Home ထိပ်တန်းသတင်း ဒီ‌ကေဘီ‌အေ တပ်ကြပ်ကြီးတဦး လက်နက်ခဲယမ်းများနှင့်အတူ ‌ကေအဲန်ယူထံ ပူး‌ပေါင်း

ဒီ‌ကေဘီ‌အေ တပ်ကြပ်ကြီးတဦး လက်နက်ခဲယမ်းများနှင့်အတူ ‌ကေအဲန်ယူထံ ပူး‌ပေါင်း

1440
ဇူလိုင်လ ၁၉ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ) ကလိုထူး‌ဘောဗျူဟာမှ တပ်ကြပ်ကြီးတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ‌ကော့ကရိတ်မြို့နယ်၊ ‌ဝေါ်‌လေဂွင်အ‌ခြေစိုက် ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) တပ်ရင်း (၂၀၁)ထံသို့ ယမန်‌နေ့က လာ‌ရောက်ပူး‌ပေါင်းခဲ့‌ကြောင်း သိရသည်။

ဗိုလ်မှူးကြီး ‌စောလားပွယ်ဦးစီး‌သော ဒီ‌ကေဘီ‌အေ ကလိုထူး‌ဘောဗျူဟာတွင် တပ်ကြပ်ကြီးအဆင့်ထိ တာဝန်ထမ်း‌ဆောင် ခဲ့သူ အသက် (၁၉)နှစ်အရွယ်ရှိ ‌စောဒါးညွန့်သည် နအဖစစ်အစိုးရ၏ နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေး အစီအစဉ် ‌ကြောင့် ဒီ‌ကေဘီ‌အေတပ်အတွင်း မ‌နေလိုသဖြင့် ‌ကေအဲန်အယ်လ်‌အေနှင့် လာ‌ရောက်ပူး‌ပေါင်းခြင်းဖြစ်သည်ဟု ‌ကေအဲန် အယ်လ်‌အေ (၂၀၁)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စောဘူး‌ဖောက ‌ပြောသည်။

ဒုဗိုလ်မှူးကြီး ‌စောဘူး‌ဖောက “သူတို့တပ်အတွင်းမှာ အခက်အခဲ‌တွေ ရှိ‌နေတယ်။ နယ်ခြား‌စောင့်တပ်နဲ့ ပတ်သက်ပြီး‌တော့ သူတို့တပ်အ‌နေနဲ့ စိုးရိမ်စရာ‌တွေ ရှိတယ်။ ‌ရှေ့ဆက် ဘဝရပ်တည်ဖို့က အာမခံချက် မရှိတဲ့အတွက် ကျ‌နော်တို့နဲ့ လာပူး ‌ပေါင်းတာ ဖြစ်တယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းနှင့်အတူ ပါလာသည့် လက်နက်များမှာ ကာဘိုင် ၃လက်၊ ကျည်ဆံအလုံး ၅ဝနှင့် မက္ကဇင်း ၃ခု၊ AK ၂လက်၊ ကျည်ဆံအ လုံး ၆ဝနှင့် မက္ကဇင်း ၂ခု၊ K-3 ‌မော်တာ ၁လက်၊ ကျည်ဆံ ၁၀၆လုံး၊ M-79 ကျည်ဆံ ၂၄လုံး၊ စကား‌ပြောစက်အ‌သေး ၂လုံးနှင့် သံလိုက်အိမ်‌မြှောင် ၁လုံးတို့ ဖြစ်သည်။

အလားတူ ယခုလ ၁၁ရက်‌နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉) အထူးတပ်ရင်း မှ အဖွဲ့ဝင် ၇ဦးပါရှိ‌သော တပ်စုတစုသည် လက်နက်အပြည့်အစုံဖြင့်လည်း‌ကောင်း၊ ယခုလ ၁၄ရက်‌နေ့ကလည်း ဒီ‌ကေဘီ ‌အေ တပ်မဟာ(၉၉၉)မှ တပ်ရင်း(၅)၊ တပ်ခွဲ(၄)မှ တပ်သားတဦးတို့သည် ‌ကေအဲန်ယူ တပ်မဟာ (၇)ထံသို့ လာ‌ရောက်ပူး ‌ပေါင်းခဲ့သည်။