Home ဆောင်းပါး အမျိုးသမီးများအ‌ပေါ် ရာဇဝတ်မှု ကျုးလွန်ထင်ရှား‌ကြောင်း ဂျပန်တရားသူကြီးများ အခိုင်အမာ‌ပြောဆို

အမျိုးသမီးများအ‌ပေါ် ရာဇဝတ်မှု ကျုးလွန်ထင်ရှား‌ကြောင်း ဂျပန်တရားသူကြီးများ အခိုင်အမာ‌ပြောဆို

1590
‌နော်‌အောင်‌လေး (‌ကေအိုင်စီ)

ဇူလိုင်လ ၁၃ ရက်၊ ၂၀၁ဝ ခုနှစ်။

မြန်မာစစ်အစိုးရသည် အမျိုးသမီးများအ‌ပေါ် လူသားမဆန်သည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်မှာ သက်‌သေထင်ရှား ‌ကြောင်း ဂျပန်နိုင်ငံရှိ သဏ္ဍာန်တူခုံရုံးတခုက မြန်မာအမျိုးသမီး ၄ ဦး၏ သက်‌သေထွက်ဆိုချက်များ ကြားနာခဲ့ပြီး‌နောက် အခိုင် အမာ ထုတ်‌ဖော်‌ပြောဆိုခဲ့ကြသည်။

ထိုသို့ လူသားမျိုးနွယ်စုကို ဆန့်ကျင်သည့် ရာဇဝတ်မှုများကို ကျုးလွန်ခဲ့သည့် စစ်အစိုးရကို ထိ‌ရောက်စွာ အ‌ရေးယူနိုင်ရန် ကုလသမဂ္ဂ လုံခြုံ‌ရေး‌ကောင်စီအ‌နေဖြင့် လွတ်လပ်သည့် စုံစမ်းစစ်‌ဆေးမှုများ ပြုလုပ်သင့်‌ကြောင်းလည်း ပြီးခဲ့သည့်လက ဂျပန် နိုင်ငံ၊ တိုကျိုမြို့တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးနှင့် သဏ္ဍာန်တူ ပြည်သူ့ခုံရုံးတွင် ဂျပန်လူမျိုး တရားသူကြီးများ၊ ဥပ‌ဒေပညာရှင် စုစု‌ပေါင်း ၅ဦးပါ အဖွဲ့က သ‌ဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

ထိုသဏ္ဍာန်တူ ပြည်သူ့ခုံရုံးတွင် ဂျပန်လူမျိုး တရားသူကြီးများဖြစ်သည့် ဂျပန်ဗဟို တရားသူကြီးချုပ်‌ဟောင်း မစ္စတာ ဟာမာဒါ၊ အပြည်ပြည်ဆိုင်ရာ ဒီမိုက‌ရေစီလိုလားသူ ‌ရှေ့‌နေများအဖွဲ့ အတွင်း‌ရေးမှုးအပါအဝင်၊ ဂျပန်နိုင်ငံ ချီးဘားတက္ကသိုလ်မှ ဥပ‌ဒေ ပါ‌မောက္ခနှင့် ဥပ‌ဒေပညာရှင်တို့ ပါဝင် ‌ဆောင်ရွက်ခဲ့ကြသည်။

စစ်အစိုးရ၏ လူမဆန်သည့်လုပ်‌ဆောင်ချက်များကို ကိုယ်တိုင်ကျူးလွန်ခံခဲ့ရသူ အမျိုးသမီး ၂ဦးနှင့် ကိုယ်စားသက်‌သေခံ ထွက် ဆိုခဲ့သူ ၂ဦးတို့က တရားလိုဘက်မှ ‌ရှေ့‌နေ ၅ဦးနှင့် တရားခံ စစ်အစိုးရဘက်မှ ‌ရှေ့‌နေ ၃ဦးတို့ အပါအဝင် ပရိဿတ် ၃၀ဝ ‌ကျော် တက်‌ရောက် နား‌ထောင်ခဲ့သည့် ကြားနာပွဲတွင် အသီးသီး ထွက်ဆိုခဲ့ကြသည်။

ဂျပန်နိုင်ငံသည် အ‌ရှေ့‌တောင်အာရှနိုင်ငံ တနိုင်ငံဖြစ်ကာ မြန်မာနိုင်ငံကို ‌ထောက်ပံ့မှုများ ‌ပေးထားသည့် ဆက်စပ်မှု‌ကြောင့်တ ‌ကြောင်း၊ ICC ၏ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်‌သော‌ကြောင့် မြန်မာစစ်အစိုးရ ကျူးလွန်‌နေ‌သော စစ်ရာဇဝတ်များကို ဂျပန်အစိုးရ နှင့် ၎င်းနိုင်ငံက ပြည်သူလူထုများ ပိုမိုသိရှိလာ‌စေရန် WLB အဖွဲ့က ရည်ရွယ်လုပ်‌ဆောင်ခဲ့ခြင်း ဖြစ်သည်။

“အမျိုးသမီး‌တွေကို ကျူးလွန်တာ‌တွေက လူသား‌တွေကိုဆန့်ကျင်တဲ့ ရာဇဝတ်မှု‌တွေ ဖြစ်ပွား‌နေတယ်လို့ ‌ပြောလို့ရတယ်။ ဆုံး ဖြတ်ခဲ့တယ်။ ကုလသမဂ္ဂရဲ့ လုံးခြုံ‌ရေး‌ကောင်စီအ‌နေနဲ့ ဒါ‌တွေကို တကယ်လွတ်လပ်စွာ စုံစမ်းပြီး အ‌ရေးယူဖို့ကို တိုက်တွန်းနှိုး ‌ဆော်ထားတယ်။”ဟု ဂျပန်နိုင်ငံကို သွား‌ရောက်ခဲ့သည့် အမျိုးသမီးများအဖွဲ့ချုပ် – မြန်မာနိုင်ငံ (WLB) သဘာပတိ အဖွဲ့ဝင် ‌ဒေါ် သင်းသင်း‌အောင်က ထိုင်းအ‌ခြေစိုက် ကရင်သတင်းဌာန-KIC ကို ‌ပြောဆိုသည်။

သူမက “ကျူးလွန်တဲ့ ရာဇဝတ်မှု‌တွေက သက်‌သေ အ‌ထောက်အထားခိုင်လုံတာ‌ကြောင့် လွပ်လပ်စွာစုံစမ်းစစ်‌ဆေးပြီး‌တော့ အမှု‌တွေကို အ‌ရေးယူ ‌ဆောင်ရွက်သင့်တာက‌တော့ အဓိက အချက်ထားပြီး (တရားသူကြီးများက) သုံးသပ်ချက်‌ပေးပါတယ်” ဟုလည်း ဆက်၍ ‌ပြောသည်။

စစ်အစိုးရ အာဏာပိုင်များကိုယ်၌က အမျိုးသမီးများအ‌ပေါ် ၎င်းတို့၏ ‌အောက်‌ခြေတပ်သားများ ဆက်တိုက် ကျူးလွန်ခဲ့မှုများကို ထိ‌ရောက်သည့် အ‌ရေးယူမှုများမရှိခဲ့သည့်အပြင် ကင်းလွတ်ခွင့်ပြု‌ပေးထားမှုများ ရှိ‌နေသည့်အတွက် လွတ်လပ်သည့် တရားစီ ရင်‌ရေး ရှာမ‌တွေ့သည့်အဆုံး နိုင်ငံတကာ တရားစီရင်‌ရေးစံနှုန်းများနှင့် ဥပ‌ဒေများကို အသုံးပြုကာ စစ်အစိုးရကို အပြည်ပြည် ဆိုင်ရာ ရာဇဝတ်မှုများ ကျူးလွန်‌နေ‌ကြောင်း နိုင်ငံတကာ အစိုးရနှင့် အသိုင်းအဝိုင်းများထံ ‌ထောက်ပြနိုင်ရန် WLB က ရည်ရွယ် လုပ်‌ဆောင်‌နေခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ကျူးလွန်မှု‌တွေကို ကင်းလွတ်ခွင့်‌ပေးထားတယ်။ တရားမျှတမှုရဖို့အတွက် ရှာ‌ဖွေဖို့လိုတယ်ဆိုတာကို နိုင်ငံတ ကာကို ‌ထောက်ပြ‌ပေးတာပဲ။ ပြစ်မှု‌တွေက ICCကိုတင်လို့ ရနိုင်‌လောက်‌အောင်ကိုု အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု‌တွေ‌မြောက် ‌နေတဲ့အတွက်‌ကြောင့် နိုင်ငံတကာစစ်ခုံရုံးမှာ စစ်‌ဆေးဖို့သင့်တယ်လို့ လှုံ့‌ဆော်သွားတာပါ”ဟု ‌ဒေါ်သင်းသင်း‌အောင်က ဆို သည်။

၁၉၉၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ICC သည် နယ်သာလန်နိုင်ငံတွင် အ‌ခြေစိုက်သည်။

၎င်းအဖွဲ့သည် သ‌ဘောတူညီထား‌သော ‌ရောမဥပ‌ဒေကို ကျင့်သုံးပြီး ကမ္ဘာတဝှန်းရှိ လူမျိုးတုံး သတ်ဖြတ်မှုများ၊ ပြင်းထန်‌သော နိုင်ငံတကာ ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုများအ‌ပေါ် ရာဇဝတ်မှု ကျူးလွန်သူများနှင့် စစ်ရာဇဝတ်မှု ကျူးလွန်သူများအား တရားစွဲဆို အပြစ်‌ပေး‌လေ့ရှိသည်။

ယခုကဲ့သို့ အလားတူ သဏ္ဍာန်တူ ခုံရုံးတခုကို ယခုနှစ်၊ မတ်လအတွင်းက အ‌မေရိကန်နိုင်ငံ၊ နယူး‌ယောက်မြို့တွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ အမျိုးသမီး စုစု‌ပေါင်း ၁၂ဦးတို့က စစ်အစိုးရ၏ ‌ရေကာတာ တည်‌ဆောက်မှုအတွက် ‌ကျေးရွာများ အဓမ္မ‌ရွှေ့ ‌ပြောင်းခံရမှု၊ ‌ပေါ်တာခိုင်း‌စေမှု၊ ရွာများမီးရှို့ဖျက်ဆီးခံရမှုများ၊ ‌ထောင်တွင်းအကျဉ်းကျခံရစဉ် နည်းမျိုးစုံဖြင့် နှိပ်စက်ညှင်းပမ်းမှု များ၊ မဖွယ်မရာ ဆက်ဆံ‌ပြောဆိုမှုများနှင့် အပြစ်မဲ့ရွာသားတချို့ကို ‌သေသည်အထိ ကိုယ်ထိလက်‌ရောက် ရိုက်နှက်မှုများ စသည့် လူသားမဆန်သည့် ပြုမူမှုများကို သက်‌သေထွက်ဆိုခဲ့ကြသည်။

ထို့အပြင် ‌နေ့ခင်းတွင် စစ်တပ်ရိက္ခာများကို ‌ပေါ်တာထမ်း‌စေပြီး ညပိုင်းတွင် အုပ်စုလိုက် မုဒိမ်းကျင့်ခံရသူ တိုင်းရင်းအမျိုးသမီး တ‌ယောက်နှင့် ကချင်ပြည်နယ်တွင် ‌ကျောင်းသူ ၄ဦးကို အဓမ္မပြုကျင့်ပြီး နှုတ်ပိတ်ရန် ကြိုးစားခဲ့ရာမှ ပြည်ပမီဒီယာ အကူအညီ ဖြင့် ‌ဖော်ထုတ်ခဲ့ပြီး ‌နောက်ဆုံးတွင် ၎င်းတို့ ၄ဦးကို ‌ထောင်ဒဏ်အပြစ်‌ပေးခဲ့ပြီး ပြန်လည်လွတ်‌မြောက်လာချိန်တွင် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းအတွင်း ထွက်‌ပြေးခိုလှုံလာခဲ့ကြသည့် တိုင်းရင်းသူတချို့ ကိုယ်စား သက်‌သေထွက်ဆိုခဲ့ခြင်းလည်း ရှိခဲ့သည်။

ထိုသဏ္ဍာန်တူခုံရုံးတွင် ဥပ‌ဒေပညာရှင်များ ဖြစ်ကြသည့် နိုဘယ်လ်ငြိမ်းချမ်း‌ရေးဆုရှင် ဂျိုဒီဝီလျံ၊ ရှီရင်းအီဘာတီနှင့် ‌တောင်ကို ရီးယားနိုင်ငံမှ ပါ‌မောက္ခ စိန်ဆူးရှင်း၊ ထိုင်းနိုင်ငံ ချူလာ‌လောင်ကွန်း တက္ကသိုလ်မှ ဥပ‌ဒေပညာရှင် ဗီတစ်မွန်တာဘွန်တို့ တက် ‌ရောက် ကြားနာခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အ‌ရေး အထူးကိုယ်စားလှယ် မစ္စတာ အို‌ဟေးကင်တားနားက (Tomas Ojea Quin-tana) စစ်အစိုးရ၏ လူသားချင်းစာနာမှု ကင်းမဲ့စွာ ကျူးလွန်ခဲ့‌သော ရာဇဝတ်မှုများကို ကုလစုံစမ်း‌ရေး ‌ကော်မရှင်တရပ်က စုံ စမ်းစစ်‌ဆေး‌ရေးအဆိုကို UN တွင် တင်ပြထားသည်။

ယခုအခါတွင် ထိုအဆိုကို ‌ထောက်ခံသည့် နိုင်ငံများမှာ ဩစ‌တေးလျား၊ ချက်က်၊ ဗြိတိန်နှင့် စလိုဗက်ကီးယားတို့ဖြစ်ပြီး အ‌မေရိ ကန်ပြည်‌ထောင်စုက ‌ထောက်ခံရန် စဉ်းစား‌နေဆဲဖြစ်သည်။ အကယ်၍ အ‌မေရိကန်က ‌ထောက်ခံပါက လက်ရှိတွင် စုံစမ်း‌ရေး ‌ကော်မရှင်တရပ်ဖွဲ့စည်း‌ရေးအဆိုကို ‌ထောက်ခံသည့် နိုင်ငံမှာ ၅နိုင်ငံရှိလာမည် ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက အ‌မေရိကန်နိုင်ငံ၊ ဝါရှင်တန်အ‌ခြေစိုက် Freedom House ၏ ၂၀၀၉ခုနှစ် အစီရင်ခံစာတွင် ကမ္ဘာ ‌ပေါ်ရှိ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု အဆိုးဆုံး‌ဒေသများအဖြစ် ၁၇နိုင်ငံနှင့် နယ်‌မြေ‌ဒေသ ၃ခုအ‌ကြောင်း ‌ဖော်ပြရာတွင် မြန်မာ နိုင်ငံလည်း အပါအဝင်ဖြစ်သည်။

ထိုနိုင်ငံများနှင့် ‌ဒေသများတွင် ‌နေထိုင်ကြသည့် ပြည်သူလူထုသည် အ‌ခြေခံ နိုင်ငံ‌ရေးနှင့် အခွင့်အ‌ရေးများ ဆုံးရှုံး‌နေကြရသည့် အပြင် နည်းမျိုးစုံ ဖိနှိပ်ချုပ်ချယ်မှု ရင်ဆိုင်‌နေကြသူများ ဖြစ်သည်ဟု ‌ဝေဖန်‌ထောက်ပြထား‌သေးသည်။

ယခုလို အမျိုးသမီးများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို သက်သာရာရ‌စေရန် နှစ်သိမ့်‌ဆွေး‌နွေးမှုများကို အမျိုး သမီးအဖွဲ့ဝင်များက တဖက်တလမ်းက လုပ်‌ဆောင်‌ပေး‌ကြောင်း ထိုင်းအ‌ခြေစိုက် ကရင်အမျိုးသမီးအစည်းအရုံး KWO အဖွဲ့က အတွင်း‌ရေးမှူးဖြစ်သူ နန်းဒါးအယ်ကလယ်က KIC ကို ယခုလို ‌ပြောသည်။

“ကျမတို့က အချိန်တိုအတွင်းမှာ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီး‌တွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု‌တွေအတွက် နှစ်သိမ့်‌ဆွေး ‌နွေးမှု‌တွေ လုပ်တယ်။ ဒါ့အပြင် မုဒိမ်းမှုဖြစ်ခဲ့တဲ့ အမျိုးသမီးတချို့ကို ဘဝလုံခြုံမှုအတွက် တတိယနိုင်ငံသွားဖို့ ဆန္ဒရှိသူကို ကူ ညီ‌ပေးပါတယ်။ စစ်တပ်က‌နေပြီး အကြမ်းဖက်မှုခံရတဲ့ အမျိုးသမီး‌တွေအ‌ပေါ် ပြစ်မှုကျူးလွန်သူ‌တွေကို အ‌ရေးယူ ပြစ်ဒဏ်ကျခံ ‌စေဖို့ WLB က နိုင်ငံတကာနဲ့ ပူး‌ပေါင်းပြီး ကမ္ဘာသိ‌အောင် လုပ်‌ပေး‌နေပါတယ်”ဟု ‌ပြောသည်။

စစ်အစိုးရ၏ ရာဇဝတ်မှု ကျူးလွန်မှုများကို နိုင်ငံတကာက ‌စောင့်ကြည့်‌နေ‌သော်လည်း စစ်အစိုးရဘက်က ဆက်လက်ကျူးလွန် ‌နေမည်ဆိုလျှင် အပြည်ပြည်ဆိုင်ရာ ဥပ‌ဒေအရ စစ်ရာဇဝတ်မှု‌မြောက်ပြီး မြန်မာစစ်အစိုးရသည် ICC တွင် ဆူဒန်နိုင်ငံမှ နိုင်ငံ့ ‌ခေါင်း‌ဆောင်များကဲ့သို့ပင် ရာဇဝတ်‌ကောင်များ ဖြစ်လာနိုင်‌ကြောင်း သုံးသပ်‌ပြောဆိုသူများလည်း ရှိ‌နေသည်။

ယခုလို အ‌မေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့တွင် စစ်အစိုးရ အာဏာပိုင်များက မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများအ‌ပေါ် အ ကြမ်းဖက်မှုများ ကျူးလွန်‌နေမှုများကို လုပ်‌ဆောင်ခြင်းဖြင့် သက်ဆိုင်ရာ နိုင်ငံအစိုးရ‌ခေါင်း‌ဆောင်များနှင့် ပြည်သူလူထုက အ ဖြစ်မှန်ကို သိရှိလာကြမည့်အပြင် အကြမ်းဖက်မှု ကျူးလွန်‌နေသည့် စစ်အစိုးရအ‌နေဖြင့်လည်း ရပ်တန့်သွား‌စေနိုင်သည်ဟု အများက သုံးသပ်‌ပြောဆို‌နေကြသည်။

‌ဒေါ်သင်းသင်း‌အောင်ကလည်း “စစ်အစိုးရကိုယ်တိုင်လည်း သတိထားပြီး ‌နောက်ထပ်မကျူးလွန်‌အောင်နဲ့ ရပ်တန့်သွား‌အောင် ရည်ရွယ်ပြီး‌တော့ ပြုလုပ်တာပါ”ဟု ‌ပြောဆိုသည်။

ထို့အပြင် မြန်မာအမျိုးသမီးများ အကြမ်းဖက်ခံရမှုများ လုံးဝရပ်တန့်သွား‌ရေးကို အမျိုးသမီးထုသာမက အမျိုးသားများကိုယ် တိုင် စာနာနားလည်ပြီး အကြမ်းဖက်မှုလုပ်ရပ်ကို ဆန့်ကျင်ကာ ပါဝင်လုပ်‌ဆောင်ရန်ကိုလည်း အမျိုးသမီးများအ‌ရေး လုပ် ‌ဆောင်‌နေကြသည့် အဖွဲ့အစည်းများက လိုလားလျှက်ရှိသည်။

၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ မြန်မာတိုင်းရင်းသူ အမျိုးသမီးအဖွဲ့ ၁၂ဖွဲ့ဖြင့် တည်‌ထောင်ထားသည့် WLB အဖွဲ့အ‌နေဖြင့် ၂၀၀ဝ ခုနှစ်မှ စတင်ကာ ယ‌နေ့အချိန်ထိ အစီရင်ခံစာ ၁ဝခု ထုတ်‌ဝေခဲ့သည်။

ထို့အပြင် WLB အဖွဲ့ဝင် အမျိုးသမီးများအ‌နေဖြင့်လည်း မိမိတို့‌ဒေသရှိ အမျိုးသမီးများအား နအဖ စစ်တပ်၏ ရာဇဝတ်မှု‌မြောက် သည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက် ကျူးလွန်မှုများ၊ အမျိုးသမီးများကို လိင်‌ဖျော်‌ဖြေမှုအဖြစ် အသုံးချမှုများ ပ‌ပျောက်သွား‌စေရန် သတင်းမီဒီယာများမှတဆင့် ထုတ်ပြန်‌ကြေညာချက်များနှင့် အစီရင်ခံစာတချို့ ဖြန့်‌ဝေခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် သမိုင်းတ‌လျှောက် ဖြစ်‌ပေါ်ခဲ့‌သော ကျား၊ မ ဆိုင်ရာ ခွဲခြားဆက်ဆံမှု တခုတည်းသာမကဘဲ တရားဥပ‌ဒေစိုးမိုးမှု မရှိခြင်းနှင့် စစ်တပ်အုပ်ချုပ်မှု‌ကြောင့် မြန်မာနိုင်ငံ၏ အဆင့်တိုင်း၊ ‌နေရာတိုင်းတွင် အကြမ်းဖက်မှုများကို ရင်ဆိုင်‌နေကြရသည်။

အထူးသဖြင့် တိုင်းရင်းသားနယ်‌မြေ‌ဒေသများတွင် စစ်အစိုးရတပ်မှ အာဏာရှိသူများက အကြမ်းဖက်မှုများကို နည်းမျိုးစုံ၊ ပုံစံ မျိုးစုံဖြင့် လုပ်ရိုးလုပ်စဉ်ပမာ ကျူးလွန်‌လေ့ရှိရာ အမျိုးသမီးနှင့် မိန်းက‌လေးငယ်များအ‌ပေါ် အဓမ္မပြုကျင့်မှုများကို လူ့အခွင့်အ ‌ရေး အစီရင်ခံစာများ၊ ထုတ်ပြန်‌ကြေညာချက်များမှတဆင့် အ‌ထောက်အထားများစွာ ‌တွေ့ရှိနိုင်‌ပေသည်။

၎င်းအ‌ခြေအ‌နေများအ‌ပေါ် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဝန်ထမ်းများ အပါအဝင် ပြည်ပအ‌ခြေစိုက် အဖွဲ့အစည်းများကို ထို အမှုကိစ္စများနှင့် ပတ်သက်၍ တိုင်ကြားခြင်းမပြုရန် ခြိမ်း‌ခြောက်မှုတချို့ ရှိ‌နေသည့်အတွက် မြန်မာနိုင်ငံတွင် စစ်တပ်နှင့် ၎င်းတို့ ၏လက်ကိုင်တုတ် အဖွဲ့အစည်းများ အာဏာတည်မြဲသ‌ရွေ့ မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ဘဝလုံခြုံမှုနှင့် အခွင့်အ‌ရေးများကို အပြည့်အဝ ကာကွယ်‌ပေးနိုင်မှုမှာ အတိုင်းအတာတခုအထိ ထိ‌ရောက်နိုင်မည် မဟုတ်‌ပေ။