Home ထိပ်တန်းသတင်း ‌ကေအဲန်ယူ အ‌ခြေခံစစ်သင်တန်း ‌အောင်မြင်စွာ ပြီးဆုံး

‌ကေအဲန်ယူ အ‌ခြေခံစစ်သင်တန်း ‌အောင်မြင်စွာ ပြီးဆုံး

1968
ဇူလိုင်လ ၃ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော်(‌ကေအဲန်အယ်လ်‌အေ) တပ်ရင်း (၂၀၁)နှင့် (၁၀၁)တို့ ဦးစီးပြုလုပ်သည့် တလ‌ကျော်ကြာ အ‌ခြေခံစစ်သင်တန်းကို ယ‌နေ့ ‌အောင်မြင်စွာပြီး ဆုံးပြီဖြစ်‌ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲကို ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေတ‌နေရာ၌ ယ‌နေ့မနက်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ သင်တန်း‌ကျောင်းအုပ် ‌စော‌ပွေ‌ထောက ယခုလို‌ပြောသည်။

သူက “စစ်သားသစ်တ‌ယောက်အ‌နေနဲ့ စစ်သားတ‌ယောက်ရဲ့ တတ်သင့်တတ်ထိုက်တဲ့ စစ်အ တတ်ပညာနဲ့ နိုင်ငံ‌ရေးအ‌ခြေခံ သ‌ဘောတရား‌တွေကို သိရှိနားလည်ဖို့အတွက် ဒီသင်တန်းကို ဖွင့်လှစ် ‌ပေးတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ စစ်သင်တန်းတခါမှ မတက်ဖူးတဲ့ စစ်သား တ‌ယောက်ဟာ စစ်တိုက်ခိုင်းမယ်ဆိုရင် အ‌သေခံခိုင်းတာနဲ့ အတူတူပဲ ဒါ‌ကြောင့် ဒီသတင် တန်းကို ဖွင့်လှစ်‌ပေးတာဖြစ်တယ်”ဟု ‌ပြောသည်။

‌မေလ ၂၄ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၅၆)ဦးရှိသည့် ၎င်းသင်တန်းတွင် အ‌ခြေခံ စစ်အတတ်ပညာဖြစ်‌သော ‌သေနတ်ကိုင်တွယ်နည်း၊ ‌ပြောက်ကျား စစ်ဆင်နွှဲနည်း၊ အ‌ခြေခံ နိုင်ငံ‌ရေး သ‌ဘောတရားနှင့် လိုက်နာကျင့်သုံးရမည့် စစ်စည်းကမ်းနည်းနာများကို သင်ကြားပို့ ချ‌ပေးခဲ့‌ကြောင်း ‌စော‌ပွေ‌ထောက ဆက်‌ပြောသည်။

သင်တန်းသားတစ်ဦးဖြစ်သူ အသက် ၂၂နှစ်ရှိ ‌စောအယ်ကဘိုက “ ဒီသင်တန်းကို တက်ရတဲ့ အ‌ပေါ်မှာ စစ်ဘက်ဆိုင်ရာ အတတ်ပညာ‌တွေကို သိရှိထားတဲ့အတွက် ‌ရှေ့တန်းစစ်မျက်နှာ သွား တဲ့အချိန်မှာ အသုံးပြုသွားလို့ရတယ်။ ‌နောက်ပြီး‌တော့ လူထု‌တွေကိုလည်း ဘယ်လိုဆက် ဆံရမလဲဆိုတာကို သိရှိလာတယ်။ ဒီသင်တန်းကို တက်ရတာ ကျ‌နော်အရမ်းပဲ ဂုဏ်ယူမိ တယ်”ဟု ‌ပြောသည်။

အလားတူ အသက် (၃၈)နှစ်ရှိ သင်တန်းသား မန်းရှာသရာကလည်း“ အခု ကျ‌နော် တတ်သိ တဲ့ စစ်အတတ်ပညာရပ်‌တွေကို ကရင့်‌တော်လှန်‌ရေး‌အောင်မြင်တဲ့အထိ အကျိုးရှိရှိနဲ့ အသုံးပြု သွားမယ်” ဟု ‌ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး(‌ကေအဲန်ယူ)သည် အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရရှိ‌ရေးအတွက် ၁၉၄၉ ခုနှစ်မှစ၍ အာဏာရှင် စစ်အစိုးရအဆက်ဆက်ကို ခုခံ‌တော်လှန်ခဲ့ သည့် လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်ပြီး နှစ်‌ပေါင်း(၆၀)‌ကျော်ကာလအတွင်း အ‌ခြေခံစစ် သင်တန်းအပြင် ဗိုလ်‌လောင်းသင်တန်းများ၊ အ‌ခြေခံနိုင်ငံ‌ရေးသင်တန်းများကိုလည်း အလျင်း သင့်သလို ဖွင့်လှစ်ခဲ့သည်။