Home ထိပ်တန်းသတင်း ဂိတ်ခွန် အဆမတန်‌တောင်းခံ၍ စက်‌လှေ ‌ပြေးဆွဲမှုနည်းပါးလာ

ဂိတ်ခွန် အဆမတန်‌တောင်းခံ၍ စက်‌လှေ ‌ပြေးဆွဲမှုနည်းပါးလာ

1773
ဇူလိုင်လ ၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ကြားရှိ ‌ဟောင်သ‌ရောမြစ်အတွင်း ‌ပြေးဆွဲ‌နေကြသည့် စက်‌လှေများ သည် တရားမဝင်ဂိတ်များအား အဆမတန် အခွန်‌ပေး‌ဆောင်ရ‌သော‌ကြောင့် ယခုရက်ပိုင်းအတွင်း စက်‌လှေ‌ပြေးဆွဲမှု နည်းပါးလာသည် ဟု ‌ဒေသခံများက ‌ပြောသည်။

‌ဟောင်သ‌ရော‌ချောင်းတွင် ‌ပြေးဆွဲ‌နေသည့် စက်‌လှေတစ်စီး

‌ဟောင်သ‌ရောမြစ်အတွင်း ‌ပြေးဆွဲ‌နေသည့် စက်‌လှေပိုင်ရှင်များနှင့် နီးစပ်သူတဦးက “အရင်နှစ်‌တွေမှာဆိုရင် တဂိတ်ကို ကျပ်တစ် ‌ထောင်ပဲ သတ်မှတ်တယ်။ အခု အဲသလိုမျိုး မဟုတ်‌တော့ဘူး။ ကုန်ပစ္စည်း ဒါမှမဟုတ် ခရီးသည်‌တွေ တင်‌ဆောင်လာတဲ့အ‌ပေါ်မှာ ကြည့်ပြီး‌တော့ ကျပ်‌လေး‌ထောင်အထိ ‌တောင်းတဲ့အချိန်ကျ‌တော့ စက်‌လှေ‌ပြေးဆွဲတဲ့သူ‌တွေလည်း တွက်‌ခြေ လုံးဝ မကိုက်‌တော့ဘူး။ အခွန်‌ဆောင်ရတာများ‌နေ‌တော့ စက်‌လှေသမားတချို့က မဆွဲကြ‌တော့ဘူး။ နားလိုက်ကြတယ်”ဟု ‌ပြောသည်။

ယခုနှစ်တွင် မိုးရွာသွန်းမှုမမှန်၍ ‌ဒေသထွက်သီးနှံများမှာ အထွက်နည်းလာ‌သော်လည်း ‌ပေး‌ဆောင်ရသည့် အခွန်မှာမူ ယခင်နှစ်ထက် တိုးမြင့်‌နေသည့်အတွက်လည်း ကုန်ကျစရိတ်များ မကာမိသဖြင့် စက်‌လှေရပ်နားထားရ‌ကြောင်း ကြိတ်‌ကျေးရွာအုပ်စုမှ စက်‌လှေပိုင်ရှင် တစ်ဦးက ယခုလို ‌ပြောသည်။

“‌ရေက ပုံမှန် အ‌နေအထား မ‌ရောက်‌သေးဘူး။ အသီးအနှံ‌တွေလည်း အရင်နှစ် ‌လောက် မထွက်ဘူး။ အခွန်က အရင်နှစ်ထက် နှစ်ဆ သုံးဆ‌လောက် ထပ်‌တောင်းတယ်။ ကျ‌နော်တို့က အလုပ်သမား‌တွေလည်း ငှားရ‌သေး တယ်ဆို‌တော့ ဆီဖိုးတို့ လူငှားခတို့ တွက်လိုက် ရင် ဘာမှ မကျန်‌တော့ဘူး။ ဒါ‌ကြောင့် ဒီတပတ်နှစ်ပတ် အ‌တောအတွင်းမှာ နားထားရတာ‌ပေါ့”ဟု သူက ဆိုသည်။

ယင်းသို့ အခွန်တိုးလာသည့်အပြင် အဆိုပါဂိတ်များမှ တာဝန်ကျ ရဲ‌ဘော်များသည် ၎င်းတို့‌တောင်းသည့် ‌ငွေပမာဏ မ‌ပေးနိုင်ပါက စက် ‌လှေကို ‌ပေးမထွက်ဘဲ အချိန်ကြန့်ကြာ‌အောင် လုပ်‌ဆောင်‌သော‌ကြောင့် ခရီးသွားများအ‌နေဖြင့် စိတ်အ‌နှောင့်အယှက်ဖြစ်ရသည်ဟု ခရီးသည်တဦးက ‌ပြောသည်။

သူက “သူတို့‌တောင်းတဲ့အတိုင်းပဲ စက်‌လှေသမား‌တွေက ‌ပေးရတယ်။ တစ်‌ထောင်‌ပေးလည်း မယူဘူး။ နှစ်‌ထောင်‌ပေးလည်း မယူဘူး။ သူတို့လိုချင်တဲ့အတိုင်း မ‌ပေးမချင်းကို ‌တောင်းတာ။ ရစ်တာက ကမ်းကုန်ပဲ။ စက်‌လှေစီးရတာ ‌တော်‌တော် စိတ်ကသိက‌အောက် ဖြစ် တယ်”ဟု ‌ပြောသည်။

ကြာအင်းဆိပ်မြို့နယ်ခွဲ ကျိုက်ဒုံမြို့မှစ၍ ‌ဟောင်သ‌ရောမြစ်စီးဆင်းရာအတိုင်း ‌ကော့ကရိတ်မြို့အထိ ယခင်နှစ်များတွင် စက်‌လှေ အ စင်း‌ပေါင်း (၃၀)ခန့်က ပုံမှန်‌ပြေးဆွဲလျှက်ရှိ‌သော်လည်း ယခုနှစ်တွင် တရားမဝင်ဂိတ်များက အဆမတန်အခွန်‌တောင်းသည့်အပြင် မြစ် ‌ရေသည်လည်း မူလအ‌နေအထားသို့ မ‌ရောက်‌သေး‌သော‌ကြောင့် ယခုအချိန်တွင် စက်‌လှေ (၁၀)စင်းခန့်သာ ‌ပြေးဆွဲလျှက်ရှိသည်ဟု သိရသည်။

‌ဟောင်သ‌ရော‌ချောင်းတ‌နေရာမှ ဒီ‌ကေဘီ‌အေဂိတ်

အဆိုပါ စက်‌လှေများသည် ခြံထွက်သီးနှံမျိုးစုံ၊ ကုန်ပစ္စည်းနှင့် ခရီးသည်တချို့သာ တင်‌ဆောင်လျှက်ရှိ‌သော‌ကြောင့် ယခုရက်ပိုင်း အတွင်း အာဏာပိုင်များက စက်‌လှေလိုင်စင်လုပ်ရန် ဖိအား‌ပေးလာသည့်အ‌ပေါ် စက်‌လှေပိုင်ရှင်အများစုက ‌ငွေ‌ကြေးအခက်ကြုံ‌နေရ သည်ဟု စက်‌လှေပိုင်ရှင်များက ‌ပြောကြသည်။

‌ကော့ကရိတ်‌ချောင်းမှစ၍ ‌ဟောင်သ‌ရောမြစ်တ‌လျှောက်တွင် ယခင်က တရားမဝင် ဂိတ်‌ပေါင်း (၆)ခုသာရှိခဲ့ရာ ယခုနှစ် ၂၀၁ဝခုနှစ် အတွင်း ‌ကော့ကရိတ်မြို့‌တောင်ဘက်ခြမ်းရှိ စက်‌လှေဆိပ်ကမ်း၌ ဂိတ်(၃)ခု ထပ်တိုးလာပြီး ထိုဂိတ်များသည် နအဖ အပါအဝင် ဒီ‌ကေ ဘီ‌အေနှင့် သုမူဟဲ ဦး‌ဆောင်သည့် ‌ဟောင်သ‌ရောအထူး‌ဒေသ ငြိမ်းချမ်း‌ရေးအဖွဲ့၊ ဗိုလ်မှူးချုပ်‌စောထိန်‌မောင် ဦး‌ဆောင်သည့် ကရင် ငြိမ်းချမ်း‌ရေး‌ကောင်စီတို့ ဖွင့်လှစ်ထား‌သော ဂိတ်များ ဖြစ်ကြသည်။