Home ဆောင်းပါး အမျိုးသားအတွက် မှန်ကန်‌သော ဆုံးဖြတ်ချက်ကို ကရင်ပြည်သူများ ကြိုဆို

အမျိုးသားအတွက် မှန်ကန်‌သော ဆုံးဖြတ်ချက်ကို ကရင်ပြည်သူများ ကြိုဆို

2008
ဇူလိုင်လ ၃၁ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

နအဖစစ်အစိုးရ၏ နယ်ခြား‌စောင့်တပ်ဖွဲ့စည်း‌ရေးကို လုံးဝငြင်းဆန်‌ကြောင်း ဒီ‌ကေဘီ‌အေတပ်မဟာ(၅) ကလိုထူး‌ဘောဗျူဟာ ဗျူ ဟာမှူး ဗိုလ်မှူးကြီး ‌စောလားပွယ်၏ ဆုံးဖြတ်သည် မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်‌သော‌ကြောင့် အပြည့်အဝ ‌ထောက်ခံသည် ဟု ပြည်တွင်း၊ ပြည်ပရှိ ကရင်ပြည်သူများက ‌ပြောဆို‌နေကြသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ‌စောလားပွယ်နှင့် လုပ်‌ဖော်ကိုင်ဖက်တချို့

နယ်ခြား‌စောင့်တပ် အသွင်ကူး‌ပြောင်း‌ရေးနှင့် ပတ်သက်၍ ဒီ‌ကေဘီ‌အေ စစ်ဦးစီးချုပ် ‌ကျော်သန်းအပြင် နအဖစစ်တပ်မှ ထိပ် ပိုင်းအရာရှိများက ဗိုလ်မှူးကြီး ‌စောလားပွယ်(ဗိုလ်နှုတ်ခမ်း)ကို အကြိမ်ကြိမ် ဖိအား‌ပေးခဲ့‌သော်လည်း ဗိုလ်မှူးကြီး ‌စောလားပွယ် သည် ဆုံးဖြတ်ချက်အတိုင်း ‌ပြောင်းလဲသွားခြင်းမရှိဘဲ ယ‌နေ့အချိန်ထိ လူထုဘက်ကို ရပ်‌နေလျှက်ရှိသည်။

ထိုဆုံးဖြတ်ချက်အ‌ပေါ် ‌ကော့ကရိတ်မြို့နယ်မှ ကရင်ပြည်သူတဦးက“ ဒီ‌ကေဘီ‌အေက နယ်ခြား‌စောင့်တပ် ဖြစ်လိုက်မယ်ဆိုရင် လုံးလုံး နအဖရဲ့ လူဖြစ်သွားပြီး‌လေ။ အဲဒီအခါကျ‌တော့ လူထုအတွက်လုပ်မယ်လို့ သူတို့ ‌ကျွေး‌ကြော်ထားတဲ့ဟာ‌တွေကို ဘယ်လို မှ အ‌ကောင်အထည်‌ဖော်နိုင်မှာ မဟုတ်ဘူး။ အခု ဖူးနှုတ်ခမ်း‌မွှေးက လက်မခံဘူး။ သူ့ဖာသာသူရပ်တည်တာက အမျိုးသားအ တွက် သူလုပ်မယ်ဆိုရင် ဖြစ်လာနိုင်ပါ‌သေးတယ်။ ကိုယ့်ကရင်အချင်းချင်းကြားမှာလည်း ပဋိပက္ခ‌တွေ ဖြစ်စရာ အ‌ကြောင်းမရှိဘူး ‌လေ။ အဲဒါ‌ကြောင့် သူ့လုပ်ရပ်ဟာ မှန်ကန်တယ်”ဟု ‌ပြောသည်။

အလားတူ ‌နော်‌ဝေနိုင်ငံ‌ရောက် ‌နော်စရီးကလည်း “သူတို့လက်မခံတာ ‌ကောင်းတယ်လို့ ကျမ‌တော့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆို ‌တော့ တကယ်လို့ သူတို့ စစ်အစိုးရနဲ့ ပူး‌ပေါင်းမယ်ဆိုရင် ကရင်အချင်းချင်းကို ပြန်တိုက်ဖို့ အစိုးရက ခိုင်းလာမှာပဲ။ ဖားအချင်းချင်း ပြန်စားခိုင်းကြမှာပဲ။ ‌နောက် သူတို့လက်ခံမယ်ဆိုရင် ကရင်အချင်းချင်းပြန်တိုက်ကြတာ နိုင်ငံတကာ မိသားစု‌ရှေ့မှာ သိက္ခာကျတဲ့ အပြင် လူထု‌တွေရဲ့ အမျိုးမျိုး‌သော ‌ဝေဖန်မှုကို ခံရမယ်။ အဲဒါ‌ကြောင့် သူတို့ငြင်း ဆိုလိုက်တာဟာ ကျမတို့ လုံးဝ‌ထောက်ခံတယ်” ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်‌နေ့တွင် ဗိုလ်မှူးကြီး‌စောလားပွယ်က ၎င်း၏ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ‌ဝေါ်‌လေဂွင်ရှိ ‌ကျေးရွာ များမှ ‌ဒေသခံ ကရင်လူထုများအား ချပြ‌ဆွေး‌နွေးခဲ့ရာ ‌ဒေသခံများက အပြည့်အဝ ‌ထောက်ခံခဲ့ကြသည်ဟု သိရသည်။

ကရင်လူထုများအ‌ပေါ် ရပ်တည်ရန် ဆုံးဖြတ်ချက်လိုက်သည့် ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)တပ်ဖွဲ့များ၏ သတင်းများထွက်‌ပေါ်လာ ခြင်း‌ကြောင့် ထိုဆုံးဖြတ်ချက်သည် မှန်ကန်သည်ဟု ယခင်က ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၁၉)တွင် ဗိုလ်မှူးကြီး ‌စောလား ပွယ်နှင့်အတူ တိုက်‌ဖော်တိုက်ဖက် တဦးဖြစ်သည့် မန်း‌ရောဘတ် ဘဇန်က ဗိုလ်မှူးကြီး ‌စောလားပွယ်ထံသို့ ယခုရက်ပိုင်းတွင် စာ တ‌စောင် ‌ရေး‌ပေးခဲ့သည်။

ထိုစာထဲတွင် “နအဖ ဗမာဖက်ဆစ်‌တွေရဲ့ နယ်ခြား‌စောင့်တပ်ဖွဲ့စည်း‌ရေးကို ခါးခါးသီးသီး ဆန့်ကျင်လိုက်တယ်လို့ သိရလို့ ညီ‌လေး ရဲ့ ရပ်တည်မှုဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာဖြစ်တယ်လို့ အစ်ကိုကြီးယူဆတယ်။ ဒီလုပ်ရပ်ဟာ ‌ခေါင်း‌ဆောင်ကြီး ‌စောဘဦးကြီးရဲ့ “ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်” ဆိုတဲ့ တ‌လောကလုံးဆိုင်ရာ အမှန်တရားကို ဆုပ်ကိုင်ထားလိုက် တာဖြစ်တယ်။ ကရင်‌တွေဟာ အနိုင်ကျင့်၊ ဗိုလ်ကျ၊ မတရားမှု‌တွေကို ဘယ်‌တော့မှ လက်မ‌မြောက်၊ ဒူးမ‌ထောက်၊ အနိုင်မခံ၊ အရှုံး မ‌ပေးဘူး။ ဘယ်‌တော့မှ လက်နက်မချဘူးဆိုတဲ့ သူရဲ‌ကောင်းဝါဒကို ‌ဖော်ပြလိုက်တာ ဖြစ်တယ်” ‌ရေးသား‌ဖော်ပြထားသည်။

ထို့အပြင် မန်း‌ရောဘတ် ဘဇန်က “နအဖ ဖက်ဆစ်‌တွေ ကရင်ကိုချစ်တာ ကရင်အချင်းချင်း မုန်းသ‌လောက်ပဲရှိတယ်။ ‌နောက် “အ ‌ရေးကြီးပြီ ‌သွေးနီးကြပါစို့” တို့အမျိုးသား ရန်သူ‌တွေနဲ့ စတိုက်ပြီး ‌သေနတ်‌ပေါက်တာနဲ့ ပြည်တွင်းပြည်ပ (နိုင်ငံတကာ‌ရောက်) က ရင်တမျိုးသားလုံးဟာ ညီ‌လေးနဲ့အတူရှိ‌နေမယ်။ အစ်ကိုကြီးနဲ့ နိုင်ငံတကာ‌ရောက် ကရင်လူငယ်‌တွေ ညီ‌လေးကို ဝိုင်းရံ‌နေမယ်” ဟု ဆိုသည်။

မန်း‌ရောဘတ်ဘဇန်သည် ကွယ်လွန်သူ ကရင်အမျိုးသား အစည်းအရုံး(‌ကေအဲန်ယူ)ဥက္ကဌ‌ဟောင်း မန်းဘဇန်၏သားဖြစ်သလို ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်(‌ကေအဲန်အယ်လ်‌အေ) တပ်ရင်း(၁၉)၏ တပ်မှူး‌ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိအ ချိန်တွင် အ‌မေရိကန်ပြည်‌ထောင်စု၌ ‌ခေတ္တ‌နေထိုင်လျှက်ရှိသည်။

၎င်းတို့တပ်ဖွဲ့၏ဆုံးဖြတ်အ‌ပေါ် ကရင်ပြည်သူများက အပြည့်အဝ ‌ထောက်ခံသည့်အတွက်‌ကြောင့် တပ်မဟာ(၅)တခုလုံး ကိုယ်စား အလွန်ဝမ်းသာမိ‌ကြောင်း ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ ထိပ်ပိုင်း အရာရှိတဦးက ယခုလို‌ပြောသည်။

သူက “ ပြည်သူ‌တွေထံက အခုလို စကားမျိုးကြားရတာ ကလိုထူး‌ဘော ဗျူဟာတခုလုံးကိုယ်စား အရမ်းပဲ ဝမ်းသာတယ်လို့ ‌ပြော ချင်ပါတယ်။ တဆက်တည်းမှာပဲ ပြည်သူ‌တွေကို ‌ပြောချင်တာက‌တော့ သူတို့ဖြစ်‌စေချင်တဲ့အတိုင်း ပြည်သူ့တပ်မ‌တော် တခုအ‌နေ နဲ့ ရပ်တည်သွားမှာပါ။ ပြည်သူအတွက် အကျိုးပြုသွားမှာပါ။ ‌နောက် တိုက်ပွဲအတွင်း အသက်‌ပေးရမယ်ဆိုရင်‌တောင် ကိုယ့်ကိုယ် ကို ဂုဏ်ယူတယ်”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ရက်‌နေ့တွင် ဒီ‌ကေဘီ‌အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်‌ကျော်သန်းကိုယ်တိုင် နယ်ခြား‌စောင့်တပ် အသွင်ကူး ‌ပြောင်း‌ရေးကိစ္စနှင့်ပတ်သက်၍ ဗိုလ်လားပွယ် စခန်းရှိရာ ‌ကော့ကရိတ်မြို့နယ်၊ ‌ဝေါ်‌လေဂွင်သို့ လာ‌ရောက်၍ နားချ‌ဆွေး‌နွေးခဲ့ ‌သော်လည်း မ‌အောင်မြင်ခဲ့သည့်အပြင် ဇူလိုင်လ ၂၂ရက်‌နေ့က မြိုင်ကြီးငူ၌ နယ်ခြား‌စောင့်တပ်အ‌ရေးကိစ္စ ‌ဆွေး‌နွေးရန် နအဖ ဘက်က ကမ်းလှမ်းချက်ကိုလည်း ဗိုလ်မှူးကြီး‌စောလားပွယ်က ငြင်းဆန်ခဲ့သည်။

ထိုအ‌ခြေအ‌နေအ‌ပေါ် ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)နှင့် နအဖတပ်တို့အကြား စစ်‌ရေးတင်းမာမှုဖြစ်‌ပေါ်လာ‌သော‌ကြောင့် ပြီးခဲ့သည့် ဇူလိုင်လ၂၅ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ ‌တောင်ဘက် (၁၂၀)ကီလိုမီတာအကွာရှိ ဖုတ်ဖရမြို့နယ် ‌ဝေါ်‌လေဂွင်ရှိ ‌ကျေး ရွာ(၄)ရွာမှ ‌ဒေသခံကရင်ပြည်သူ (၉၀၀)‌ကျော် ထွက်‌ပြေးတိမ်း‌ရှောင်လာခဲ့ရာ ဇူလိုင်လ ၂၆ရက် ‌နေ့တွင် ထိုင်းစစ်တပ်က ‌နေရပ် ရင်းသို့ ပြန်လွှတ်ခဲ့သည်ဟု သိရသည်။

နအဖ စစ်အစိုးရကိုဆန့်ကျင်‌သော ဒီ‌ကေဘီ‌အေ တပ်မဟာ (၅) တပ်ဖွဲ့နှင့် နအဖတို့ကြား ပစ်ခတ်မှုတစုံတရာ ဖြစ်ပွားလာပါက အဆိုပါ ဒီ‌ကေဘီ‌အေဘက်ကို ကူညီရန် အသင့်ရှိ‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၆)မှ တပ်မှူးများက ‌ပြောဆိုကြသလို မိမိတို့ နယ်‌မြေအတွင်း အ‌ခြေချခွင့်ပြုမည်ဟု ကရင်အမျိုးသားအစည်းအရုံး (‌ကေအန်ယူ)က ‌ပြောကြားသည်။

ဗိုလ်မှူးကြီး‌စောလားပွယ် ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅) လက်‌အောက်တွင် ကလိုထူး‌ဘောဗျူဟာ(၁)နှင့် တပ်ရင်း (၅)ရင်းတို့ရှိပြီး တပ်အင်အား ၁,၂၀၀‌ကျော်ဖြင့် ကရင်ပြည်နယ် မြဝတီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် အ‌ခြေစိုက် လျှက်ရှိသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အ‌ခြေစိုက် စကခ(၈)မှ ဗိုလ်မှူးချုပ်သန်းစိုးက ဒီ‌ကေဘီ‌အေ တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးကြီး‌စောလားပွယ်ကို လာမည့်ဩဂုတ်လ ၁ဝရက်‌နေ့တွင် ‌နောက်ဆုံးထား၍ နယ်ခြား‌စောင့်တပ်ဖွဲ့ရန် သတိ‌ပေးမှုများရှိခဲ့ပြီး မဖွဲ့ပါက မတရားအသင်းအဖြစ် ‌ကြေညာသွားမည်ဟု နအဖက ခြိမ်း‌ခြောက်ခဲ့သလို နယ်ခြား‌စောင့် တပ်ကို လက်ခံသည့် ဥက္ကဌ ‌စောသာထူး‌ကျော် အပါအဝင် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်တချို့ကိုလည်း လာမည့် ဩဂုတ်လ လဆန်းပိုင်းတွင် နယ်ခြား‌စောင့်တပ် တံဆိပ် တပ်ဆင်‌တော့မည်ဖြစ်‌ကြောင်း ဒီ‌ကေဘီ‌အေ အသိုင်းအဝိုင်းက ‌ပြောကြသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ၏ ‌ပြောပြချက်အရ ဗိုလ်မှူးကြီး ‌စောလားပွယ်၏ သ‌ဘောထားသည် နယ် ခြား‌စောင့်တပ်ကို လက်မခံဘဲ ဒီ‌ကေဘီ‌အေအ ‌နေဖြင့်သာရပ်တည်လို‌ကြောင်း၊ ပြည်သူ့လုပ်အားဖြင့် ဝယ်ယူခဲ့သည့် စစ်လက်နက် ပစ္စည်းများကို နအဖစစ်တပ်ထံ မအပ်လို‌ကြောင်း ‌ပြောခဲ့သည်ဟု ဆိုသည်။

ယခုအချိန်တွင် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)တပ်ဖွဲ့နှင့် ‌ကေအဲန်ယူတို့ အမြန်ဆုံးပြန်လည် ‌ပေါင်းစည်းသင့်‌ကြောင်း ကြာအင်း ဆိပ်ကြီးမြို့နယ်မှ ဝါ‌တော်ကြီး ကရင်သံဃာ‌တော်တပါးက ယခုလို မိန့်ကြားသည်။ “ဗိုလ်နှုတ်ခမ်း‌မွှေး နယ်ခြား‌စောင့်တပ်ဖွဲ့ဖို့ ငြင်းဆန်တဲ့ကိစ္စဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ပဲ မြင်ပါတယ်။ လူထုအတွင်းမှာ ဘုန်းဘုန်းတို့ တရားလိုက်‌ဟောတာဟာ ပြတ် သွားတဲ့ကြိုးကို ပြန်လည်ဆက်နိုင်ဖို့ဖြစ်တယ်။ ဒီလိုအချိန်မျိုးမှာ စုစည်းဖို့အချိန်တန်ပြီ” မိန့်ကြားသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ (၅) လက်‌အောက်ခံ တပ်မှူးတပ်သားများ

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(ဒီ‌ကေဘီ‌အေ)သည် မြိုင်ကြီးငူ နာယကဆရာ‌တော် ဦးသုဇန၏ ဦး ‌ဆောင်မှုဖြင့် ၁၉၉၄ ခုနှစ်တွင် ‌ကေအဲန်ယူမှ ခွဲထွက်ကာ စစ်အစိုးရနှင့် ပူး‌ပေါင်းခဲ့ပြီး လက်ရှိအချိန်တွင် အင်အား ၄,၀၀ဝ ‌ကျော်ရှိ သည်။

နအဖ ‌ပြောင်းလဲဖွဲ့စည်း‌ပေးမည့် နယ်ခြား‌စောင့်တပ်တွင် တပ်ရင်းတရင်း၌ တပ်ဖွဲ့ဝင်အင်အား (၃၂၆) ဦးရှိ်ပြီး ၎င်းတပ်ဖွဲ့ဝင်များထဲ မှ (၃၀) ဦးသည် နအဖစစ်တပ်မှ အရာရှိအရာခံအကြပ်များ ပါဝင်မည်ဖြစ်သည်။ ထိပ်ပိုင်းအရာရှိများကိုလည်း ဗိုလ်မှူးအဆင့်အ ထိ ရာထူး‌လျှော့ချခံရမည်ဖြစ်သလို အသက် (၅၀)အထက် တပ်မှူး၊ တပ်သားများကိုလည်း အငြိမ်းစား ပင်စင်စားအ‌နေဖြင့် တစ် လလျှင် မြန်မာကျပ်‌ငွေ ၃၀၀ဝကျပ် ရရှိမည်ဖြစ်သည်။

နယ်ခြား‌စောင့်တပ်အသွင်ကူး‌ပြောင်းပါက အပစ်ရပ်အဖွဲ့များသည် ယခင်က ၎င်းတို့တပ်ဖွဲ့၏ စစ်ယူနီ‌ဖောင်း(ဝတ်စုံ)ကို စွန့်လွှတ် ကာ မြန်မာ့တပ်မ‌တော် တံဆိပ်ပါ စစ်ယူနီ‌ဖောင်းများကို ဝတ်ဆင်ရပြီး တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်၏ လက်‌အောက်၌ သွား လားလှုပ်ရှားရမည်ဖြစ်သည်။ နယ်ခြား‌စောင့်တပ်ကို လက်ခံ‌သော ဒီ‌ကေဘီ‌အေတပ်ဖွဲ့သည် နအဖ စစ်တပ်၏ လက်‌အောက်တွင် ကရင်အမျိုးသား‌ရေးအတွက် အကျိုးမပြုနိုင်ဘဲ ခိုင်းသည့်အတိုင်း လုပ်၊ ‌ကျွေးသည့်အတိုင်းစားရသည့် ဘဝသို့ ဝါးမျိုခံရမည်ကို ကရင်လူထုအများစုက မလိုလားကြ‌ပေ။