Home ထိပ်တန်းသတင်း ကရင်ရွာသားများ နအဖ စစ်တပ်၏ အ‌ကြောင်းမဲ့ ခြိမ်း‌ခြောက်အကြပ် ကိုင်ခံရ

ကရင်ရွာသားများ နအဖ စစ်တပ်၏ အ‌ကြောင်းမဲ့ ခြိမ်း‌ခြောက်အကြပ် ကိုင်ခံရ

1719
ဩဂုတ်လ ၂၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်း ‌တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း လှုပ်ရှား‌နေသည့် နအဖစစ်တပ်များသည် ယခုလ ပထမ အပတ်မှစ၍ ယ‌နေ့အချိန်ထိ ရွာသားများကို ခြိမ်း‌ခြောက်အကြပ်ကိုင်မှုများ လုပ်‌ဆောင်လျှက်ရှိသည်ဟု ‌ဒေသခံများ၏ ‌ပြောပြ ချက်အရ သိရသည်။

ဩဂုတ်လ ၁ဝရက်‌နေ့မှ ယ‌နေ့အချိန်ထိ ထန်းတပင်မြို့နယ် ‌ဘောဂလိ‌ကျေးရွာမှာ အ‌ခြေစိုက်လှုပ်ရှားလျှက်ရှိသည့် နအဖ စစ် ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၇)မှ ‌ခြေမြန်တပ်ရင်း-ခမရ (၄၂၆)ဒု တပ်ရင်းမှူး ဗိုလ်မှူးစိုးလှိုင်သည် ‌ကျေးရွာအတွင်း တိုက်ပွဲမဖြစ် ရန်နှင့် ၎င်းတို့တပ် ခိုင်း‌စေရာကို ရွာသားများ တ‌သွေမတိမ်း လိုက်နာလုပ်‌ဆောင်ခိုင်းခဲ့ပြီး မလိုက်နာပါက တားဆီးပိတ်ပင်မှုများ ခံရမည်ဟု အမိန့်ထုတ်ထား‌ကြောင်း နယ်‌မြေခံတစ်ဦးက ‌ပြောသည်။

၎င်းနယ်‌မြေခံက “ခမရ (၄၂၆)တပ်ရင်းမှ ဒုရင်းမှူးစိုးလှိုင်က ဒီလ (၁၂)ရက်‌နေ့က‌နေ ဒီက‌နေ့အထိ ‌ဘောဂလိ(ခလယ်လာ)နဲ့ ‌ရေသိုးကြီးရွာထဲမှာ တိုက်ပွဲ‌တွေ လုံးဝမဖြစ်ရဘူး။ ‌နောက် ရွာသား‌တွေလည်း သူတို့ခိုင်းတဲ့အတိုင်း လိုက်လုပ်ရမယ်။ ‌ပြောတဲ့ ကြားက တခုခုဖြစ်လို့ရှိရင် လုပ်ငန်းခွင် သွားလာခွင့်‌တွေကို ပိတ်ပစ်မယ်လို့ ခြိမ်း‌ခြောက်တယ်။”ဟု ‌ပြောသည်။

၎င်းအပြင် ပုလဲဝ၊ က‌လောမီးဒဲနှင့် တိပ်ပုဂွင်တွင် လှုပ်ရှား‌နေသည့် စကခ(၇)လက်‌အောက်ခံ အခြားတပ်ဖွဲ့ဝင်များသည် မည် သည့်အ‌ကြောင်းပြချက်မှ မ‌ပေးဘဲ ‌ဒေသခံ ကရင်ရွာသားများအား ရွာပြင်ထွက်ခွင့်မပြုသည့်အပြင် လယ်ယာလုပ်ငန်းခွင်သို့ သွားရန်ကိုလည်း အ‌ကြောင်းမဲ့ တားမြစ်ခဲ့သည်ဟု သိရသည်။

ထိုအ‌ခြေအ‌နေနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က “ဒီကိစ္စ‌တွေဟာ ပထမတချက်က သူတို့(နအဖ)ကျင်းပမယ့် ‌ရွေး‌ကောက်ပွဲ အ‌ကောင်အထည်‌ဖော်နိုင်‌ရေးအတွက် လူထု‌တွေ အပြင်မထွက်‌အောင် အမျိုးမျိုး ခြိမ်း‌ခြောက်အကြပ်ကိုင်တာ ဖြစ်တယ်။ ‌နောက်တခုက ရွာသား‌တွေကို ‌ကေအဲန်ယူတပ်ဖွဲ့ဝင် ‌တွေနဲ့ ဆက်သွယ်မှုရှိတယ်ဆိုတဲ့ အထင်အမြင်မှားမှုအ‌ပေါ်မှာ ရွာသား‌တွေ လုပ်စားကိုင်စားမရ‌အောင်၊ ဝင်‌ငွေလုံးဝမရှိ‌အောင် ရည်ရွယ်ချက်ရှိရှိ လုပ်‌ဆောင်တာ ဖြစ်တယ်။”ဟု သုံးသပ်‌ပြောဆိုသည်။

အလားတူ ယခုလ ၁၆ရက်‌နေ့က ကရင်ပြည်နယ်‌မြောက်ပိုင်း ‌ညောင်‌လေးပင်ခရိုင် မုံးမြို့နယ် မာလာ‌တောဂွင်၌ လှုပ်ရှား‌နေ သည့် တပ်အင်အား (၃၀)ရှိ နအဖ ‌ခြေလျင်တပ်ရင်း-ခလရ (၄၈)မှ တပ်ခွဲမှူး ခင်‌မောင်‌ကျော်ဦးစီးအဖွဲ့သည် မာလာ‌တောရွာ သားများ ရွာအပြင်ထွက်ကာ စားနပ်ရိက္ခာ သယ်ယူပို့‌ဆောင်ခြင်း လုံးဝ မရှိဘဲ ‌တွေ့ရှိပါက တချိန်တည်းပင် ပစ်သတ်မည်ဖြစ် ‌ကြောင်း အမိန့်ထုတ်ထားသည်ဟု ယင်း‌ဒေသမှလာသည့် သတင်းအရ သိရသည်။

ထိုအမိန့်မထုတ်ခင် ဩဂုတ်လ ၁၂ရက်‌နေ့ ည‌နေ ၅နာရီအချိန်တွင် အဆိုပါ နအဖတပ်ရင်းသည် မာလာ‌တောဂွင်ရှိ တယ့်ကွယ် ‌ကျေးရွာသို့ဝင်‌ရောက်ကာ ရွာသား ‌စောဘာကူး ၃၅နှစ်၊ ‌စောမူးဒါး ၁၁နှစ်တို့ သားအဖနှစ်ဦးအား ‌မေးမြန်းမှု တစုံတရာ မရှိဘဲ နွားခြံတဲ၌ ပစ်ခတ်ရာ ‌စောဘာကူးမှာ ပွဲချင်းပြီး‌သေဆုံးကာ ‌စောမူးဒါးမှာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည့်အပြင် နွားခြံရှိ နွား နှစ်‌ကောင်လည်း ‌သေဆုံးခဲ့သည်။