Home ထိပ်တန်းသတင်း လုပ်သက်ရင့် ‌ဆေးဝန်ထမ်းများ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပပြီးစီး

လုပ်သက်ရင့် ‌ဆေးဝန်ထမ်းများ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပပြီးစီး

1585
ဇူလိုင်လ ၂ဝရက်၊ ‌နော်ဖြူဖြူသင်း (‌ကေအိုင်စီ)

နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့(BPHWT)မှ ၃လကြာ ကြီးမှူးဖွင့်လှစ်သည့် လုပ်သက်ရင့် ‌ဆေးဝန်ထမ်းများ မွမ်းမံ(ဉာဏ်သစ်‌လောင်း) သင်တန်းဆင်းပွဲကို ယ‌နေ့နံနက်တွင် ထိုင်း-မြန်မာနယ်စပ်တ‌နေရာတွင် ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိ ရသည်။

ပြီးခဲ့သည့် မတ်လ ၂၆ရက်‌နေ့မှစ၍ ယခုဇူလိုင်လ ၂ဝရက်‌နေ့အထိ ၃လခန့်ကြာ ဖွင့်လှစ်ခဲ့သည် အဆိုပါမွမ်းမံသင်တန်း (Senior Medic Refresher Training)တွင် ကရင်ပြည်နယ်အတွင်းမှ လုပ်ငန်းခွင် အ‌တွေ့အကြုံ ၇နှစ်နှင့်အထက်ရှိသူ ‌ဆေး ဝန်ထမ်း သင်တန်းသူ ၃ဦးနှင့် သင်တန်းသား ၂၁ဦးကို ‌ခေါ်ယူသင်တန်း‌ပေးခြင်းဖြစ်သည်။

အဆိုပါ ‌ဆေးဝန်ထမ်းများအ‌နေဖြင့် ကရင်ပြည်နယ်အတွင်းရှိ နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားများအဖွဲ့ (BPH-WT)၏ ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုလုပ်ငန်းများတွင် ကျွမ်းကျင်မှု ပိုမိုရှိလာ‌စေရန် ယခုလို သင်တန်းဖွင့်လှစ်‌ပေးရခြင်း ဖြစ်သည်ဟု သင်တန်းဖြစ်‌မြောက်‌ရေး‌ကော်မတီဝင်တဦးဖြစ်သူ ‌စောဝင်း‌ကျော်က ‌ပြောသည်။

သူက “ကျ‌နော်တို့‌ဒေသ‌တွေမှာ (Back Pack) ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု‌တွေလုပ်ပြီး လုပ်ငန်းမှာ ကျွမ်းကျင်မှု‌တွေ ပိုမို လိုု အပ်ပါတယ်။ ‌ဆေးမှူး‌တွေဟာ အ‌ခြေခံ ‌ဆေးသင်တန်းရပြီး လုပ်ငန်းခွင်ထဲမှာ ‌တောက်‌လျှောက်လုပ်‌နေခဲ့ကြတယ်။ အဲဒါ ‌ကြောင့် သူတို့ကို လုပ်ငန်းကျွမ်းကျင်မှု ပိုမိုထိ‌ရောက်လာ‌အောင် တနှစ်ကို အနည်းဆုံး တစ်ခါနှစ်ခါ‌လောက် မွမ်းမံသင်တန်း မျိုး‌တွေ လုပ်သင့်တယ်ဆိုပြီး‌တော့ ဒီသင်တန်း လုပ်တာဖြစ်တယ်။ အခုသင်တန်းမှာ လုပ်သက်နဲ့ အ‌တွေ့အကြုံ ၇နှစ်အထက် ရှိပြီးသား ‌ဆေးဝန်ထမ်း‌တွေကိုပဲ ပြန်ပြီး သင်တန်း‌ပေးတာပါ”ဟု ‌ပြောသွားသည်။

၎င်းသင်တန်းတွင် ကုသ‌ရေး‌ဆေးပညာ၊ လူထုကျန်းမာ‌ရေးနှင့် လုပ်ငန်းစီမံခန့်ခွဲမှုများကို မယ်‌တော်‌ဆေးခန်း၊ International Rescue Committee (IRC) နှင့် Shokolo Malaria Research Unit (SMRU)မှ သင်တန်းဆရာ ဆရာဝန်များက သင်ကြားပို့ ချ‌ပေးခဲ့‌ကြောင်း သိရသည်။

ဖာပွန်ခရိုင်မှ ‌ဆေးဝန်ထမ်း သင်တန်းသား ‌စောညွှန့်ဝင်းက “ဒီလိုမျိုးသင်တန်း ပြန်‌ပေးခြင်းအားဖြင့် ကျ‌နော်တို့နယ်မှာ တချို့ ဟာ‌တွေ မသိတာ‌တွေရှိတယ်။ တချို့လူ‌တွေ သင်တန်း‌တွေနဲ့ ‌လေးငါးနှစ်‌လောက် အလှမ်း‌ဝေးသွားတာ‌တွေရှိတယ်။ အခုသင် တန်း‌ပေး‌တော့ မသိတာ‌တွေ သိလာတယ်။ ‌ဆေးပညာကို တအားလည်း ကျွမ်းကျင်လာတယ်လို့ ခံစားရတယ်။”ဟု ‌ပြောသည်။

သင်တန်းသူတစ်ဦးကလည်း ယခုသင်တန်းသည် သူမအတွက် ဗဟုသုတများစွာ ရရှိပြီး မသိရ‌သေး‌သော ဘာသာရပ်များကို ဆရာ/မများ၏ သင်ကြား‌ပေးမှု‌ကြောင့် တာဝန်ကျ‌သော လုပ်ငန်းခွင်သို့ ပြန်လုပ်သည့်အချိန်တွင် များစွာ အ‌ထောက်အကူ ဖြစ် ‌စေပြီး လုပ်‌ဖော်ကိုင်ဖက်များကို်လည်း ပြန်လည်‌ဝေငှသွားနိုင်မည်ဟု ဆိုသည်။

ယခုမွမ်းမံသင်တန်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လာမည့် ‌အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်ရှိ ခရိုင်များ၊ မြို့နယ်များအတွင်း တာဝန်ထမ်း‌ဆောင်‌နေသည့် ‌ဆေးဝန်ထမ်းများကိုလည်း BPHWT မှ အလားတူ မွမ်းမံသင်တန်းများကို ‌ရေရှည်လုပ်ငန်းအဖြစ် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။