Home ထိပ်တန်းသတင်း က‌လေးငယ်များ အင်တာနက်ကို တွင်ကျယ်စွာ ကိုင်တွယ်အသုံးပြုလာ

က‌လေးငယ်များ အင်တာနက်ကို တွင်ကျယ်စွာ ကိုင်တွယ်အသုံးပြုလာ

1845
ဇူလိုင်လ ၁၉ရက်။ ‌နော်‌အောင်‌လေး (‌ကေအိုင်စီ)

ယခု‌ခေတ်တွင် အင်တာနက်အသုံးဝင်မှု ပိုမိုတွင်ကျယ်လာသည်နှင့်အမျှ လူကြီးလူငယ်များသာမက အရွယ်မ‌ရောက်‌သေး‌သော အသက် ၁ဝနှစ်နှင့် ၁၅နှစ်ကြား က‌လေးငယ်များသည်လည်း အင်တာနက်ဆိုင်များတွင် ဂိမ်းကစားရာမှ အင်တာနက်‌ပေါ်ရှိ ဂီတ၊ ဗွီဒီယိုများအပြင် ထူးခြားဆန်းကျယ်သည့် အ‌ကြောင်းအရာများကို ရှာ‌ဖွေ‌လေ့လာမှု ပိုမိုများပြားလာသည်ဟု သိရသည်။

စကင်္ာပူနိုင်ငံမှ ဆိုက်ဘာမီဒီယာတစ်ခု၏ ‌လေ့လာသုံးသပ်ချက်အရ က‌လေးငယ် ၇ဝရာခိုင်နှုန်း‌ကျော်သည် အွန်လိုင်းကို အချိန် ကြာမြင့်စွာသုံးစွဲ‌နေကြပြီး ဂိမ်း၊ ဂီတ၊ ဗီဒီယိုနှင့် ပုဂ္ဂိုလ်‌ရေးရာအား မျက်ကွယ်ပြု‌သော ‌ပြောဆိုမှုများ ပြုလုပ်လာကြ‌ကြောင်း မြန်မာ ပြည်တွင်းအ‌ခြေစိုက် Eleven media group တွင် ‌ဖော်ပြထားသည်။

ထိုင်းနိုင်ငံ‌ရောက် ကရင်အမျိုးသမီး ‌နော်‌သောသီ‌ဖေါက “ကျမ သားက ၁၁နှစ်ရှိပြီ။ အင်တာနက်က ဂိမ်းကို‌တော့ အ‌သေ ဝါသနာ ပါတယ်။ အခု‌ကျောင်းဖွင့်ချိန်ဆို‌တော့ ကျမက စ‌နေနဲ့ တနဂင်္‌နွေ‌နေ့‌တွေမှာ့ပဲ ဂိ်မ်း‌ဆော့ခွင့်‌ပေးတယ်။ အဲဒီရက်‌တွေဆို ၆နာရီ ‌လောက်ကို သူ ‌ဆော့နိုင်တယ်။ အခု‌နောက်ပိုင်းမှာ အင်တာနက်က စိတ်ဝင်စားစရာ ဥပမာ အကြီးဆုံး အ‌ဆောက်အအုံ၊ ကမ္ဘာအ ကြီးဆုုံး ‌မြွေအ‌ကြောင်း‌တွေကို လိုက်ရှာဖတ်တတ်လာတာကို ‌တွေ့ရတယ်”ဟု ‌ပြောသည်။

က‌လေးငယ်များ အင်တာနက် အသုံးပြုတတ်လာခြင်းသည် ဗဟုသုတများ ရနိုင်သလို ညစ်ညမ်း‌သော ဓါတ်ပုံများ၊ ဗီဒီယိုုများကို ကြည့်မိပြီး လမ်းမှားများနှင့် မဖြစ်သင့်‌သောအမှားများ ဖြစ်လာနိုင်ခြင်း‌ကြောင့် မိဘများက စိုးရိမ်မှုများ ရှိလာသည်။

ရန်ကုန်မြို့ခံ မိန်းက‌လေးတစ်ဦးက “ကျမ‌မောင်‌လေးက အခု ၁၄နှစ်‌လောက်ပဲ ရှိပါ‌သေးတယ်။ ကျမကို အ‌ကောင့်မှာ သူ့နာမည်နဲ့ တူတဲ့ အ‌ကောင့် Add လာလို့ ကျမတိုု့ ချက်မှာ စကား‌ပြော ဖြစ်ကြပါတယ်။ အရင်က ‌မောင်‌လေးက ဒါ‌တွေကို မသိပါဘူး။ အင် တာနက်ဆိုင်သွားပြီး ဂိမ်းနဲ့ပဲ အချိန်ကုန်‌နေတာပါ။ ကျမအံ့ဩရတာ ‌နောက်တစ်ခုရှိပါ‌သေးတယ်။ သူရဲ့ custom message မှာ “I want a beautiful girl”လို ့‌ရေးထား‌တော့ ပိုအံ့ဩမိပါတယ်”ဟု ဆိုသည်။

က‌လေးများသည် ‌ကျောင်းစာနှင့်သာ နပန်းလုံး‌နေရ‌သော‌ကြောင့် မိဘများက က‌လေးများကို အားလပ်ချိန်တွင် အင်တာနက်ဆိုင် ထိုင်၊ ဂိမ်း‌ဆော့ခွင့်‌ပေး‌လေ့ရှိသည့်အတွက် မိဘထံမှ ရရှိ‌သော မုန့်ဖိုးများကို မုန့်မဝယ်စားကြဘဲ အင်တာနက်ဆိုင် ထိုင်နိုင်ရန် ကြိုး ပမ်းလာကြသည်ဟု သိရသည်။

စကင်္ာပူခရီးသွား ကုမ္ပဏီတစ်ခု၌ ဝင်‌ရောက်လုပ်ကိုင်‌နေသူ မြန်မာအမျိုးသားတစ်ဦးက “မိဘ‌တွေက ကိုယ့်သားသမီး‌တွေကို အနီး ကပ် ပြုစု‌စောင့်‌ရှောက်လို‌ပေမဲ့ ‌ခေတ်ရဲ့ အ‌ခြေအ‌နေအရ စီးပွား‌ရေးကိုသာ လုံးပမ်း‌နေရတာ‌ကြောင့် တချို့‌နေရာ‌တွေမှာ လစ်ဟင်း တာ‌တွေရှိတယ်။ အထူးသဖြင့် ကိုယ့်က‌လေးကို ကိုယ့်ရဲ့မိသားစုကွန်ပျူတာမှာပဲ အသုံးပြု‌စေလို‌ပေမဲ့ မိဘရဲ့မျက်ကွယ်ရာမှာ က‌လေးက မပြုသင့်တဲ့ အမူအရာ‌တွေ လုပ်‌နေမယ်။ စာလုပ်‌နေတယ်လို့ ထင်ရ‌ပေမဲ့ သူစိမ်း‌တွေနဲ့ စကား‌ပြောဆို‌နေမယ်ဆိုရင် မိဘ‌တွေက ဘယ်လိုမှ သိနိုင်မယ့်ကိစ္စမျိုး မဟုတ်ပါဘူး”ဟု Eleven media group တွင် ‌ပြောခဲ့သည်။

မိဘများအ‌နေဖြင့် မိမိတို့သားသမီးများအား အွန်လိုင်း‌ပေါ်မှ ကစားကွင်းတစ်ခုသဖွယ် စိတ်‌ဖျော်‌ဖြေကစား‌နေခြင်းကို စင်ကာပူရှိ ဆိုက်ဘာမီဒီယာတစ်ခု၏ စစ်တမ်း‌ကောက်ယူချက်အရ က‌လေးငယ်များသည် လူမှု‌ရေးကွန်ယက် ဝက်ဘ်ဆိုက်ဂိမ်းများ၊ ဝက်ဘ် ဆိုက်များမှ လူစိမ်းများအား မိမိ၏ Friend အဖြစ် add လုပ်သည့်ရာခိုင်နှုန်းမှာ ၅၇ရာခိုင်နှုန်းထိရှိပြီး ယင်းမှတစ်ဆင့် ပြင်ပတွင် ‌တွေ့ဆုံရန် ပြန်လည် ကြိုးစားခြင်းမှာ ၂၆ ရာခိုင်နှုန်းထိ ရှိကြသည်ဟု သိရသည်။

“က‌လေး‌တွေက‌နေ မိဘ‌တွေရဲ့ ကိုယ်‌ရေးအချက်အလက်‌တွေကို အယုံသွင်း ‌တောင်းခံလာတာ‌တွေ‌တောင် တချို့စကင်္ာပူမိသား စု‌တွေမှာ မြင်‌တွေ့‌နေရတယ်”ဟု စကင်္ာပူ အိုင်တီလုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်‌နေ‌သော စကင်္ာပူ NTU ၌ အိုင်တီဘာသာ အထူးပြု ဒုတိယနှစ်‌ကျောင်းသား မြန်မာလူငယ်တစ်ဦးက ‌ပြောပြခဲ့သည်။

ထို့‌ကြောင့် စကင်္ာပူရှိ ဆိုက်ဘာနည်းပညာ၊ ဗိုင်းရပ်စ်ဆိုင်ရာ ကိစ္စရပ်များကို အသုံးပြုသူများဘက်မှ ကာကွယ်‌ဖြေရှင်း‌ပေး‌နေ သည့် စကင်္ာပူ အ‌ခြေစိုက် ဆိုက်ဘာကုမ္ပဏီတစ်ခုမှ မိဘများသည် မိမိတို့သားသမီးအား အွန်လိုင်း‌ပေါ်တွင် ‌ပျော်‌မွေ့စွာ‌နေထိုင် အသုံးပြု ‌နေခြင်းကို လုံခြုံစိတ်ချရမှုရှိ‌စေရန် ဝက်ဘ်ဆိုက်များ၊ ‌ဆော့ဖ်ဝဲများ၊ လင့်ခ်များမှတစ်ဆင့် ပြန်လည်စိစစ်ကာ ထိန်းချုပ်မှုများ ပြုလုပ် သင့်သည်ဟု အသိ‌ပေးခြင်းများ ပြုလုပ်ခဲ့သည်။