Home ကဗျာ ဋ္ဌာ‌နေ‌မျှော်တိုင်း ‌ဝေး‌တော့သည်

ဋ္ဌာ‌နေ‌မျှော်တိုင်း ‌ဝေး‌တော့သည်

1665

ကိုယ့်ရပ်ရွာ ကိုယ့်‌ဒေသ
မတမ်းတတဲ့သူ‌တွေ ဘယ်သူများရှိပါလဲ

ကိုယ့်‌မွေးဋ္ဌာ‌နေ
မ‌ဝေးချင်‌ပေမဲ့
အ‌ခြေအ‌နေမ‌ပေး
တပြည်တရွာက လွမ်း‌ဆွေး‌နေရတယ်‌လေ

ကြည့်လှည့်ပါအ‌ဆွေ
ဇွဲကပင်‌မြေတဲ့
ဖားစည်သံ‌ဝေတဲ့ ‌နေရာ‌လေး‌ပေါ့

စိမ်းလန်းစို‌ပြေ
ဝါ‌ရွှေ‌ရောင်စပါးခင်း
ပျံ့သင်းတဲ့ လယ်ယာ‌တွေ မြင်‌ယောင်မိပါရဲ့

‌တောသူဆို‌ပေမဲ့
တကယ့်စိတ်ရင်းဖြူ
မငြူစူတတ်တဲ့ ကရင်မ‌လေး‌တွေ
‌ပျော်တဲ့ဋ္ဌာ‌နေ‌ပေါ့

ဒါ‌ပေမဲ့
‌အေးချမ်းတဲ့ ဒီနယ်‌မြေ
ခု‌တော့
န.အ.ဖ ဒီ‌ကေဘီ‌အေ
သူတို့တ‌တွေ စိတ်တိုင်းကြ
အစိုးရ ‌နေကြတယ်‌လေ

ဘာ‌ကြေး ညာ‌ကြေး … တဲ့
လုပ်အား‌ပေးကလည်းတ‌မှောင့်
ရှင်သန်မှုရဲ့ အ‌နှောက်အယှက်‌တွေ‌ပေါ့

ရိုးစင်းစွာ ဘဝကို ထုဆစ်
အငတ်နွံထဲ မနစ်ရုံတမယ်
လှုပ်ရှားရုန်းကန်ကြရတယ်

‌အော် … ကိုယ့်ရပ်ရွာ ကိုယ့်‌ဒေသ
ရိုး‌မြေကြ‌နေချင်‌ပေမဲ့
အုပ်ချုပ်သူမ‌ကောင်းတဲ့ စနစ်‌တွေ‌ကြောင့်
ဋ္ဌာ‌နေ‌မျှော်တိုင်း‌ဝေး‌တော့သည်
‌စောဒါးဒါး (ဒုံရင်း‌မြေ)