Home ထိပ်တန်းသတင်း ‌ကေအဲန်ယူ ဝင်ထွက်မှု‌ကြောင့် ရွာသားများ ဒဏ်‌ငွေရိုက်ခံရ

‌ကေအဲန်ယူ ဝင်ထွက်မှု‌ကြောင့် ရွာသားများ ဒဏ်‌ငွေရိုက်ခံရ

1706
ဇူလိုင်လ ၁၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် ‌တောင်ဘက်ခြမ်း (၂)မိုင်အကွာအ‌ဝေးရှိ တမိုင်ကုန်း ‌ကျေးရွာအုပ်စုတွင် လှုပ်ရှား‌နေ‌သော ဒီ‌ကေဘီ‌အေတပ်ဖွဲ့များသည် ‌ကေအဲန်ယူတပ်ဖွဲ့ဝင်များ ဝင်ထွက်သွားလာမှုကို ၎င်းတို့အား အသိမ‌ပေးဟုဆိုကာ တရွာလျှင် ကျပ်‌ငွေ ငါး‌သောင်းစီ ဒဏ်‌ငွေ‌ဆောင်ခိုင်း‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၉ရက်‌နေ့က ဗိုလ်အကြည် ဦး‌ဆောင်‌သော ဒီ‌ကေဘီ‌အေ (၉၉၉)တပ်မဟာ တပ်ရင်း(၃)မှ တပ်ဖွဲ့ဝင်များ သည် အဆိုပါ‌ကျေးရွာအုပ်စုအတွင်း ‌ကေအဲန်ယူတပ်ဖွဲ့ဝင်များ ဝင်ထွက်သွားလာမှုကို ၎င်းတို့အား အ‌ကြောင်းမကြားရ‌ကောင်း လားဆိုပြီး ထို‌ဒေသရှိ ရွာတန်းရှည်၊ ‌နောင်နိုင်း၊ နန်း‌ရွှေမုံ၊ ‌ဒေါက်ပလန်၊ ‌ဘော်ဒိုင်း၊ နွန်းတ‌ကော်(ကြာအင်း) စသည့်ရွာ(၆)ရွာကို ကျပ်‌ငွေ ၅၀၀၀ဝစီ ဒဏ်‌ငွေ‌ပေး‌ဆောင်ခိုင်းခြင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ‌ကေအိုင်စီမှ နန်း‌ရွှေမုံရွာသားတစ်ဦးအား ဆက်သွယ်‌မေးမြန်းရာတွင် ၎င်းက “ကျ‌နော်မ‌ပြောရဲဘူး။ ‌နောက်မှ ပြန်ဆက်သွယ်ပါ‌နော်”ဟု တုန့်ပြန်‌ပြောဆိုခဲ့သည်။ အဆိုပါ ဒီ‌ကေဘီ‌အေတပ်ဖွဲ့သည် ဒဏ်‌ငွေအပြင် ၎င်းတို့၏တပ် ရိက္ခာအတွက်ဆိုကာ ထို‌ကျေးရွာ(၆)ရွာမှ (၄၀၀၀၀)ကျပ်ကိုလည်း လစဉ် ‌ပေး‌ဆောင်ခိုင်း‌သေး‌ကြောင်း သိရသည်။

လတ်တ‌လောအ‌ခြေအ‌နေတွင် ဒီ‌ကေဘီ‌အေတပ်ဖွဲ့များသည် ယခင်ကလို စီပွား‌ရေးလုပ်ပိုင်ခွင့်များ မရှိ‌တော့ဘဲ ကိုယ်ပိုင်ရပ် တည်‌ရေး ကြပ်တည်းလာသည့်အတွက် ယခုလို ရွာသားများထံမှ ‌ငွေ‌ကြေး အတင်းအဓမ္မ ‌တောင်းခံခြင်းဖြစ်သည်ဟု ‌ကေအဲန် ယူ တွဲဘက်အတွင်း‌ရေးမှူး (၁)ဗိုလ်မှူး‌စောလှ‌ငွေက ‌ပြောသည်။

၎င်းက “‌လော‌လောဆယ်မှာ သူတို့(ဒီ‌ကေဘီ‌အေ)‌တွေဟာ ခါတိုင်း‌တွေလို စီးပွားရှာလို့ မလွယ်‌တော့ဘူး။ ရပ်တည်‌ရေးက သူ တို့က မလွယ်‌တော့ဘူး။ ဒီ‌ကေဘီ‌အေ နာမည်နဲ့ ‌ပြေးဆွဲ‌နေတဲ့ ဝစ်‌သောက်(လိုင်စင်မဲ့)ကား‌တွေ ‌ပြေးလို့မရ‌တော့တဲ့ အ‌နေအ ထားမှာရှိလာတယ်။ ‌နောက်တခုက ခါတိုင်း‌တွေလို ကြိုက်သလို ဂိတ်‌တွေဖွင့်ပြီး‌တော့ လုပ်လို့မရ‌တော့တဲ့အ‌ပေါ်မှာ ရွာသား ‌တွေကို ဝန်ထုပ်ဝန်ပိုး ပိလာ‌အောင် ‌ငွေ‌တောင်းတာပဲ”ဟု ‌ပြောသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ တပ်မှူးတဦးက “ဒီ‌ကောင်‌တွေ ‌ဆေးလိပ်ဖိုးမရှိ‌တော့လို့ လုပ်တာပါ။ ဘာဖြစ်လို့လဲဆို‌တော့ အခု ချိန်မှာ ဘာဝင်‌ငွေမှ မရှိ‌တော့တဲ့အချိန်‌လေ”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယခင်က ထို‌ဒေသရှိ ‌ကျေးရွာအနီးတဝိုက်တွင် ဒီ‌ကေဘီ‌အေနှင့် ‌ကေအဲန်ယူတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါက ဒီ‌ကေ ဘီ‌အေမှ ရွာသူရွာသားများအား ဒဏ်‌ငွေရိုက်သည့်အပြင် ၎င်းတို့တပ်ဖွဲ့ဝင်များ ‌ကေအဲန်ယူထံ လက်နက်ခဲယမ်းနှင့်အတူ သွား ‌ရောက်ပူး‌ပေါင်းခဲ့လျှင်လည်း ‌ဒေသခံရွာသားများကပင် ‌လျော်‌ကြေး‌ပေး‌ဆောင်ရ‌လေ့ရှိသည်။

ဒီ‌ကေဘီ‌အေတပ်ဖွဲ့သည် လက်ရှိအချိန်တွင် တပ်အင်အား ၄၀၀၀‌ကျော်ရှိသည့်အနက်မှ တပ်မဟာ(၉၉၉)သည် တပ်အင်အား အ‌တောင့်တင်းဆုံးအဖွဲ့ဖြစ်သလို နအဖ စစ်အစိုးရ ချမှတ်ထား‌သော နယ်ခြား‌စောင့်တပ် အသွင်ကူး‌ပြောင်း‌ရေးလမ်းစဉ်ကို လက်ခံခဲ့သည့် တပ်မဟာအဆင့် ဒီ‌ကေဘီ‌အေအစုအဖွဲ့တစ်ခု ဖြစ်သည်။