Home ထိပ်တန်းသတင်း မြဝတီမြို့တွင် က‌လေးငယ်များ ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ အဖြစ်များလာ

မြဝတီမြို့တွင် က‌လေးငယ်များ ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ အဖြစ်များလာ

1760
ဇူလိုင်လ ၇ရက်။ ‌နော်ဖြူဖြူသင်း(‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယခုရက်ပိုင်းအတွင်း ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာရာ ‌ဆေးရုံတွင် လာ ‌ရောက်ကုသ‌သော ‌ဝေဒနာရှင်များထဲတွင် က‌လေးငယ်များ ပိုမိုများပြားလာသည်ဟု သိရသည်။

မြဝတီ‌ဆေးရုံတွင် တာဝန်ထမ်း‌ဆောင်‌သော သူနာပြုဆရာမတစ်ဦးက “ဒီ‌ရောဂါ‌တွေက‌တော့ အရင်လ‌တွေတုန်းကလည်း ဖြစ် ကြတယ်။ ဒါ‌ပေမဲ့ အခုက က‌လေးလူနာ ၁၀‌ယောက်‌လောက် ဆင်းသွားပြီးဆိုရင် ၁၅‌ယောက်‌လောက် ပြန်တက်လာကြတယ်။ ‌ဆေးရုံတင်မကဘူး။ ‌ဆေးခန်းမှာလည်း ည‌နေပိုင်း ကျမ ပြန်ထိုင်ရင် က‌လေး‌တွေပဲ လာပြကြတယ်”ဟု ‌ပြောသည်။

မြဝတီ‌ဆေးရုံသို့ တက်‌ရောက်ကုသမှု ခံယူ‌နေရသည့် က‌လေးလူနာ များပြားလာခြင်း‌ကြောင့် ကုတင်များပင် မဆံ့‌တော့ဘဲ လူနာ‌ဆောင်အပြင်ဖက်တွင် ခုံတန်းများဖြင့် တန်းစီထားသည်ကို ‌တွေ့ရှိရ‌ကြောင်း ‌ဆေးရုံအနီးတွင် ‌နေထိုင်သူတစ်ဦးက ယခု လို ‌ပြောသည်။

သူက “အခုတ‌လော က‌လေး‌တွေ အဖြစ်များလာတာ‌တွေ့ရတယ်။ က‌လေးလူနာ‌ဆောင်နဲ့ ‌မွေးလူနာ‌ဆောင်က အတူတူထား တာဆို‌တော့ အကုန်လုံးပြည့်‌နေတာပဲ။ မဆံ့လို့ အပြင်ဘက်မှာ ခုံ‌လေး‌တွေကို တန်းစီးပြီး ‌နေရတာ‌တွေရှိတယ်”ဟု ‌ပြောသည်။

လက်ရှိအချိန်၌ မြဝတီ‌ဆေးရုံတွင် က‌လေးလူနာ ၅၀‌ကျော် ‌ဆေးကုသမှု ခံယူလျှက်ရှိပြီး ၎င်းတို့သည် အသက် ၅နှစ်အရွယ်မှ ၁၅နှစ်အထိ ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ အဖြစ်များလာရခြင်းမှာ မိဘများက က‌လေးငယ်များအား ဂရုစိုက်မှုမရှိခြင်း၊ ‌ဆေးရုံကို အချိန်လွန်မှ ကုသမှုခံယူခြင်းနှင့် လူ‌နေထူထပ်သည့် မြဝတီမြို့တွင် ခြင်နှိမ်နင်း‌ရေးလုပ်ငန်းကို ထိထိ‌ရောက်‌ရောက် မလုပ် ‌ဆောင်ခြင်း‌ကြောင့် ဖြစ်သည်ဟု မြို့ခံတစ်ဦးက ဆိုသည်။

အရင်နှစ်များတွင် ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ ဖြစ်ပွားခြင်းများရှိခဲ့‌သော်လည်း ယခုနှစ်သည် အရင်နှစ်များထက် ဆိုးဝါးလာ‌သော် လည်း မြို့နယ်ကျန်းမာ‌ရေးအဖွဲ့က မည်သည့်ကျန်းမာ‌ရေးပညာ‌ပေးမှုကိုမျှ လုပ်‌ဆောင်ခြင်း မရှိဟု သိရသည်။

ကရင်ပြည်နယ်တွင် မြဝတီမြို့အပြင် ဖားအံမြို့၊ ဘုရားသုံးဆူနှင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင်လည်း ပြီးခဲ့ သည့် ‌မေလမှစ၍ ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ ဖြစ်ပွားလျှက်ရှိရာ လူကြီးနှင့် က‌လေးငယ်များ ‌သေဆုံးမှုများ ရှိခဲ့သည်။