Home ထိပ်တန်းသတင်း ဒုက္ခသည်စခန်းတွင်း စပိန်ပရိသတ်များ ‌ကျေနပ်အားရ

ဒုက္ခသည်စခန်းတွင်း စပိန်ပရိသတ်များ ‌ကျေနပ်အားရ

1575
ဇွန်လ ၁၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

‌တောင်အာဖရိကနိုင်ငံ၊ ‌ဆွေတိုမြို့ရှိ Soccer City အားကစားကွင်း၌ ယမန်‌နေ့က ကစားခဲ့သည့် ၂၀၁ဝ ခုနှစ်၊ ကမ္ဘာ့ဖလား ‌နောက်ဆုံးဗိုလ်လုပွဲတွင် စပိန်အသင်းက နယ်သာလန်အသင်းကို အနိုင်ရခဲ့သည့်အတွက် ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်စခန်းရှိ စပိန်ပရိဿတ်များ ‌ကျေနပ်အားရ‌နေကြသည်ဟု သိရသည်။

မယ်လစခန်းမှ စပိန်ပရိဿတ်တဦးဖြစ်သူ ‌စောဝင်း‌ဌေးက “ကျ‌နော်တို့ စခန်းမှာ‌တော့ အများအားဖြင့် စပိန်ကိုပဲ အား‌ပေးကြတယ်။ ကျ‌နော်လည်း စပိန်ကို အား‌ပေး တယ်။ အား‌ပေးတဲ့အတိုင်း စပိန်နိုင်တယ်။ အရမ်းဝမ်းသာတယ်။ ‌လောင်းတာ‌တော့ မရှိဘူး။ ‌နောက် စပိန်နဲ့ နယ်သာလန်ဟာ ကမ္ဘာ့ဖလားပွဲမှာ တခါမှ ဗိုလ်မစွဲခဲ့ဖူးတဲ့ အတွက် ဘယ်သူဗိုလ်စွဲမလဲဆိုတာ ကြည့်ရတာ ‌တော်‌တော်စိတ်လှုပ်ရှားဖို့ ‌ကောင်းတယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အုန်းဖျန်စခန်းမှ ‌ဘောလုံးဝါသနာရှင် လူငယ်တဦးဖြစ်သူ ‌အောင်‌ကျော်စိုးကလည်း “ကျ‌နော်တို့စခန်းမှာလည်း အားလုံးက စပိန်ကိုပဲ အား‌ပေးကြတယ်။ ဘာဖြစ်လို့လဲ ဆို‌တော့ စပိန်အသင်းဟာ လူ‌ကောင်း‌တွေများတယ်။ ‌နောက်တခုက ၂၀၀၈ခုနှစ် ဥ‌ရောပ ချန်ပီယံလည်း ဖြစ်တယ်‌လေ။ အခု ကမ္ဘာ့ဖလားပါ သူတို့ရ‌တော့ ကမ္ဘာ့အ ဆင့်(၁) ဖြစ်သွားပြီ‌ပေါ့”ဟု ‌ပြောသည်။

ဇူလိုင်လ (၁၁)ရက်‌နေ့ ထိုင်းစံ‌တော်ချိန် ၁း၃ဝနာရီအချိန်တွင် စတင်ကစားသည့် အဆိုပါပွဲသည် ကစားချိန် ၉ဝမိနစ်ပြည့်သည်အထိ တစ်ဘက်နှင့်တစ်ဘက် ဂိုးမ သွင်းနိုင်ဘဲ ‌နောက်ထပ် မိနစ် ၃ဝ အချိန်ပိုကစားခဲ့ရာ ပွဲပြီးခါနီး ၄မိနစ်အလိုတွင် စပိန်အသင်း၏ အလယ်တန်းကစားသူ အန်ဒ‌ရေ အင်နက်စတာ (Andres Iniesta) က စပိန်အသင်းအတွက် ၁ဂိုးသွင်းယူ‌ပေးခဲ့ပြီး နယ်သာလန်အသင်းကို ၁ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူကာ ကမာ္ဘ့ဖလားသမိုင်းတွင် ချန်ပီယံသစ်အဖြစ် မှတ်တိုင်သစ်စိုက်ထူ နိုင်ခဲ့သည်။

“ဒီပွဲမှာ စပိန်ကစားတာ သာမယ်ဆိုတာ သိတယ်။ ဒါ‌ပေမယ့် ကျ‌နော်က နယ်သာလန်ကို ကြိုက်တယ်။ ကစားပွဲရဲ့ ဒုတိယပိုင်းမှာ ‌ရော်ဘင်ဟာ စပိန်ဂိုးသမားနဲ့ တစ် ‌ယောက်ချင်းအ‌တွေ့မှာ အမှန်မှန်က ဝင်ရမယ်။ အဲဒီအခွင့်အ‌ရေးကို ‌ရော်ဘင် အသုံးမချနိုင်ခဲ့လို့ စပိန်က ဗိုလ်စွဲသွားတာ‌ပေါ့”ဟု နယ်သာလန် ပရိဿတ် မယ်လဒုက္ခ သည်တစ်ဦးက သုံးသပ်‌ပြောဆိုသည်။

ဒုက္ခသည်စခန်းအတွင်းရှိ ဗွီဒီယိုပြသူများက ကမ္ဘာ့ဖလား‌ဘောလုံးပွဲ လာကြည့်သူများကို ရုံဝင်ခ ထိုင်းဘတ်‌ငွေ ၅ဘတ် သတ်မှတ်ထား‌သော်လည်း လက်ဖက် ရည်ဆိုင်နှင့် ဗွီဒီယိုရုံများတွင် လူပြည့်ကြပ်‌နေသည်ဟု စခန်းတွင်း ‌ဘောလုံးဝါသနာရှင်များက ဆိုကြသည်။
အဆိုပါ ဗိုလ်လုပွဲတွင် နှစ်ဘက်စလုံး ကစားပုံကြမ်းတမ်းသည့်အတွက် ကွင်းလယ်ဒိုင်လူကြီးက နယ်သာလန်ကစားသမား ၈ဦးကို အဝါကဒ်နှင့် ၁ဦးကို အနီကဒ် ‌ပေးခဲ့ ပြီး စပိန်ကစားသမား ၅ဦးကို အဝါကဒ် ‌ပေးခဲ့သည်။
ကမ္ဘာ့ဖလား‌ဘောလုံးပြိုင်ပွဲကြီးကို ၁၉၃ဝခုနှစ်မှစ၍ ၄နှစ်တစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ် ကျင်းပခဲ့သည့် ၁၉ကြိမ်‌မြောက် ကမ္ဘာ့ဖလား‌ဘောလုံးပြိုင်ပွဲတွင် စပိန် အသင်းက ပထမဦးဆုံးအကြိမ်ဖြစ် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်ရှိ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ထမ်းဟင်နှင့် ဘန့်ဒုံ့ယမ်း၌လည်း ၂၀၁ဝ ကမ္ဘာ့‌ဘောလုံး ဖလားပွဲ ‌နောက်ဆုံးဗိုလ်လုပွဲကို ကြည့်ရှုအား ‌ပေးခဲ့ရာ စပိန်အသင်းဗိုလ်စွဲမည်ဟု ခန့်မှန်းထားခဲ့ကြ‌ကြောင်း သိရသည်။