူတို့လုပ်တာက တိုက်ရိုက်မလုပ်ဘူး‌လေ။ အလှူ‌ကျွေးသလိုနဲ့ သွယ်ဝိုက်ပြီး‌တော့လုပ်တာ။ ‌ကျွေးတာမှ ထမင်းနဲ့ ဟင်း စပါယ်ရှယ်‌ကျွေးတာ။ အခု ဂိတ်‌တွေလည်းပိတ်ပြီး စီးပွား‌ရေး‌တွေ အဆင်မ‌ပြေ‌တော့ ပိုက်ဆံမရှိတဲ့ ဆင်းရဲသား ‌တွေ၊ ဆိုက္ကားသမား‌တွေအ‌နေနဲ့က‌တော့ သွားစားတာကို အခွင့်‌ကောင်းယူတာ‌ပေါ့။”ဟု ‌ပြောဆိုသည်။

၎င်းအလှူအတွက် မြဝတီမြို့ရှိ သူ‌ဌေးဦး‌ကျော်ဟိန်းမှလည်း အလှူ‌ငွေ ကျပ်သိန်း ၃ဝပင် လှူဒါန်း‌ကြောင်းလည်း သိရသည်။ မြဝတီမြို့ရှိ ကုန်သည်တစ်ဦးကလည်း “ဒါက‌တော့ သူတို့ စည်းရုံး‌ရေးအတွက်ပဲ လုပ်တာ‌နေမှာပါ။ ကျ‌နော်က‌တော့ အဲဒီဘက် ‌ရောက်ကို မ‌ရောက်ဖြစ်ဘူး‌လေ။”ဟု ‌ကေအိုင်စီကို ‌ပြောသွားသည်။

မြဝတီခရိုင် ဥက္ကဌသည် လက်ရှိ အစိုးရအာဏာပိုင်မှဖြစ်ပြီး အများအားဖြင့် အစိုးရဝန်ထမ်းများမှာ ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ ၏ အဖွဲ့ဝင်များဖြစ်သည့်အတွက် ယခုလို အ‌ကျွေးအ‌မွေးဖြင့် စည်းရုံးခြင်းဖြစ်သည်ဟုလည်း ‌ပြောဆို‌နေကြခြင်း ဖြစ်သည်။

မြဝတီမြို့တွင် ‌နေထိုင်ကြသူများသည် များ‌သောအားဖြင့် နယ်စပ်စီးပွား‌ရေးကို မှီခိုရပ်တည်‌နေကြရကာ မြန်မာစစ်အစိုးရဖက် က ယခုလို ချစ်ကြည်‌ရေးတံတား အပါအဝင် တရားမဝင် ဂိတ်များအားလုံး ပိတ်လိုက်သဖြင့် မြို့ခံများမှာ စားဝတ်‌နေ‌ရေး ကြပ် တည်း‌နေကြရသည်။