Home ထိပ်တန်းသတင်း မယ်လစခန်းတွင် တုပ်‌ကွေးဖြစ်ပွားသူ ၅၀၀‌ကျော်ပြီ

မယ်လစခန်းတွင် တုပ်‌ကွေးဖြစ်ပွားသူ ၅၀၀‌ကျော်ပြီ

1301
ဇူလိုင်လ ၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ ‌မြောက်ဘက် ၄၅ကီလိုမီတာအကွာရှိ မယ်လဒုက္ခသည်စခန်းတွင် ယခုအချိန်၌ တုပ်‌ကွေး‌ရောဂါ ဖြစ် ပွားသူဦး‌ရေ ၅၀၀‌ကျော်ရှိပြီဖြစ်‌ကြောင်း စခန်း‌ဆေးရုံတာဝန်ခံက ‌ပြောသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လဆန်းပိုင်းအထိ ‌ဆေးရုံစာရင်းမှတ်တမ်းအရ တုပ်‌ကွေးဖြစ်ပွားသူ ၅၀ဝဦးအနက် ၅ဦး ‌သေဆုံးခဲ့ သည်ဟု မယ်လစခန်း ‌ဆေးရုံတာဝန်ခံ ဆရာ‌စော‌နေစဲန်က ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ စာရင်းမှတ်တမ်းအရဆိုလို့ရှိရင် လူနာ ၅၀ဝရှိပြီ။ အဲဒီအထဲမှာ လူကြီး ၃‌ယောက်နဲ့ က‌လေး ၂‌ယောက်‌သေသွား တယ်‌ပေါ့‌နော်။ ဒီရက်ပိုင်းအတွင်းမှာလည်း ‌ခြောက်‌ယောက် ခုနှစ်‌ယောက်‌ဆေးရုံကို ပုံမှန် ‌ရောက်လာတယ်။ လူနာက အသက် တနှစ်က‌နေ အသက်ကြီးပိုင်းအရွယ်ထိ ဖြစ်ကြတယ်”ဟု ‌ပြောသည်။

စခန်းအတွင်း အသိပညာ‌ပေးသည့်ကြားက ယခုလို တုပ်‌ကွေးဖြစ်ပွားသူဦး‌ရေ များပြားလာခြင်းသည် ခြင်‌ဆေးပက်ဖြန်းမှု မထိ ‌ရောက်သည့်အပြင် စခန်းသူစခန်းသားများကလည်း ကျန်းမာ‌ရေးဆိုင်ရာ အသိပညာ နည်းပါးမှု‌ကြောင့် ဖြစ်သည်ဟု အဆိုပါ ‌ဆေးရုံအုပ်က သုံးသပ်‌ပြောဆိုသည်။

လက်ရှိအချိန်တွင် ‌ရောဂါခံစား‌နေရသူ လူနာများမှာ အ‌ခြေအ‌နေဆိုးဝါးမှု မရှိ‌သေးသည့်အတွက် မယ်လစခန်းမှ တုပ်‌ကွေး‌ရော ဂါ‌ဝေဒနာရှင်များကို စခန်းတွင်းရှိ AMI ‌ဆေးရုံအတွင်း၌ပင် ကုသ‌ပေးလျှက်ရှိ‌ကြောင်း သိရသည်။

မယ်လဒုက္ခသည်စခန်း၌ တုပ်‌ကွေး‌ရောဂါဖြစ်ပွားမှုနှုန်း များပြား‌နေ‌သော်လည်း မယ်‌တော်‌ဆေးခန်း အပါအဝင် မဲ‌ဆောက်မြို့ ‌တောင်ဘက်ရှိ အုန်းဖျန်နှင့် နို့ဖိုးဒုက္ခသည်စခန်းတို့တွင် တုပ်‌ကွေးဖြစ်ပွားမှု အနည်းငယ်သာရှိ‌ကြောင်း ၎င်းစခန်းများမှ ‌ဆေးဝန် ထမ်းများက ‌ပြောသည်။

နို့ဖိုးဒုက္ခသည်စခန်းမှ ‌ဆေးရုံတာဝန်ခံ ဆရာမ‌နော်လား‌စေးက “ကျမတို့ဘက်က‌တော့ တုပ်‌ကွေးဖြစ်တဲ့လူ တရက်ကို တ‌ယောက်နှစ်‌ယောက်‌လောက်ဆို အများဆုံးပဲ ‌တွေ့ရတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်တုန်းက‌တော့ ၂၂‌ယောက်အထိ ရှိခဲ့တယ်ဆို ‌ပေမယ့် အခု တဖြည်းဖြည်းချင်း ‌လျော့နည်းလာပြီ”ဟု ‌ပြောသည်။

တဆက်တည်းတွင် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်‌သော ဘုရားသုံးဆူနှင့် မြဝတီမြို့များအပြင် ‌ကော့ကရိတ်မြို့အတွင်း၌လည်း တုပ်‌ကွေး‌ရောဂါ အဖြစ်များ‌နေ‌ကြောင်း စုံစမ်းသိရှိရသည်။