Home ထိပ်တန်းသတင်း နှစ်နိုင်ငံ ကားပိုင်ရှင်များ တင်းမာမှု‌ကြောင့် သွားလာ‌ရေးပိတ်ပင်မှု ပုံမှန်ပြန်ဖြစ်

နှစ်နိုင်ငံ ကားပိုင်ရှင်များ တင်းမာမှု‌ကြောင့် သွားလာ‌ရေးပိတ်ပင်မှု ပုံမှန်ပြန်ဖြစ်

1606
ဇွန်လ ၁၇ရက်။ ‌နော်ဖြူဖြူသင်း (‌ကေအိုင်စီ)

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံမှ လိုင်းကားပိုင်ရှင်များ ခရီးသည်တင်‌ဆောင်မှုနှင့်ပတ်သက်၍ တင်းမာမှုဖြစ်ပွားခဲ့မှု‌ကြောင့် တရက် ‌ကျော် ပိတ်ထားခဲ့သည့် မြဝတီ-မဲ‌ဆောက် ချစ်ကြည်‌ရေးတံတားကို ယ‌နေ့ ‌နေ့လည်ပိုင်းတွင် ပုံမှန်အ‌ခြေအ‌နေအတိုင်း ပြန် လည်‌ရောက်ရှိသွားပြီဟု သိရသည်။

မြဝတီဘက်မှ မဲ‌ဆောက်မြို့ထဲသို့ ‌ပြေးဆွဲ‌နေသည့် ခရီးသည် ၇ဦးဆံ့သည့် မြန်မာဘက်မှ မှန်လုံကားမှာ လူ ၉ဦးနှင့်အထက် တင်‌ဆောင်ခြင်း‌ကြောင့် တံတားထိပ်မှ မဲ‌ဆောက်မြို့တွင်းသို့ လိုင်း‌ပြေးဆွဲ‌နေသည့် ထိုင်းကားပိုင်ရှင်နှင့် အချင်းများကာ ယမန် ‌နေ့ည‌နေက တံတား‌ပေါ်မှ နှစ်ဖက်ခရီးသည်တင်ကားများ သွားလာခွင့် ပိတ်ခဲ့ရခြင်းဖြစ်သည်။

“မ‌နေ့ကတည်းက နှစ်ဖက်အ‌ခြေအ‌နေက တင်းမာ‌နေတာ။ ဗမာဘက်က ဗျူဟာမှူးကိုယ်တိုင် တံတားမှာ လာ‌စောင့်‌နေရတယ် လို့ ကြားတာပဲ။ ဒီမနက်အထိလည်း အဆင်မ‌ပြေဘူး။ လူ‌တွေက‌တော့ သွားလာလို့ရတယ်။ ကား‌တွေက‌တော့ ဟိုဖက်ဒီဖက် လမ်းပိတ်‌နေတာ‌ပေါ့”ဟု မြဝတီမှ ကုန်သည်အမျိုးသမီးတဦးက ယမန်‌နေ့ အ‌ခြေအ‌နေကို ‌ပြောသည်။

သို့‌သော် ယ‌နေ့ ‌နေ့လည်ပိုင်းတွင် နှစ်ဖက် အပြန်အလှန် ညှိနှိုင်း‌ဆွေး‌နွေးခဲ့ကြပြီး ချစ်ကြည်‌ရေးတံတားကို ပြန်လည်ဖြတ်သန်း ခွင့်ပြုလိုက်သည့်အတွက် နှစ်နိုင်ငံ ကူးသန်းသွားလာ‌ရေး ပုံမှန် ပြန်ဖြစ်သွားခြင်းဖြစ်‌ကြောင်း သိရသည်။

မဲ‌ဆောက်မြို့သို့ ယ‌နေ့မနက် လာ‌ရောက်သည့် ကုန်သည်တဦးက “ကျ‌နော် မနက်က လာတဲ့အချိန်ထိ‌တော့ တံတား‌ပေါ်က‌နေ ကား‌တွေ သွားလာလို့ ရ‌သေးဘူး။ အခု မပြန်ခင်‌လေး မိတ်‌ဆွေကားသမားတစ်‌ယောက်က တံတားမှာ ကား‌တွေ ပြန်သွားလို့ ရ သွားပြီတဲ့”ဟု ယ‌နေ့ ‌ပြောသည်။

(မဲ‌ဆောက်-မြဝတီ တရားဝင် ကူးသန်း‌နေသည့် ချစ်ကြည်‌ရေးတံတား)

ယင်းသို့ နှစ်ဖက်သွားလာဖြတ်သန်း‌နေမှု မရှိပါက ထိုင်းဘက်ခြမ်းမှ တင်ပို့‌နေသည့် ကုန်ပစ္စည်းများ သန်းနှင့်ချီ၍ ဆုံးရှုံးမှုများရှိ ‌ကြောင်း ကုန်သည်များ၏ ‌ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ မတ်လ (၅)ရက်‌နေ့က အလားတူ မြန်မာခရီးသည်တင်ကားများ ထိုင်းဘက်ခြမ်းသို့ အကန့်အသတ်မဲ့ ဝင်ထွက်သွားလာ‌နေခြင်း‌ကြောင့် ခရီးသည်များ မရရှိ‌တော့သဖြင့် ထိုင်းခရီးသည်တင်ကားများ ၎င်းချစ်ကြည်‌ရေးတံတား‌ရှေ့ တွင် စု‌ပေါင်းဆန္ဒပြမှု ဖြစ်ပွားခဲ့‌သေးသည်။