Home ထိပ်တန်းသတင်း ကရင်ဒုက္ခသည် ‌ကော်မတီမှ ဒုက္ခသည်စခန်းများတွင် လိုက်လံ‌ဟော‌ပြော‌နေ

ကရင်ဒုက္ခသည် ‌ကော်မတီမှ ဒုက္ခသည်စခန်းများတွင် လိုက်လံ‌ဟော‌ပြော‌နေ

1537
ဩဂုတ်လ ၅ရက်။ ‌နော်ဖြူဖြူသင်း (‌ကေအိုင်စီ)

ကရင်ဒုက္ခသည်‌ကော်မတီ(‌ကေအာရ်စီ)မှ တာဝန်ရှိသူများသည် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများရှိ် ဒုက္ခသည် များနှင့် ‌တွေ့ဆုံကာ လူထု‌ဟော‌ပြောပွဲများ လုပ်‌ဆောင်လျှက်ရှိသည်ဟု သိရသည်။

စခန်းအတွင်းရှိ တာဝန်ရှိသူများနှင့် ဒုက္ခသည်များအကြား ရင်းနှီးမှု၊ နားလည်မှု ပိုမိုရှိလာ‌စေရန်နှင့် ဒုက္ခသည်များအ‌နေဖြင့် ၎င်း တို့၏ အခက်အခဲများနှင့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်များကို သိရှိရန်အတွက် ယခုလို ‌ဟော‌ပြောပွဲများ ပြုလုပ်ရခြင်းဖြစ်သည်ဟု ‌ကေအာရ်စီမှ တာဝန်ရှိသူတဦးဖြစ်သူ ‌စောပွယ်‌စေးက ‌ပြောသည်။

သူက “အဓိကက‌တော့ စခန်းထဲမှာ ရှိတဲ့ စီမံခန့်ခွဲမှုအဆင့်ဆင့်နဲ့ စခန်းနဲ့ သက်ဆိုင်သူအားလုံး ရင်းနှီးနားလည်မှု ပိုမိုရှိလာ‌စေ ဖို့၊ စခန်းလူထုရဲ့ ဆန္ဒအခက်အခဲ‌တွေ သူတို့ရင်ထဲကလာတဲ့ အသံ‌တွေကို သိရဖို့ရယ်၊ ဒုက္ခသည်‌တွေ စခန်းထဲမှာ ကိုယ့်ကိုယ် ကို ထိန်းထိန်းသိမ်းသိမ်း ‌နေထိုင်တတ်ဖို့ ရည်ရွယ်ပြီး‌တော့ အခုလို ‌ဟော‌ပြောမှု‌တွေ လုပ်တာဖြစ်တယ်။”ဟု ‌ပြောသည်။

မယ်လစခန်းတွင် ‌ဟော‌ပြောပွဲကို ယ‌နေ့အထိ သုံးရက်ပြုလုပ်ခဲ့ပြီး တစ်အိမ်တစ်ဦး သွား‌ရောက်နား‌ထောင်ကြရခြင်းဖြစ်ပြီုး ယ‌နေ့မွန်းလွဲပိုင်းတွင် ‌နောက်ဆုံးအဖြစ် ဇုံ(C1, C2, C3) ရပ်ကွက်သုံးခုအတွက် ဇုံစီ ရိက္ခာဂို‌ဒေါင်တွင် ပြုလုပ်ခဲ့သည်။

‌ဟော‌ပြောပွဲ တက်‌ရောက်သူ ဇုံစီမှ ဒုက္ခသည်တစ်ဦးက “အား‌ပေးစကား‌တွေ ‌ပြောတယ်။ ဒုက္ခသည် အချင်းချင်း စည်းစည်းလုံး လုံး ညီညီညွွှတ်ညွှတ်နဲ့ ‌အေး‌အေး‌ဆေး‌ဆေး‌နေထိုင်ကြဖို့ ‌ပြောတယ်။ တခြားက‌တော့ ဒုက္ခသည် စတင်ဖြစ်‌ပေါ်လာပုံတို့၊ စခန်း က ဖြစ်ပြီးရင် ပျက်တတ်တယ် ဆိုတဲ့အ‌ကြောင်း‌တွေ ဆရာပွယ်‌စေးက ‌ပြောသွားပါတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထို့အပြင် ‌ကေအာရ်စီ တာဝန်ရှိသူများက ဒုက္ခသည်များအ‌နေဖြင့် စခန်းအတွင်း စည်းကမ်းရှိရှိ ‌နေထိုင်သွားရန်နှင့် ဒုက္ခသည် များအတွက် အကူအညီ‌ပေး‌နေသည့် အဖွဲ့အစည်းများ၏ ရန်ပုံ‌ငွေ အ‌ခြေအ‌နေများအ‌ကြောင်းကို ရှင်းလင်း‌ဟော‌ပြောသွား ‌ကြောင်း သိရသည်။

‌ကေအာရ်စီသည် ပြီးခဲ့သည့်လကလည်း ထို‌ဟော‌ပြောပွဲများကို ထိုင်းနိုင်ငံ၊ မဲ‌ဟောင်‌ဆောင်ခရိုင်ရှိ မယ်လအူး၊ မယ်ရာမိုနှင့် တာ့ခ်ခရိုင်ရှိ အုန်းဖျန်နှင့် နို့ဖိုးဒုက္ခသည်စခန်းများသို့ သွား‌ရောက်ကာ ဒုက္ခသည်စခန်းသူ စခန်းသားများနှင့် ‌တွေ့ဆုံမှုများ ပြု လုပ်ခဲ့ပြီး ကန်ချနဘူရီ‌ဒေသရှိ ထမ်းဟင်နှင့် ဘန့်ဒုံယန်းဒုက္ခသည်စခန်းများသို့ သွား‌ရောက်မည်ဟု ‌စောပွယ်‌စေးက ‌ပြောသည်။

ပြည်တွင်းစစ်‌ကြောင့် ထွက်‌ပြေးလာကြသည့် ကရင်ဒုက္ခသည်များအတွက် ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်တွင် ၁၉၈၅ခုနှစ်မှစ ၍ ကရင်ဒုက္ခသည်စခန်းများ ထားရှိခဲ့ကြပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR)၏ အသိအမှတ်ပြုမှုဖြင့် ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် ကူညီ‌စောင့်‌ရှောက်‌ရေး ညွှန့်‌ပေါင်းအသင်း (တီဘီဘီစီ)မှ အိမ်သုံးပစ္စည်းများနှင့် လစဉ် အ ‌ခြေခံ စားကုန်ရိက္ခာများကို ‌ထောက်ပံ့‌ပေး‌နေသည့် ကရင်ဒုက္ခသည်‌ပေါင်း တစ်သိန်းခွဲနီးပါးရှိ‌ကြောင်း ‌ကေအာရ်စီ၏ ဇွန်လ အစီ ရင်ခံစာတွင် ‌ဖောပြထားသည်။