Home ထိပ်တန်းသတင်း ‌ကေပီပီ၏ စည်းရုံး‌ရေးခရီးစဉ် ကယားပြည်နယ်လူထု လက်မခံ

‌ကေပီပီ၏ စည်းရုံး‌ရေးခရီးစဉ် ကယားပြည်နယ်လူထု လက်မခံ

1695
ဇူလိုင်လ ၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ရန်ကုန်တိုင်း၊ ‌ရွှေပြည်သာမြို့နယ်တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိ‌သော ကရင်ပြည်သူ့ပါတီ(‌ကေပီပီ)က ယခုရက်ပိုင်း၌ ကယားပြည်နယ်အတွင်း စည်းရုံး‌ရေးဆင်းရန် ပြုလုပ်‌နေချိန်တွင် ကရင်နီပြည်သူများက ၎င်းတို့၏ စည်းရုံးမှုကို လက်မခံ ‌ကြောင်း သိရသည်။

‌ကေပီပီနှင့် နီးစပ်သူတဦးက “‌ဒေါက်တာစိုင်မွန်သာတို့ ကယားပြည်နယ်ကို စည်းရုံး‌ရေးဆင်းတာ ‌ဒေသခံ‌တွေက လက်မခံ ဘူးလို့ သိရတယ်။ ပြည်သူ‌တွေ‌တော့ ကရင်ပါတီမ‌ပြောနဲ့ ဘယ်ပါတီကိုမှ စိတ်မဝင်စားကြဘူး။”ဟု ‌ကေအိုင်စီကို ‌ပြော သည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်း၌ ‌ကေပီပီပါတီက ကယားပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်‌မြေ (၂)ခုတွင် ပါဝင်ယှဉ်ပြိုင် အ‌ရွေးခံ သွားမည်ဖြစ်‌ကြောင်း ထုတ်‌ဖော်‌ပြောဆိုပြီးသည့်‌နောက် ယခုလို စည်းရုံး‌ရေးလုပ်ငန်း လုပ်‌ဆောင်လာရခြင်းဖြစ်သည်။

ကယားပြည်နယ်အတွင်းရှိ ကယားပြည်သူများသည် ၎င်းတို့၏ စားဝတ်‌နေ‌ရေးကိုသာ ပိုမိုအာရုံစိုက်‌နေရ‌သော‌ကြောင့် တ ရားမျှတမှု မရှိသည့် နအဖ စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲဥပ‌ဒေတို့ကို စိတ်မဝင်စား ကြ‌ကြောင်း ကရင်နီပြည်သူ့တိုးတက်‌ရေးပါတီ(‌ကေအဲန်ပီပီ) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ခူးဦးရယ်က ယခုလို ‌ပြောသည်။

“ကျ‌နော်တို့က‌တော့ ဒီကိစ္စနဲ့ ပတ်သက်လို့ လူထု‌တွေကို သ‌ဘောထား ထုတ်ပြန်ထားပြီးသား။ အ‌ဝေးက ပါတီတခု ဒီလို လာပြီး‌တော့ စည်းရုံးဖို့က‌တော့ သူတို့(ကရင်နီပြည်သူ)က‌တော့ စိတ်ဝင်စားမှာ မဟုတ်ဘူးဗျ။ ကြံ့ဖွံ့တို့၊ တစညတို့‌တောင်မှ သူတို့ကို အတင်းအကြပ်လုပ်လို့ မလွဲမ‌ရှောင်သာ လက်ခံ‌ပေးရတာပါ”ဟု သူက ရှင်းပြသည်။

‌ကေပီပီ ပါတီသည် လူမျိုး‌ရေးကို အ‌ခြေခံ၍ ဖွဲ့စည်းထားသည့် နိုင်ငံ‌ရေးပါတီဖြစ်‌သော‌ကြောင့် ကယားပြည်နယ်၊ မဲဆန္ဒနယ် ‌မြေတွင် ပါဝင်ယှဉ်ပြိုင်ပါက ပြည်သူလူထုအတွင်း အမြင်သ‌ဘောထား ကွဲလွဲမည်ကို စိုးရိမ်သည့်အတွက် ကရင်နီအမျိုးသား တိုးတက်‌ရေးပါတီ(‌ကေအဲန်ပီပီ)က ‌မေလ ၁၁ရက်‌နေ့တွင် ‌ကြေညာချက်အမှတ် ဝ၁/၂၀၁ဝဖြင့် သ‌ဘောထား ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ကယားပြည်နယ်အတွင်း ‌ကေပီပီ စည်းရုံး‌ရေးဆင်းမည်ဆိုပါက လွိုင်‌ကော်နှင့် ဖာ‌ဆောင်း မဲဆန္ဒနယ်‌မြေတွင် ဖြစ်နိုင် ‌ကြောင်း ‌ကေအဲန်ပီပီက ခန့်မှန်းထားသည်။

၎င်းအပြင် ‌ကေပီပီ ဥက္ကဌဖြစ်သူ အငြိမ်းစား ဒုဗိုလ်မှူးကြီး‌စောထွန်း‌အောင်မြင့်ကလည်း ရန်ကုန်တိုင်းအတွင်း ပါတီစည်းရုံး ‌ရေး‌ဟော‌ပြောမှုများကို အလျင်းသင့်သလို လုပ်‌ဆောင်လျှက်ရှိသည်ဟုလည်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ‌ပြောဆို‌နေကြသည်။

‌ကေပီပီ၏ စည်းရုံး‌ရေးခရီးစဉ်နှင့်ပတ်သက်၍ ဥက္ကဌ ‌စောထွန်း‌အောင်မြင့်နှင့် ဒုဥက္ကဌ(၂) ‌ဒေါက်တာ‌စောစိုင်မွန်သာတို့အား ‌ကေအိုင်စီမှ တယ်လီဖုန်းဖြင့် ယ‌နေ့ ကြိုးစားဆက်သွယ်ခဲ့‌သော်လည်း ဖုန်းကိုင်‌ဖြေဆိုမည့်သူ မရှိ‌ပေ။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲအတွက် မှတ်ပုံတင်သည့် ကရင်ပါတီသုံးခုရှိသည့်အနက် ‌ကေပီပီပါတီသည် ပါတီအလုပ်အမှု‌ဆောင် ‌ကော်မတီဝင် ၁၉ဦးဖြင့် ဖွဲ့စည်းထားပြီး မတ်လ ၈ရက်‌နေ့က နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ခြင်းနှင့် ‌ရွေး‌ကောက်ပွဲဆိုင်ရာ ဥပ‌ဒေများကို ထုတ်ပြန်ခဲ့ပြီး‌နောက်ပိုင်း မတ်လ ၃၁ရက်‌နေ့တွင် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံ ပါတီမှတ်ပုံတင် ‌လျှောက်ခဲ့သည်။

‌ကေပီပီသည် ပါတီစည်းရုံး‌ရေးစတင်‌နေ‌သော်လည်း ရန်ကုန်အ‌ခြေစိုက် အခြားကရင်ပါတီတစ်ခုဖြစ်သည့် ပြည်‌ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်(UKL)နှင့် ပတ်သက်၍ မည်သည့်လှုပ်ရှားမှုသတင်းမှ မကြားရဟု ရန်ကုန်မြို့ခံကရင်အသိုင်း အဝိုင်းက ‌ပြောဆို‌နေကြသည်။